Home သတင်း ချစ်ကြည်‌ရေးအတွက် မယ်‌တော်‌ဆေးခန်းနှင့် ထိုင်းစစ်တပ်တို့ သစ်ပင်ပန်းပင်များပူး‌ပေါင်းစိုက်ပျိုး

ချစ်ကြည်‌ရေးအတွက် မယ်‌တော်‌ဆေးခန်းနှင့် ထိုင်းစစ်တပ်တို့ သစ်ပင်ပန်းပင်များပူး‌ပေါင်းစိုက်ပျိုး

1694

ဇူလိုင် ၁၅ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ

မိမိ‌နေထိုင်သည့်‌နေရာများတွင် စိမ်းလန်းစို‌ပြေမှုရှိ‌စေရန် ရည်ရွယ်၍ ထိုင်း-မြန်မာအ‌ခြေစိုက် မယ်‌တော်‌ဆေးခန်းမှ တာဝန်ရှိသူ များ၊ ထိုင်းစစ်တပ်များနှင့် မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းသားမိဘများ ပူး‌ပေါင်းကာ ဇူလိုင် ၁၃ရက်‌နေ့က ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့တွင် ပထဦးဆုံးအကြိမ် စု‌ပေါင်းသစ်ပင်ပန်းမန်များ စိုက်ပျိုးခဲ့ကြသည်။

အဆိုပါသစ်ပင်ပန်းမန် စိုက်ပျိုးခြင်းကို မဲ‌ဆောက်မြို့ရှိ မယ်‌တော်‌ဆေးခန်း အသစ်‌ဆောက်မည့်‌နေရာနှင့် Children Develop ment Center-CDC အထက်တန်း‌ကျောင်းဝင်းအတွင်း ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ကျွန်းပင်၊ ငုဝါပင်၊ အခြားနှစ်ရှည်အပင်များ စုစု‌ပေါင်း အပင် ၂၀၀‌ကျော်ဖြစ်သည်။

CDC အထက်တန်း‌ကျောင်းအုပ် ဆရာကြီးမန်း‌ရွှေနှင်းက “သစ်ပင်စိုက်တာက ‌နေရာများများ သိပ်မရှိဘူး။ ရှိတဲ့‌နေရာ‌တွေက ကုတ်ကပ်ပြီး စိုက်ရတယ်ဆို‌တော့ ရှုခင်းဖြစ်ဖို့က‌တော့ ခက်ခဲတာ‌ပေါ့‌နော်။ ပြီး‌တော့ ‌နေတဲ့‌နေရာ‌လေးမှာ အရိပ်‌တွေရှိဖို့‌လောက် ပဲ စိုက်တာပါ။ ဒါ‌ပေမယ့် ကိုယ်ရဲ့ မြန်မာပြည်သား‌တွေ သူများနိုင်ငံမှာ ‌ရောက်တာ။ ဒီလိုသူတို့‌တွေနဲ့ ပူး‌ပေါင်းပါဝင် ‌ဆောင်ရွက် ခြင်းအားဖြင့် ‌ကောင်းတာ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းသစ်ပင်စိုက်ပွဲတွင် ထိုင်းစစ်တပ်မှ တပ်သား ၅ဝနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ မယ်‌တော်‌ဆေးခန်းတာဝန်ခံ ‌ဒေါက်တာစင် သီယာ‌မောင်နှင့် ‌ဆေးခန်းတာဝန်ရှိသူများ၊ CDC ‌ကျောင်းမှ ‌ကျောင်းသားမိဘများနှင့် မယ်‌တော်‌ဆေးခန်း‌နေရာသစ် ‌ဆောက် လုပ်သည့် ‌မြေ‌နေရာအလှူရှင်များ တက်‌ရောက်ခဲ့ကြသည်ဟု သိရသည်။

မဲ‌ဆောက်‌ဒေသရှိ ထိုင်းအစိုးရ သက်ဆိုင်ရာတာဝန်ရှိသူများ၊ နယ်စပ်အ‌ခြေစိုက် မယ်‌တော်‌ဆေးခန်းရှိ တာဝန်ရှိသူများနှင့် မြန်မာ ‌ရွှေ့‌ပြောင်း‌ကျောင်းသားမိဘများ ပူး‌ပေါင်း၍ ယခုလို စု‌ပေါင်းသစ်ပင်စိုက်ပျိုးသည်မှာ ချစ်ကြည်‌ရေးအတွက် အကျိုးရှိ‌ကြောင်း သစ်ပင်စိုက်ပွဲသို့ တက်‌ရောက်ခဲ့ကြသည့် ‌ရွှေ့‌ပြောင်းမြန်မာ‌ကျောင်းသားများ၏ မိဘများက ‌ပြောဆိုသည်။

ယခုလို ပူး‌ပေါင်းစိုက်ပျိုးခြင်းအားဖြင့် ‌နောက်‌နောင်တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစို‌ပြေ‌ရေး၊ လူမှု‌ရေးများအပိုင်းများတွင် ပူး‌ပေါင်းပါဝင်ရန်လည်း အာဏာပိုင်များက ကြိုတင်ကမ်းလှမ်းထား‌ကြောင်း မယ်‌တော်‌ဆေးခန်းတာဝန်ရှိသူများက ‌ပြောဆိုသည်။