Home တွေ့ဆုံမေးမြန်းခန်း ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူ ဥက္ကဌ‌ဟောင်း ဗိုလ်ချုပ်ကြီး‌စောတာမလာ‌ဘော၏ ‌နောက်ဆုံးခရီးအတွက် ‌ခေါင်း‌ဆောင်အချို့၏ အမှတ်တရဂုဏ်ပြုစကားများ

ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူ ဥက္ကဌ‌ဟောင်း ဗိုလ်ချုပ်ကြီး‌စောတာမလာ‌ဘော၏ ‌နောက်ဆုံးခရီးအတွက် ‌ခေါင်း‌ဆောင်အချို့၏ အမှတ်တရဂုဏ်ပြုစကားများ

1879

ခွန်ဥက္ကာ (ပအိုဝ့်အမျိုးသားလွတ်‌မြောက်‌ရေးအဖွဲ့အစည်း နာယက)

DSC_0369
ဗိုလ်ချုပ်ကြီး‌စောတာမလာ‌ဘောဟာ ‌တော်လှန်‌ရေးအတွက် သူကိုယ်တိုင်‌ကော၊ သူ့မိသားစု‌ကော ‌ပေးပစ်ဖို့ ပုံအပ်ခဲ့တယ်။ တကယ့် ကိုယ်ကျိုးစွန့် အနစ်နာခံတဲ့ Mr. Clean ‌ပေါ့ဗျာ။ အဲဒီလို ‌တော်လှန်‌ရေးသမားမျိုး ဖြစ်တယ်။ သူနဲ့ ပတ်သက်ပြီး ကျ‌နော့် တစ်ဦးတည်းအ‌နေနဲ့‌ပေါ့‌လေ။ မဟာမိတ်ထက်ကို ပိုပါတယ်။ သူနဲ့ ဆက်ဆံ‌ရေးက တခါတ‌လေ သူက ဥက္ကဌ၊ ကျ‌နော်က အတွင်း‌ရေးမှူး။ တခါတ‌လေ သူက အဖိုး၊ ကျ‌နော်တို့က‌တော့ ‌မြေး‌ပေါ့။ ပုံစံမျိုးစုံနဲ့ ကျ‌နော်တို့မှာ ဆက်ဆံမှုရှိပါတယ်။ အထူးသ ဖြင့် အခု မ‌နေ့တ‌နေ့က ‌နေပြီး‌တော့ ကျ‌နော်တို့ ပြည်တွင်းကို သွားပြီး‌တော့ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ‌တွေ စလုပ်တယ်။ အပစ်အခတ် ရပ်စဲ‌ရေး‌တွေ စလုပ်တယ်။ စလုပ်တယ်ဆိုတာနဲ့ သူ့ဆီက အကြံဉာဏ်‌တွေ၊ အဆုံးအမ‌တွေ အမြဲတမ်းရတယ်။ လမ်းမမှားဖို့ ‌ထောင်‌ချောက်ထဲ မကျဖို့၊ အရမ်းမ‌လျှော့ဖို့၊ ပါးပါးနပ်နပ် လုပ်ဖို့ အမြဲတမ်း ဆုံးမတယ်။ ကျ‌နော်တို့ နိုင်ငံ‌ရေးအရ မှားမယ်။ နိုင်ငံ ‌ရေး ‌ထောင်‌ချောက်ထဲကိုကျမှာက သူသိပ်‌ကြောက်တယ်။ ‌ကြောက်‌တော့ ကျ‌နော်တို့ ‌ရှေ့တန်းသွားပြီး‌တော့ ‌ဆွေး‌နွေးတယ်။ ‌နောက်တန်းက‌နေပြီး‌တော့ အမြဲတမ်း ပံ့ပိုး‌ပေး‌နေတယ်။ မျက်‌ခြေမပြတ် ‌စောင့်ကြည့်‌နေတယ်။ အဲဒီအိပ်ရာထဲက‌တောင် ‌စောင့် ကြည့်‌နေတယ်။ အချိန်ရတာနဲ့ ကျ‌နော်တို့ကို ဖုန်းဆက်တယ်၊ သူ့အိမ်လာဖို့ ဖိတ်တယ်။ ဒါ‌ကြောင့် သူ့အိမ်ကို အချိန်ရတာနဲ့ သွား ကြတယ်။ သူ့ကို စ‌တွေ့တာက‌တော့ ၁၉၇၅ခုနှစ်မှာပါ။ ‌နောက်ဆုံး‌တွေ့တာက‌တော့ ၂၀၁၄ခုနှစ်၊ ဧပြီ ၁၄ရက် မှာ သူ့အိမ်မှာ သူနဲ့ ‌နောက်ဆုံး‌တွေ့တယ်။ သူနဲ့ နှစ် ၄ဝနီးပါး ‌တွေ့ကြတယ်ဆို‌တော့ သူက ‌တော်လှန်‌ရေးနဲ့ ကျ‌နော်တို့နဲ့ မျက်‌ခြေမပြတ်ဘူး။
ဒါ‌ကြောင့် ‌တော်လှန်‌ရေးသမား‌ကောင်းလို့ ‌ပြောတာ အဲဒါ‌ပေါ့။ ‌တော်လှန်‌ရေးထဲက ဘာအကျိုးအမြတ်မှ မယူဘူး။ အဲဒါက အင်မ တန် သန့်ရှင်းတဲ့ ကိုယ်ကျိုးစွန့်‌တော့ ‌ခေါင်း‌ဆောင်ကြီး‌ပေါ့။ သူ့ရဲ့ ‌နောက်ဆုံးခရီးစဉ်မှာ ကျ‌နော်‌ပြောချင်တာက‌တော့ တိုက်ပွဲက မပြီး‌သေးဘူး။ လမ်းတဝက်ပဲဆို‌တော့ ကျ‌နော်တို့ ဆက်တိုက်ရ မယ်။ ‌နောက်ပြီး သူလမ်းညွှန်ခဲ့တာ ရှိတယ်။ အမျိုးသားတန်းတူ ‌ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖက်ဒရယ် ပြည်‌ထောင်စု တည် ‌ဆောက်‌ရေး‌ပေါ့။ လမ်းညွှန်တဲ့အတိုင်းကို အသက်ရှင်သ‌ရွေ့‌တော့ ဆက်တိုက်သွားမယ်။ ‌တော်လှန်‌ရေး သူရဲ‌ကောင်းတစ်ဦးရဲ့ နည်းကို ကျ‌နော်တို့ လိုက်ရမှာပဲ။ မပြီး‌သေးတဲ့ ‌တော်လှန်‌ရေးခရီးမှာ နိုင်ငံ‌ရေးအရလည်း တိုက်မယ်။ စစ်‌ရေးအရလည်း တွန်းလှန်မယ်။ ဒါ ကျ‌နော်တို့ ဆက်လုပ်မှာပဲ။

မန်း‌ရောဘတ်ဘဇန် (အ‌မေရိကန်‌ရောက် မင်နီဆိုးတား ကရင်အဖွဲ့အစည်း နာယက)

DSC_0092ပထမအ‌နေနဲ့ ဥက္ကဌကြီး တာမလာ‌ဘော အခုလို ကွယ်လွန်သွားတာ တန်ဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှုတစ်ရပ်လို့ ခံယူတယ်။ ဥက္ကဌ ကြီးဟာ အသက်ဝိညာဉ် ခွန်အား မရှိ‌တော့‌ပေမယ့် သူ့ရဲ့‌တော်လှန်‌ရေးစိတ်ဓာတ်က အမြဲရှင်သန်‌နေတယ်။ ဥက္ကဌ ‌စောတာမလာ ‌ဘော အများကြီး ‌မွေးဖွား‌ပေး‌နေတယ်။ သူ့ရဲ့ အ‌တွေးအ‌ခေါ်နဲ့ ခံယူချက်‌တွေဟာ မျိုးဆက်သစ်တိုင်းမှာ ရှိတယ်။ အဲဒီ‌တော့ ဥက္ကဌ ကြီးဟာ ဘယ်‌တော့မှ မ‌ပျောက်ကွယ်သွားဘူး။ ကရင်ပြည်ရတဲ့အထိ သူ့ရဲ့စိတ်ဓာတ်ကို ထိန်းသိမ်းသွားမယ်။ ဒါ အ‌မေရိကန်မှာ ‌ရောက်‌နေတဲ့ ကရင်‌တွေရဲ့ ခံယူထားတဲ့ သ‌ဘောထား‌တွေပဲ။
‌နောက်တစ်ခုက ဥက္ကဌကြီးရဲ့ ကိုယ်ကျိုးစွန့်မှု၊ အနစ်နာခံမှုနဲ့ ရန်သူအ‌ပေါ်မှာ ပြတ်သားမှုကို ထာဝရ အ‌လေးပြုသွားမယ်။ ဒါ့အ ပြင် သူ့ရဲ့ မပြီးဆုံး‌သေးတဲ့ ‌တော်လှန်‌ရေးခရီးကို ‌အောင်ပွဲရတဲ့အထိ ကျ‌နော်တို့ ဆက်လက်ထမ်း‌ဆောင်မယ်။ ‌အောင်ပွဲ မရမချင်း ဆက်တိုက်မယ်။ ဆုံးခန်းတိုင်‌အောင် ဆက်တိုက်မယ်။

နိုင်ဟံသာ (မွန်ပြည်သစ်ပါတီ ဒုတိယ ဥက္ကဌ)

DSC_0284ကျ‌နော်တို့ ‌တော်‌တော်‌လေးကို စိတ်မ‌ကောင်းပါဘူး။ သူ့လို ‌တော်လှန်‌ရေးအ‌ပေါ်မှာ ဘဝကို နစ်မြုပ်ပြီး‌တော့ ဘဝတစ်‌လျှောက် လုံးမှာ အိုတဲ့အထိ၊ ‌နောက်ဆုံး ကွယ်လွန်တဲ့အထိ တာဝန်ထမ်း‌ဆောင်တဲ့အ‌ပေါ်မှာ ကျ‌နော်တို့ ‌တော်လှန်‌ရေး ရဲ‌ဘော်ရဲဘက် ‌တွေ အားလုံး ဂုဏ်ယူဖို့ သင့်တယ်။ သူ့ကို သမိုင်းမှတ်တမ်းတင်သင့်တယ်လို့ ကျ‌နော်အဲလိုပဲ ‌ပြောချင်တယ်။
တစ်ခုထပ်‌ပြောရမယ်ဆိုရင်‌တော့ ကျ‌နော်တို့ ကျန်တဲ့‌တော်လှန်‌ရေးသမား‌တွေဟာ သူခင်းထားတဲ့ လမ်း‌ပေါ်မှာ ဆက်‌လျှောက် သွားဖို့‌တော့ လိုတယ်။ သူ‌မျှော်လင့်ထားတဲ့ ပန်းတိုင်‌ရောက်တဲ့အထိကို ကျ‌နော်တို့က ဇွဲရှိရှိနဲ့ လုပ်သွားမယ်။ သူ့အ‌ပေါ်မှာ သစ္စာ ရှိရင်၊ ‌လေးစားရင် ‌အောင်ပွဲရတဲ့အထိ ဆက်လုပ်သွားဖို့ လိုတယ်လို့ ‌ပြောချင်တယ်။