Home သတင်း KNU နှင့် ကရင်လူမှုအဖွဲ့များကို အ‌မေရိကန် လက်‌ထောက်နိုင်ငံခြား‌ရေးဝန်ကြီး ‌တွေ့ဆုံ

KNU နှင့် ကရင်လူမှုအဖွဲ့များကို အ‌မေရိကန် လက်‌ထောက်နိုင်ငံခြား‌ရေးဝန်ကြီး ‌တွေ့ဆုံ

1362

ဇွန် ၂၅ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

အ‌မေရိကန်နိုင်ငံခြား‌ရေးဝန်ကြီဌာန လက်‌ထောက်နိုင်ငံခြား‌ရေးဝန်ကြီးဖြစ်သူ Mr. Tom Malinowski နှင့် အဖွဲ့ဝင် ၇ဦးသည် ကရင်ပြည်နယ်ခရီးစဉ်အဖြစ် ဇွန်လ ၂၃ရက်‌နေ့က ဖားအံမြို့သို့ လာ‌ရောက်ခဲ့ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU) ‌ခေါင်း ‌ဆောင်အချို့နှင့် ကရင်လူမှုအဖွဲ့အစည်းများကို ဇွဲကပင်ဟိုတယ်တွင် ‌တွေ့ဆုံခဲ့သည်။

ယင်းသို့ ‌တွေ့ဆုံရာတွင် KNU ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီဝင်တစ်ဦးဖြစ်သူ ပဒို‌စောတာဒိုမူး၊ ဖားအံဆက်ဆံ‌ရေးရုံး တာ ဝန်ခံ ဗိုလ်မှူး‌စောရှီးရှို အပါအဝင် ‌ခေါင်း‌ဆောင်အချို့ကို ‌တွေ့ဆုံပြီး‌နောက် ဖားအံမြို့ရှိ ကရင်အမျိုးသမီးများဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့ (KWEG)၊ ကရင်ဖွံ့ဖြိုးတိုးတက်‌ရေးကွန်ယက်(KDN)၊ အမျိုးသမီးအဖွဲ့များကွန်ရက်-မြန်မာ(WON) နှင့် နယ်စပ်အ‌ခြေစိုက် ကရင် လူမှုအဖွဲ့အစည်းများဖြစ်သည့်(KDHW)၊ နယ်လှည့်‌ကျောပိုးအိတ်ကျန်းမာ‌ရေးလုပ်သားများအဖွဲ့(BPHWT) စသည့်အဖွဲ့များကို ၁နာရီခွဲကြာ ‌တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

KNU နှင့် ‌တွေ့ဆုံရာ၌ အ‌မေရိကန် လက်‌ထောက်နိုင်ငံခြား‌ရေးဝန်ကြီး Mr. Tom Malinowski က လက်ရှိ လုပ်‌ဆောင်‌နေ‌သော ငြိမ်းချမ်း‌ရေးဖြစ်စဉ်များ၊ အမျိုးသားပြန်လည်သင့်မြတ်‌ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ၊ မူးယစ်‌ဆေးဝါးကိစ္စများကို ‌မေးမြန်းခဲ့‌ကြောင်း ‌တွေ့ဆုံမှုတွင် ပါဝင်ခဲ့သူ ပဒို‌စောတာဒိုမူးက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“သူတို့‌မေးမြန်း‌ဆွေး‌နွေးဖြစ်တာက ငြိမ်းချမ်း‌ရေးဖြစ်စဉ်အ‌ပေါ် KNU သ‌ဘောထား၊ သတ္တုတူး‌ဖော်‌ရေးကိစ္စ၊ မူးယစ်‌ဆေးဝါးအ‌ခြေ အ‌နေ အဲဒီသုံးခုကို အဓိကထား‌မေးမြန်းပြီး ‌ဆွေး‌နွေးဖြစ်ခဲ့တယ်”ဟု ပဒို‌စောတာဒိုမူးက ‌ပြောဆိုသည်။

ထို့အပြင် KNU ဘက်မှ ၎င်းတို့၏ သ‌ဘောထားများနှင့်ပတ်သက်၍ အ‌မေရိကန် လက်‌ထောက်နိုင်ငံခြား‌ရေး ဝန်ကြီးနှင့်အဖွဲ့အား အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်း‌ရေးရမှသာ ဖွံ့ဖြိုး‌ရေးလုပ်ငန်းများ ဆက်လက်လုပ်‌ဆောင်ရမည်ဖြစ်‌ကြောင်း၊ ကရင်ပြည်နယ်အ တွင်း ကြီးထွားလာ‌နေ‌သော မူးယစ်‌ဆေးဝါးပြဿနာအ‌ပေါ် ကရင်လက်နက်ကိုင်အဖွဲ့များ စု‌ပေါင်းကာ ဖြည်းဖြည်းချင်း ကိုင်တွယ် ‌ဖြေရှင်းသွားမည်ဖြစ်‌ကြောင်းတို့ကို ပြန်လည်ရှင်းပြဖြစ်ခဲ့သည်ဟု ၎င်းက ဆက်‌ပြောသည်။

လက်‌ထောက်နိုင်ငံခြား‌ရေး ဝန်ကြီးနှင့်အဖွဲ့အား ‌တွေ့ဆုံခွင့်ရခဲ့သူ လူမှုအဖွဲ့အစည်းများထဲမှ KDN ၏ ကရင်ပြည်နယ် တာဝန်ခံ ‌စော‌ကျော်စွာကလည်း “ကျ‌နော်တို့က‌တော့ ငြိမ်းချမ်း‌ရေးရမှ ဖွံ့ဖြိုး‌ရေးလုပ်သင့်တဲ့အ‌ကြောင်း ‌ပြောတယ်။ အပစ်အခတ်ရပ်စဲ‌ရေး ကာလမှာ ဖွံ့ဖြိုး‌ရေးလုပ်မယ်ဆိုလည်း ပြည်သူကို ပွင့်ပွင့်လင်းလင်း အသိ‌ပေးချပြသင့်တယ်။ အဲဒါ‌တွေ ကျ‌နော်တို့ ‌ပြောတယ်။ ‌နောက် အခုလို‌တွေ့ရတာ သူတို့အ‌နေနဲ့ တချို့ကိစ္စ‌တွေကို အ‌ခြေအ‌နေမှန် သိသွားတဲ့အတွက် အကျိုးရှိမယ်လို့ ထင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အ‌မေရိကန် လက်‌ထောက်နိုင်ငံခြား‌ရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်မှာ ဇွန် ၂၂ရက်‌နေ့မှ ၂၈ရက်‌နေ့အထိ ကြာမြင့်မည်ဖြစ်ပြီး လက်ရှိ ခရီးစဉ်အတွင်း ရန်ကုန်၊ ‌နေပြည်‌တော်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် စသည်တို့တွင် အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်များ၊ တပ်မ ‌တော်အရာရှိကြီးများ၊ နိုင်ငံ‌ရေး‌ခေါင်း‌ဆောင်များ၊ တိုင်းရင်းသား‌ခေါင်း‌ဆောင်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့်လည်း ‌တွေ့ ဆုံခဲ့ကြသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ လကုန်ပိုင်းကလည်း အ‌မေရိကန် နိုင်ငံခြား‌ရေး ဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်သည် သုံးရက်ကြာခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာ‌ရောက်ခဲ့ပြီးဖြစ်သည်။