Home သတင်း သိမ်းဆည်းခံရသည့်ကားကို ပြန်လည်ရယူမည်မဟုတ်‌ကြောင်း KNLA စစ်ဦးစီးချုပ်‌ပြောဆို

သိမ်းဆည်းခံရသည့်ကားကို ပြန်လည်ရယူမည်မဟုတ်‌ကြောင်း KNLA စစ်ဦးစီးချုပ်‌ပြောဆို

1964

ဇူလိုင် ၃ရက်၊ ၂၀၁၄ခုနှစ်။ ‌ကေအိုင်စီ

ပြီးခဲ့သည့် ဇွန်လ ၂၃ရက်‌နေ့က ရန်ကုန်တိုင်း‌ဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ ကမ္ဘာ‌အေးဘုရားလမ်းတွင် လိုင်စင်မဲ့အဖြစ် ယာဉ် ထိန်းရဲတပ်ဖွဲ့က ဖမ်းဆီးသိမ်းယူလိုက်သည့် 9E-0007 နံပါတ်ပါ TOYOTA Land Cruiser ကားကို ပြန်လည်ရယူသွားမည် မဟုတ်‌ကြောင်း KNLA စစ်ဦးစီးချုပ်နှင့် နီးစပ်သူတစ်ဦးက ‌ပြောဆိုလိုက်သည်။

မြဝတီမြို့ရှိ ‌ကေအဲန်ယူ တပ်မဟာ(၇) ဆက်ဆံ‌ရေးရုံးတာဝန်ခံ ဗိုလ်မှူး‌စော‌ဇောရိုးက “စစ်ဦးစီးချုပ်က‌တော့ ဖမ်းလည်းဖမ်းပ‌လေ့ ‌စေ။ ကားတစ်စီး‌လေးအတွက်နဲ့‌တော့ သွား‌ပြောစရာ အ‌ကြောင်းမရှိဘူး‌လေ။ လုပ်‌နေတာက တိုင်းပြည်အတွက်‌လေ။ အဲဒီကား ဟာ စစ်ဦးစီးချုပ်ရဲ့ကားဖြစ်‌ကြောင်းကို ကျ‌နော်တို့ ဆက်ဆံ‌ရေးရုံးက လက်မှတ်လုပ်‌ပေးထားတာ ရှိပါတယ်။ ကျ‌နော်တို့ ‌ကေအဲန် ယူကို ဘာမှအ‌လေးမထားပဲနဲ့ လုပ်တဲ့သ‌ဘောမျိုး‌ပေါ့ဗျာ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာပို့စ်ဂျာနယ်တွင် ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီ၏သား ‌စောဒို့စိုးမှာ ဇွန် ၂ဝရက်‌နေ့တွင် ရန်ကုန်မြို့သို့ သွား‌ရောက်ခဲ့ပြီး ဖခင်ဖြစ်သူ အတွက် နိုင်ငံကူးလက်မှတ်(passport) သွားယူသည့် ဇွန်လ ၂၃ရက်‌နေ့တွင် ယာဉ်ထိန်းရဲက လိုင်စင်မဲ့ကားဟုဆိုကာ ဖမ်းဆီးခဲ့ ပြီး ထိုကားမှာ ဖားအံမြို့ရှိ စစ်ဦးစီးချုပ်၏ ‌ဆွေမျိုးသားချင်းများက ‌ငွေကျပ်သိန်း ၇၀ဝဖြင့် ဝယ်‌ပေးခဲ့ခြင်းဖြစ်သည်ဟု ‌ဖော်ပြထား သည်။

ထိုကိစ္စနှင့်ပတ်သက်၍ မရမ်းကုန်းမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးသို့ ‌ကေအိုင်စီက ဆက်သွယ်‌မေးမြန်းရာ “လိုင်စင်မဲ့ဖြစ်လို့ ဖမ်းရ တာပါ။ ကျ‌နော်တို့က တာဝန်အရ‌တော့ လိုင်စင်မဲ့မှန်သမျှ အကုန်ဖမ်းတာပါပဲ။ အခုကားကို‌တော့ လိုင်စင်မဲ့၊ ပိုင်ရှင်မဲ့ဆိုပြီး သိမ်း ထားပါတယ်”ဟု ဝန်ထမ်းတစ်ဦးက ပြန်လည်‌ဖြေကြားခဲ့သည်။

KNLA စစ်ဦးစီးချုပ်သည် သမ္မတ ဦးသိန်းစိန်၊ ကာကွယ်‌ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်တို့နှင့် ‌တွေ့ဆုံရန် ‌နေပြည် ‌တော်သို့ သွား‌ရောက်ခဲ့စဉ်ကလည်း အဆိုပါကားကို အသုံးပြုခဲ့‌ကြောင်း သိရသည်။ ၎င်းကားကိုဖမ်းဆီးချိန်တွင် အတူပါသွား သည့် စစ်ဦးစီးချုပ်၏သားကြီး၊ ၎င်း၏အ‌ဖော်တစ်ဦးနှင့် ဒရိုင်ဘာတို့မှာ ဆက်ဆံ‌ရေးရုံးလက်မှတ် ‌ရေးသားထားသည့်အတွက် ဖမ်းဆီးခံရခြင်းမရှိ‌ကြောင်း သိရသည်။

ရန်ကုန်တိုင်း၊ မရမ်းကုန်းနှင့် အင်းစိန်မြို့နယ်တွင် ပြီးခဲ့သည့် ၂၀၁၃ခုနှစ်ကုန်ပိုင်းက အဆိုပါဆက်ဆံ‌ရေးရုံး တာဝန်ခံ၏ ‌ထောက် ခံချက်လက်မှတ် အပြည့်အစုံဖြင့် ကားများ ဝယ်ယူ‌မောင်းနှင်စီးခဲ့သူအချို့မှာလည်း လပိုင်းခန့်သာ ရန်ကုန်မြို့တွင် စီးခွင့်ရလိုက်ပြီး လက်ရှိအချိန်တွင် ရန်ကုန်တိုင်း‌ဒေသကြီး နယ်လုံဝန်ကြီး၏ အမိန့်အရ လိုင်စင်မဲ့ကားများကို ဖမ်းဆီး‌နေသည့်အတွက် ၎င်းတို့၏ ကားများကို ဂို‌ဒေါင်အတွင်း၌သာ သိမ်းဆည်းထားရ‌ကြောင်း ဝယ်ယူထားသူများ၏ ‌ပြောပြချက်များအရ သိရသည်။

မရမ်းကုန်းမြို့မှ ကားဝယ်စီးသူတစ်ဦးက “ကျ‌နော်က လူငယ်ဆို‌တော့ ကား‌ကောင်းကားသန့်‌တွေကို ကြိုက်တယ်။ ဒါနဲ့ ‌ဈေးနည်း နည်းသက်သာတဲ့ကားကို သူငယ်ချင်းတ‌ယောက်ရဲ့ ဆက်သွယ်‌ပေးမှု‌ကြောင့် ‌စောသာ့‌တောဆီက ဝယ်ဖြစ်လိုက်တယ်။ အစက ‌တော့ သွား‌နေတာပဲ။ ‌နောက်ပိုင်းကျ‌တော့ ယာဉ်ထိန်းရဲကတားပြီး စစ်‌မေးတာ‌တွေ ကြုံလာရတယ်။ အခုက‌တော့ လုံးဝ စီးခွင့်မရှိ ‌တော့ဘူး”ဟု ဆိုသည်။

ရန်ကုန်တိုင်းအတွင်း၌ ‌ကေအဲန်ယူ အပါအဝင် ‌ကေအဲန်ယူ/‌ကေအဲန်အယ်လ်‌အေ ငြိမ်းချမ်း‌ရေး‌ကောင်စီအမည်ဖြင့် ဝယ်ယူထား ခဲ့‌သော ကားဆယ်စီးခန့်ရှိခဲ့ပြီး ထိုကားများကို လိုင်စင်ကားဖြစ်‌စေရန် လုပ်‌ဆောင်သွားမှသာ တရားဝင် ‌မောင်းနှင်စီးနင်းခွင့်ရှိ ‌ကြောင်း အစိုးရဘက်က ပြန်လည်‌ပြောဆိုထားသည်ဟု ‌ကေအဲန်ယူ အသိုင်းအဝိုင်းများထံမှ သိရသည်။