Home သတင်း ဖားအံမြို့နယ်တွင် ကျပ်သိန်း ၁ ‌သောင်း ငြိမ်းချမ်း‌ရေးဗိသုကာခန်းမ‌တော် တည်‌ဆောက်ရန် လုပ်‌ဆောင်‌နေ

ဖားအံမြို့နယ်တွင် ကျပ်သိန်း ၁ ‌သောင်း ငြိမ်းချမ်း‌ရေးဗိသုကာခန်းမ‌တော် တည်‌ဆောက်ရန် လုပ်‌ဆောင်‌နေ

1074

(‌တောင်က‌လေးဘုန်းကြီး‌ကျောင်း တွင် ပြုလုပ်သည့် ‌တောင်က‌လေး‌ကျောင်းသူ/သား‌ဟောင်းများ ‌ဆွေး‌နွေးပွဲ)

ဇူလိုင် ၉ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ရှိ ‌တောင်းက‌လေးဆရာ‌တော် အရှင်ပညာသာမိ ဦး‌ဆောင်၍ ‌တောင်က‌လေး ဘုန်း‌တော်ကြီးသင် ပညာ‌ရေး‌ကျောင်းမှ ‌ကျောင်းသား‌ကျောင်းသူ‌ဟောင်းများ‌ကော်မတီနှင့် စု‌ပေါင်းပြီး ကျပ်သိန်း ၁ ‌သောင်းကုန်ကျမည့် သမိုင်းဝင် ငြိမ်းချမ်း‌ရေးဗိသုကာခန်းမ‌တော် အ‌ဆောက်အဦးတစ်ခုကို ၂၀၁၅ခုနှစ်အတွင်း တည်‌ဆောက်ရန် လုပ်‌ဆောင်‌နေသည်ဟု သိရသည်။

အ‌ဆောက်အဦးကို ဖားအံမြို့နယ် ‌တောင်က‌လေး‌ကျေးရွာအနီးရှိ ရန်ကြီး‌အောင်‌တောင်‌ခြေတွင် တည်‌ဆောက်သွားရန် လျာထားပြီး အရှင်ပညာသာမိက ကျပ်သိန်း ၅ ‌ထောင်ခန့် မတည်‌ပေးမည်ဖြစ်ကာ ကျန်လိုအပ်သည့် ကျပ်သိန်း ၅ ‌ထောင်ကို ‌ကျောင်းသား‌ကျောင်းသူ‌ဟောင်းများနှင့် အခြား‌စေတနာရှင်များ ထည့်သွင်းနိုင်ရန် ဇူလိုင် ၈ရက်‌နေ့က ‌တောင်က‌လေးဘုန်‌တော်ကြီး‌ကျောင်းတွင် ယင်း‌ကျောင်းသူ ‌ကျောင်းသား‌ဟောင်းများ‌ကော်မတီမှ ‌ဆွေး‌နွေးပွဲတစ်ရပ် ကျင်းပခဲ့သည်။

‌ဆွေး‌နွေးပွဲတက်‌ရောက်ခဲ့သည့် ‌တောင်က‌လေးဘုန်း‌တော်ကြီး ပညာ‌ရေး ‌ကျောင်း၏ ‌ကျောင်းသူ ‌ကျောင်းသား‌ဟောင်းများ‌ကော်မတီ ဒုဥက္ကဌ နန်းခင်သက်မာဝင်းက “အ‌ဆောက်အဦးဖြစ်‌မြောက်ဖို့ မ‌နေ့က ကျမတို့ ‌ကျောင်းသား‌ဟောင်း‌ကော်မတီကပဲ ‌ဆွေး‌နွေး‌နေကြတယ်။ ပြီးရင် ဆရာ‌တော်ကို တင်ပြသွားမယ်။ ”ဟု နန်းခင်သက်မာဝင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်တိုင်းရင်းသားများ ယဉ်‌ကျေးမှုအ‌မွေအနှစ် အသုံးအ‌ဆောင်ပစ္စည်းများထားရှိရန်နှင့် အစည်းအ‌ဝေး ကြီးကျင်းပသည့်အခါ အသုံးပြုရန် ငြိမ်းချမ်း‌ရေးဗိသုကာ အ‌ဆောက်အဦးကို တည်‌ဆောက်မည်ဖြစ်ပြီး လက်ရှိ ‌ကျောင်းသူ‌ကျောင်းသား‌ဟောင်းဘက်မှ ကျပ် ၂၂၄ သိန်း ရရှိထားသည်ဟု နန်ခင်သက်မာဝင်းက ဆက်‌ပြောသည်။

ယမန်‌နေ့က ‌တောင်က‌လေးဘုန်း‌တော်ကြီး‌ကျောင်း၌ ပြုလုပ်သည့် ‌ကျောင်းသူ‌ကျောင်းသား‌ဟောင်းများ ‌ကော်မတီ ‌ဆွေး‌နွေးပွဲတွင် ‌ကော်မတီဝင် ၃ဝ ‌ကျော် တက်‌ရောက်ခဲ့ပြီး ငြိမ်းချမ်း‌ရေးဗိသုကာ အ‌ဆောက် အဦးဖြစ်‌မြောက်‌ရေးနှင့် ပတ်သက်၍ ည‌နေ ၇နာရီမှ ၁ဝ နာရီအထိ ‌ဆွေး‌နွေးခဲ့ကြသည်။

‌ဆွေး‌နွေးပွဲတက်‌ရောက်ခဲ့သူ ‌တောင်က‌လေး‌ကျောင်းသူ‌ဟောင်းတစ်ဦးဖြစ်သည့် ‌နော်ယုဇနဝင်းက “ကျမ ‌တော့ ‌ကျောင်းသား‌ကျောင်းသူ‌ဟောင်းအ‌နေနဲ့ ကြိုဆိုလက်ခံတယ်။ ဘာဖြစ်လဲဆိုရင် ဒီအ‌ဆောက်အဦး ပြီးရင် နိုင်ငံတကာအဆင့်ဖြစ်‌စေ၊ ပြည်နယ်အဆင့်ဖြစ်‌စေ၊ အစည်းအ‌ဝေးလုပ်နိုင်တယ်။ ဟိုတယ်တို့ အခြား ခန်းမတို့ မအားခဲ့ရင် ငှားရမ်းနှုန်းကြီးမြင့်‌သော်လည်း ပြဿနာမဖြစ်‌တော့ဘူး‌လေ”ဟု ‌ပြောသည်။

‌ဆောက်လုပ်ရန် လျာထားသည့် ငြိမ်းချမ်း‌ရေးဗိသုကာခန်းမ‌တော် အ‌ဆောက်အဦးကို ကရင်တိုင်းရင်းသား များ အထွဋ်အမြတ်ထားသည့် ဖားစည်နှင့် ကျွဲချိုပုံသဏ္ဍာန်တို့ဖြင့် တည်‌ဆောက်သွားရန် လျာထားပြီး ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က စတင်အ‌ကောင်အထည်‌ဖော်လာခဲ့ခြင်းဖြစ်‌ကြောင်း ‌တောင်က‌လေး‌ကျောင်းသူ ‌ကျောင်းသား‌ဟောင်းများက ဆိုသည်။

‌တောင်က‌လေးဘုန်း‌တော်ကြီးသင် ပညာ‌ရေး‌ကျောင်းတွင် ပညာသင်ကြားခဲ့ဖူးသည့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအပါအဝင် တက္ကသိုလ်‌အောင်မြင်သွားသည့် ‌ကျောင်းသူ‌ကျောင်းသား‌ဟောင်း များအား ကိုယ်စားပြု၍ ၂၀၁၂ ခုနှစ်တွင် ‌တောင်က‌လေးဘုန်း‌တော်ကြီးသင် ‌ကျောင်းသား‌ကျောင်းသူ ‌ဟောင်းများ ‌ကော်မတီကို ဖွဲ့စည်းခဲ့သည်ဟု သိရသည်။