Home သတင်း ထားဝယ်‌ဒေသ မြင်းခံ‌ဘော်ရွာတွင် သတ္တုတူး‌ဖော်ရန် ‌ဒေသခံများကန့်ကွက်

ထားဝယ်‌ဒေသ မြင်းခံ‌ဘော်ရွာတွင် သတ္တုတူး‌ဖော်ရန် ‌ဒေသခံများကန့်ကွက်

1823

ဇူလိုင် ၂၂ ရက်၊ ၂၀၁၄ ခုနှစ်။ စဖန်း‌ရှောင်း

တနသင်္ာရီတိုင်း‌ဒေသကြီး၊ ထားဝယ်ခရိုင်၊ ‌မေတ္တာမြို့နယ်ခွဲ၊ မြင်းခံ‌ဘော်‌ကျေးရွာတွင် ဂျပန်ကုမ္ပဏီတစ်ခု ဖြစ်သည့် Nittetsu mining co.,ltd က ခဲမဖြူနှင့် အဖြိုက်နက် သတ္တုတူး‌ဖော်မှုများ ပြုလုပ်မည်ကို ‌ဒေသခံများအ‌နေဖြင့် ကန့်ကွက်မှုများရှိ‌နေ‌ကြောင်း သိရသည်။

သတ္တုတွင်းဝန်ကြီးဌာန၊ ဝန်ကြီးရုံး (‌နေပြည်‌တော်)၏ တာဝန်‌ပေးချက်အရ ကွင်းဆင်း‌လေ့လာနိုင်ရန် ဘူမိ‌ဗေဒ ‌လေ့လာ‌ရေးနှင့် ဓာတ်သတ္တုရှာ‌ဖွေ‌ရေးဦးစီးဌာနမှ ညွန်ကြား‌ရေးမှူး ဦး‌အောင်ကြီး ဦး‌ဆောင်‌သောအဖွဲ့သည် ဇူလိုင် ၂ဝရက်‌နေ့၊ မြင်းခံ‌ဘော်‌ကျေးရွာတွင် ‌ဒေသခံကိုယ်စားလှယ် (၆၀)‌ကျော်နှင့် ‌တွေ့ဆုံမှု အပြီး ထိုသို့ ကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။

သတ္တုတူး‌ဖော်မှုများ‌ကြောင့် ‌ဒေသခံများ၏ ဥယျာဉ်ခြံ‌မြေများပျက်စီးဆုံးရှုံးနိုင်ပြီး မြစ်‌ချောင်းများ ညစ်ညမ်းသွား ပါက စိုက်ပျိုး‌ရေးနှင့် အသက်‌မွေးဝမ်း‌ကျောင်းပြုမှုအတွက် ထိခိုက်လာမည်ကို စိုးရိမ်သဖြင့် ကန့်ကွက်ခြင်း ဖြစ်‌ကြောင်း မြင်းခံ‌ဘော် ‌ဒေသခံတစ်ဦးဖြစ်သူ ‌စောဆာမျိုးမျိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“အဲဒီမိုင်းလုပ်မယ့် အထက်မြင်းခံ‌ဘော်မှာ ဥယျာဉ်ခြံ‌တွေပဲရှိတယ်။ အဲဒီကွမ်းခြံ‌တွေဟာ ထမင်းအိုး၊ ဟင်းအိုး ‌တွေပါ။ ကျ‌နော်တို့ ကရင်‌တွေဟာ ‌လျော်‌ကြေး ဘယ်‌လောက်ပဲ‌ပေး‌ပေး၊ သူများ‌တွေလို တိုးပွား‌အောင် မလုပ် တတ်ပါဘူး။ ရိုးရာအစဉ်အလာအတိုင်းပဲ လုပ်ကိုင်စား‌သောက်လာခဲ့လို့ ဖြစ်ပါတယ်”ဟု ‌စောဆာမျိုးမျိုးက ‌ပြောသည်။

ထိုသို့ ‌တွေ့ဆုံရာတွင် ‌မေတ္တာမြို့နယ်ခွဲအတွင်းရှိ ‌ညောင်တုန်း၊ မြင်းခံ‌ဘော်၊ အထက်မြင်းခံ‌ဘော်၊ က‌ထောင်းနီ (ကမူ‌သွေး)၊ ကလစ်ကြီး စသည့်‌ကျေးရွာများမှ ကိုယ်စားလှယ်များအပြင် ဘာသာ‌ရေးနှင့် ‌ကျေးရွာအုပ်ချုပ်‌ရေး ဆိုင်ရာ ပုဂ္ဂိုလ်(၁၆)ဦးမှ ‌ဒေသတွင်း ဟိန္ဒား၊ ဝကုန်း‌ကျေးရွာများတွင် သတ္တုတူး‌ဖော်မှု‌ကြောင့် ထိခိုက်‌နေမူများကို ‌ထောက်ပြ‌ပြောဆိုကြပြီး ‌ဒေသတွင်း သတ္တုတူး‌ဖော်မှုများကို ထပ်မံလုပ်ကိုင်ရန် သ‌ဘောမတူနိုင်‌ကြောင်း ၎င်းတို့ ၏ သ‌ဘောထားအမြင်များကို တင်ပြ‌ပြောဆိုခဲ့ကြ‌ကြောင်းလည်း သိရသည်။

ထို့အပြင် ၂၀၁၄ခုနှစ်၊ ဧပြီ ၃ရက်‌နေ့တွင် ပြုလုပ်သည့် ပြည်‌ထောင်စုအစိုးရအဖွဲ့၏ (၇/၂၀၁၄)အစည်းအ‌ဝေး တွင် ‌မေတ္တာမြို့နယ်ခွဲ၊ မြင်းခံ‌ဘော်‌ကျေးရွာအနီးတဝိုက်၌ အဆိုပါ ဂျပန်ကုမ္ပဏီ၏ ခဲမဖြူနှင့် အဖြိုက်နက် ဆက်စပ်သတ္တုစမ်းသပ်ရှာ‌ဖွေမှုနှင့် စမ်းသပ်တိုင်းတာ‌ရေး၊ ဖြစ်‌မြောက်‌ရေး ‌လေ့လာ‌ရေးလုပ်ငန်း‌ဆောင်ရွက်ခွင့် ‌လျှောက်ထားမှုကို သ‌ဘောတူဆုံးဖြတ်ခဲ့‌ကြောင်း သိရသည်။

သတ္တုတူး‌ဖော်‌ရေးအတွက် ဂျပန်ကုမ္ပဏီမှ ‌လျှောက်ထားသည့် ‌မြေ‌နေရာအကျယ်အဝန်းမှာ ၁၄.၃၀၆ စတုရန်း မီတာ (၃၅၃၅)ဧက အကျယ်အဝန်းရှိပြီး နှစ်ဖက်သ‌ဘောတူစာချုပ်မချုပ်မှီ ကွမ်းခြံကို အဓိကထား စိုက်ပျိုးကြ သည့် ‌ဒေသခံများ၏ သ‌ဘောထားကို သိရှိလိုသဖြင့် ယခုလို ထပ်မံ ‌တွေ့ဆုံခြင်းဖြစ်‌ကြောင်းလည်း ‌ဒေသခံများ က ‌ပြောဆိုသည်။

ယင်းသို့ ‌ဒေသခံများ၏ တင်ပြ‌ဆွေး‌နွေးမှုများနှင့်ပတ်သက်၍ ရရှိလာသည့်သ‌ဘောထားများကို သက်ဆိုင်ရာ ဌာနအသီးသီးသို့ ပြန်လည်တင်ပြ‌ပေးမည်ဟု ညွန်ကြား‌ရေးမှူး ဦး‌အောင်ကြီးက ‌ပြောဆို‌ကြောင်း ‌တွေ့ဆုံမှုတက် ‌ရောက်ခဲ့‌သော ‌ဒေသခံတစ်ဦးက ‌ပြောသည်။

အဆိုပါ ကုမ္ပဏီသည် ‌မေတ္တာမြို့နယ်ခွဲ၊ မြင်းခံ‌ဘော်‌ကျေးရွာတွင် ခဲမဖြူနှင့် အဖြိုက်နက် စသည့် သတ္တုတူး‌ဖော် မှုများ ပြုလုပ်နိုင်ရန် ‌ဒေသခံများနှင့် ‌တွေ့ဆုံမှုမှာ ယခုတစ်ကြိမ် အပါအဝင် သုံးကြိမ်ရှိပြီဖြစ်‌ကြောင်း သိရသည်။