Home သတင်း မီဒီယာလွတ်လပ်ခွင့် ခြိမ်း‌ခြောက်ခံ‌နေရဟု ဘီအဲန်အိုင် သ‌ဘောထားထုတ်ပြန်

မီဒီယာလွတ်လပ်ခွင့် ခြိမ်း‌ခြောက်ခံ‌နေရဟု ဘီအဲန်အိုင် သ‌ဘောထားထုတ်ပြန်

2000

ဇူလိုင် ၁၄ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

မြန်မာပြည်တွင်းရှိ ယူနတီဂျာနယ် အမှု‌ဆောင်အရာရှိချုပ် ဦးတင့်ဆန်းနှင့် သတင်း‌ထောက် ၄ဦးအား ‌ထောင်ဒဏ် ၁ဝနှစ် ချမှတ် လိုက်ခြင်းသည် သတင်းမီဒီယာလွတ်လပ်ခွင့် ခြိမ်း‌ခြောက်ခံ‌နေရခြင်းဖြစ်သည်ဟု နိုင်ငံတကာမြန်မာ့သတင်း (ဘီအဲန်အိုင်)က ဇူလိုင် ၁၂ရက်‌နေ့တွင် သ‌ဘောထား‌ကြေညာချက်တစ်‌စောင် ထုတ်ပြန်လိုက်သည်။

“၂၀၁၄ ခုနှစ် စကတည်းက အခုချိန်ထိ သတင်းသမား‌တွေကို အစိုးရက အ‌ရေးယူလိုက်၊ ‌ထောင်ချလိုက် လုပ်‌နေတာ ‌တောက် ‌လျှောက်လို ဖြစ်‌နေတယ်။ ဒီအ‌ခြေအ‌နေ‌တွေဟာ ဒီမိုက‌ရေစီလမ်း‌ကြောင်းကို ‌လျှောက်လမ်း‌နေတယ်ဆိုပြီး လွတ်လပ်စွာ သတင်းရယူမှု သတင်း‌ဖော်ထုတ်မှု‌တွေကို တိုက်ရိုက် ခြိမ်း‌ခြောက်‌နေသလို ဖြစ်တာ‌ကြောင့် ဒါကို ကန့်ကွက်တဲ့အ‌နေနဲ့ သ‌ဘော ထားထုတ်ပြန်တာ ဖြစ်တယ်”ဟု ဘီအဲန်အိုင်၏ ဖွံ့ဖြိုးတိုးတက်‌ရေးအရာရှိ နန်း‌ဖော့‌ဂေက ‌ပြောဆိုသည်။

လက်ရှိ မြန်မာအစိုးရသည် ယူနတီဂျာနယ် အမှု‌ဆောင် အရာရှိချုပ်နှင့် သတင်း‌ထောက်များကို ‌ထောင် ၁ဝနှစ် ချမှတ်လိုက်ခြင်း သည် ‌ရှေ့ဆက် သတင်းရယူသွားမယ့် မီဒီယာသမားများအတွက် သတိ‌ပေးမှု အဟန့်အတားတစ်ခုဖြစ်‌သော‌ကြောင့် ယခုလို ပြစ် ဒဏ်ချမှတ်မှုမျိုးကို လုံးဝ ပြင်ဆင်‌လျှော့‌ပေါ့သင့်‌ကြောင်း လည်း နန်း‌ဖော့‌ဂေက ဆက်လက်‌ပြောဆိုသည်။

မ‌ကွေးတိုင်း‌ဒေသကြီး၊ ‌ပေါက်မြို့နယ်ရှိ စစ်တပ်လျှို့ဝှက် လက်နက်စက်ရုံအ‌ကြောင်း သတင်း‌ရေးသား ‌ဖော်ပြမှု‌ကြောင့် ယူနတီဂျာ နယ်မှ အမှု‌ဆောင်အရာရှိချုပ်နှင့် သတင်း‌ထောက်များအား အစိုးရက (၁၉၂၃)ခုနှစ် နိုင်ငံ‌တော်လျှို့ဝှက်ချက် အက်ဥပ‌ဒေ ၃/၁ (က)ဖြင့် ၂၀၁၄ခုနှစ်၊ ဇူလိုင်(၁၀)ရက်‌နေ့က အလုပ်ကြမ်းနှင့် ‌ထောင်ဒဏ်(၁၀)နှစ်စီ ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဘီအဲန်အိုင်၏ ထုတ်ပြန်‌ကြေညာချက်အရ မြန်မာနိုင်ငံတွင် ဒီမိုက‌ရေစီပြုပြင်‌ပြောင်းလဲ‌ရေး ‌ဖော်‌ဆောင်‌နေသည်ဟု အစိုးရက ‌ပြော‌သော်လည်း ယူနတီဂျာနယ် မီဒီယာသမားများအား အုပ်ချုပ်‌ရေး အာဏာပိုင်တို့၏ စွက်ဖက်မှုဖြင့် ပြင်းထန်စွာ ‌ထောင်ဒဏ် ချမှတ်လိုက်ခြင်းမှာ သတင်း‌ထောက်များ၏ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်ကို ရိုက်ချိုးလိုက်ခြင်းဖြစ်ပြီး ယင်းလုပ်ရပ်များသည် တရားဥပ‌ဒေ စိုးမိုးမှု အပြည့်အဝ အာမခံချက် မရှိ‌ကြောင်းကိုု ‌ဖော်ညွန်း‌နေသည်ဟု ‌ဖော်ပြထားသည်။

မြန်မာပြည်တွင်းအ‌ခြေစိုက် မြန်မာဂျာနယ်လစ်ကွန်ရက်မှ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ဦးမြင့်‌ကျော်က “အခု ဒီသတင်း ‌ရေးသားမှု အပိုင်း‌တွေမှာ အချက်အလက်အားဖြင့် လွဲမှား‌ကောင်းလွဲမှားနိုင်တယ်။ ဒါ‌ပေမယ့် အဲဒါကို ပုံကြီးချဲ့ပြီး နိုင်ငံ‌တော်လျှို့ဝှက်ချက် ‌ပေါက်ကြားမှုမျိုးနဲ့ ကြီး‌လေးတဲ့ အပြစ်ဒဏ်နဲ့ချတယ်ဆိုတာ မီဒီယာကို ခြိမ်း‌ခြောက်တာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ယူနတီဂျာနယ်မှ မီဒီယာသမားများအား ‌ထောင်ဒဏ်ချမှတ်လိုက်သည့်အ‌ပေါ် ရန်ကုန်‌ရောက် သမ္မတ ဦးသိန်းစိန်ကို ဇူလိုင် ၁၂ ရက်‌နေ့က ဆန္ဒပြကြ‌သော သတင်းသမားများကို ခွင့်ပြုချက်မရှိဘဲ ဆန္ဒထုတ်‌ဖော်မှုကို ပုဒ်မ(၁၈)ဖြင့် အ‌ရေးယူရန် အစိုးရက စီစဉ်‌နေ‌ကြောင်းလည်း သတင်းဌာနအများစုတွင် ‌ဖော်ပြထားသည်။

ဘီအဲန်အိုင် ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ခိုင်မြတ်‌ကျော်ကလည်း “သတင်းနဲ့ မီဒီယာ‌တွေမှာ နိုင်ငံ‌တော်အစိုးရက ‌ထောင်ချတယ်။ ဒီလိုလုပ်တဲ့အ‌ပေါ်မှာ နိုင်ငံတကာမှာ‌ရော မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ မီဒီယာ‌တွေ‌ရော၊ ‌ဒေါ်‌အောင်ဆန်းစုကြည်တို့ အပါအဝင် နိုင်ငံ‌ရေးသမား‌တွေပါ စိုးရိမ်မှု‌တွေ ဖြစ်လာကြတယ်။ အဲဒီစိုးရိမ်မှုက ကျ‌နော်တို့နိုင်ငံ အနာဂတ်အတွက် မီဒီယာနဲ့ပတ်သက်ပြီး အလားအလာ မ‌ကောင်း‌သေးတဲ့ အ‌နေအထားမှာ ရှိ‌နေတယ်”ဟု သုံးသပ်‌ပြောဆိုသည်။

၂၀၁ဝ ‌ရွေး‌ကောက်ပွဲပြီး‌နောက် သမ္မတဦးသိန်းစိန် ဦး‌ဆောင်‌သော အစိုးရလက်ထက်တွင် သတင်းရယူရန် ကြိုးပမ်းမှု‌ကြောင့် ‌ထောင်ချအ‌ရေးယူ အပြစ်‌ပေးခံရသူ သတင်းသမားများအနက် Daily Eleven သတင်းစာမှ သတင်း‌ထောက် မခိုင်၊ DVB သတင်းဌာနမှ သတင်း‌ထောက် ကို‌အောင်‌ဖေ၊ မဇ္ဈိမသတင်း‌ထောက် ကို‌ရေချမ်းတို့ ‌ထောင်ကျခဲ့ရပြီး DVB နိုင်ငံခြားသား သတင်း‌ထောက် Angus Watson ကိုလည်း ပြည်နှင်ဒဏ်‌ပေးခဲ့သည်။

ဘီအဲန်အိုင်ကို ၂၀၁၃ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် ကချင်သတင်းဌာန၊ ကရင်သတင်းဌာန၊ ကုလားတန်သတင်းဌာန၊ သျှမ်းသံ‌တော်ဆင့် သတင်းဌာန၊ ‌ရွှေဟသင်္ာသတင်းဌာန၊ လွတ်လပ်‌သော မွန်သတင်း‌အေဂျင်စီ၊ သတင်းနှင့် မီဒီယာကွန်ယက်၊ မဇ္ဈိမ၊ ကန္တာရဝတီတိုင်း၊ ခိုနုမ်းထုန်၊ နိရဉ်စရာသတင်းဌာန၊ သံလွင်တိုင်းမ်ဂျာနယ်နှင့် ချင်း‌ဝေါလ်ဂျာနယ် စသည့် အဖွဲ့ဝင်သတင်း ဌာန ၁၃ဖွဲ့ ရှိသည်။