Home တွေ့ဆုံမေးမြန်းခန်း ကရင်အမျိုးသားစည်းလုံးညီညွှတ်မှု နှီး‌နှောဖလှယ်ပွဲနဲ့ သူတို့အမြင်

ကရင်အမျိုးသားစည်းလုံးညီညွှတ်မှု နှီး‌နှောဖလှယ်ပွဲနဲ့ သူတို့အမြင်

2497

မန်း‌ရောဘတ်ဘဇန် (အ‌မေရိကန်နိုင်ငံ၊ မင်နီဆိုးတားပြည်နယ်)

စည်းလုံးညီညွှတ်မှုက ကရင့်လူအဖွဲ့အစည်းက အမျိုးမျိုးဖြစ်‌နေတာကိုး။ မျိုးနွယ်စုအရလည်းကွဲ။ ဘာသာ‌ရေးအရလည်းကွဲ။ ‌ဒေသအရလည်းကွဲ‌နေ‌တော့ ခပ်မြန်မြန်စုနိုင်ဖို့ ခက်ခဲပါ‌သေးတယ်။ ဘုံလုပ်ငန်းစဉ်‌တွေကို တက်ညီလက်ညီ ဝိုင်းလုပ်ကြရင် ရနိုင် ပါတယ်။ အခုဟာ လက်နက်ကိုင်တပ်‌တွေက ဥပမာဆိုလို့ရှိရင် ဘီဂျီအက်ဖ်က ရဲ‌ဘော်‌တွေ။ ဒီ‌ကေဘီ‌အေက ရဲ‌ဘော်‌တွေ ‌တော် ‌တော်‌ကောင်းတဲ့ လက္ခဏာပါ။ အမျိုးသားညီညွတ်‌ရေး လိုချင်တဲ့ပုံ‌ပေါ်တယ်။ ဟိုနှစ် ကျ‌နော်တက်ခဲ့တဲ့အချိန်က မ‌တွေ့ရဘူး။ အခု‌တွေ့ရ‌တော့ တကယ့် ညီအစ်ကို‌တွေ ပြန်‌တွေ့ရသလိုပဲ။ ကျ‌နော်ဝမ်းသာတယ်။ ဒါက ကရင့်အ‌ရေးနဲ့ ကရင်‌တွေ အန္တရာယ်ရှိ လာရင် ကာကွယ်မယ့်တပ်ဖွဲ့‌တွေလို့ ကျ‌နော်ယုံကြည်တယ်။ ကရင်ကို ‌ခွေးကရင်၊ ကရင်ပုပ်လို့ဆိုရင် နာတယ်ဗျ။ အဲ‌တော့ ကရင် ကိုပြန်ပြီး စစ်တိုက်လာပြီဆိုရင် ဝိုင်းချမှာ ‌သေချာတယ်။ စည်းလုံးဖို့အတွက် ကျ‌နော်မြင်တာက မိခင်က သားသမီး‌တွေ တင်ပြတဲ့ အချက်ကို အ‌လေးအနက်ထားရင်‌တော့ ‌ကောင်းတာ‌ပေါ့။ အဲဒါကို မိခင်စိတ်ဓာတ်နဲ့ ဝိုင်းလုပ်‌ပေးလိုက်ရင် ကရင်တမျိုးသားလုံး ဒီအလံ‌တော်‌အောက်ကို ‌ရောက်လာမယ်။ မိခင်စိတ် မ‌မွေးဘဲနဲ့ မိ‌ထွေးစိတ် ‌မွေးရင်‌တော့ မလွယ်ဘူး။ ယူနတီဘယ်‌လောက်ပဲ လုပ်လုပ် အချိန်‌နောက်ထပ် တစ်ရာလုပ်လည်း Divide ဖြစ်မှာပဲ။ တကယ်‌တော့ မိခင်ပီသတဲ့ တကယ့်မိခင်ဖြစ်ဖို့ ကျ‌နော်တို့ လိုလားတယ်။
‌နောက်တစ်ခုက အပစ်ခတ်ရပ်စဲ‌ရေးလုပ်‌နေတာ ၂နှစ်‌ကျော်ပြီ။ ဘာမှမရဘူး။ အဲဒီ‌တော့ Time Frame သတ်မှတ်‌ပေးပါ။ အနှစ် ၆ဝဖြစ်တဲ့ ငြိမ်းချမ်း‌ရေးကြီးဟာ တနှစ်၊ ၂နှစ်နဲ့ မရနိုင်ဘူး။ ဒီအပစ်ခတ်ရပ်စဲ‌ရေးအတွင်းမှာ ရန်သူက အများကြီးအမြတ်ထွက် သွားတယ်။ ကျ‌နော်တို့က လက်မှတ်ထိုးလိုက်တာနဲ့ ‌ဒေါ်‌အောင်ဆန်းစုကြည်က လွှတ်‌တော်ထဲဝင်မယ်ဆိုတာနဲ့၊ လက်မှတ်ထိုး တာနဲ့ဆို‌တော့ သိန်းစိန်ဆိုရင် အာစီယံဥက္ကဌ‌တောင် ဖြစ်သွားပြီ။ Sanction ‌တွေ ရပ်လိုက်တယ်။ အရင်းအနှီး‌တွေ လှိမ့်ဝင်လာ တယ်ဗျ။ သန်းနဲ့ချီပြီး‌တော့ အများကြီး အကျိုးရှိတယ်။ ‌နောက်ပြီး‌တော့ ကမ္ဘာ့ဘဏ်ကလည်း အ‌ကြွေး‌တွေ ‌ချေလိုက်တယ်ဗျ။ အစက စစ်အာဏာရှင်‌တွေ၊ လူသတ်သမား‌တွေဆိုပြီး‌တော့ ဝိုင်းပယ်ထားတာ အခု လူရာသွင်းပြီး‌တော့ ဘုံတင်‌ပေးသလို ဖြစ် သွားတာ‌ပေါ့။ အဲဒါကျ‌နော်တို့က လက်မှတ်ထိုး‌ပေးတယ်ဆိုတာ အကျိုးရှိ‌အောင်လုပ်ရမှာဗျ။ ‌အောင်ဆန်းစုကြည်ကလည်း လက် မှတ်ထိုးပြီး လွှတ်‌တော်ထဲဝင်တာနဲ့ ‌ထောင်‌ချောက်ထဲဝင်ပြီး‌လေ။ အ‌ပြောင်းအလဲလုပ်တာ အ‌ပေါင်းလက္ခဏာဘက်ကို တကယ် ‌ပြောင်းလဲရင် ကြိုဆိုမယ်။ ဒီအစိုးရက ၂၀၀၈ကြီးနဲ့ ကျ‌နော်တို့ကို ကာထားပြီး‌တော့ ဒီထဲကိုဝင်သွားပြီဆိုရင် ကရင့်အခွင့်အ‌ရေး ဟာ မစဉ်းစားနဲ့။ မရဘူး။ ကျွန်ပဲ ဆက်ဖြစ်မှာပဲ။
ဒီအပစ်ရပ်‌ရေးနဲ့ပတ်သက်ပြီး တိုက်တွန်းချင်တာက အပစ်ခတ်ရပ်စဲ‌ရေးဆိုတာ နည်းဗျူဟာ တိုက်နည်းတစ်ခုပဲ။ ကျ‌နော်တို့ မဟာဗျူဟာလမ်း‌ကြောင်းဖြစ်တဲ့ ကရင်ပြည်‌ပေါ့ဗျာ။ ကရင်ပြည်နဲ့ ဖက်ဒရယ်ပြည်‌ထောင်စုနဲ့ ထာဝရငြိမ်းချမ်း‌ရေးကို အ‌ထောက် အကူပြုတဲ့ဟာ‌လေးပဲ ဖြစ်ရမယ်။ အဓိက မဟာဗျူဟာထဲကို မတင်ဖို့ လိုတယ်။ ကရင်တမျိုးသားလုံးကလည်း အမိ ‌ကေအဲန်ယူ ကို ဝိုင်းရံကြရမယ်။ ကျ‌နော်တို့ကလည်း ဝိုင်းရံမှာပဲ။ ‌ကေအဲန်ယူရဲ့ အခန်းကဏ္ဍက အင်မတန်မြင့်ပါတယ်။ ကျ‌နော်တို့ တန်ဖိုး ထား၊ အ‌လေးထားတယ်။ ‌ကေအဲန်ယူက ဝါရင့်တဲ့အတွက်‌ကြောင့် ကရင့်‌တော်လှန်‌ရေး ၆၅နှစ်အတွင်းမှာ ကျဆုံးသွားတဲ့ ‌ခေါင်း ‌ဆောင်‌တွေ၊ ရဲ‌ဘော်‌တွေ၊ ပြည်သူ‌တွေကို သစ္စာ‌စောင့်သိ ရို‌သေဖို့ စံဖိုးသင်တို့လို၊ ဟန်တာသာ‌မွှေးတို့လို ကရင့်‌တော်လှန်‌ရေးကို သစ္စာမ‌ဖောက်သွားဖို့ ‌ပြောလိုပါတယ်။

‌စောအယ်ဝါး (‌ကေအဲန်ယူ ‌တောင်ငူခရိုင် ဥက္ကဌ)

DSC_0280
(၁၀)ကြိမ်‌မြောက် ကရင်အမျိုးသားစည်းလုံးညီညွတ်‌ရေး နှီး‌နှောဖလှယ်ပွဲဟာ ကရင်တစ်‌ယောက်အ‌နေနဲ့ ‌ကောင်းတယ်လို့ မြင် တယ်။ ဘာဖြစ်လို့လဲဆို‌တော့ အုပ်ချုပ်သူအဆက်ဆက်ရဲ့ ကွဲပြား‌အောင် အုပ်ချုပ်တဲ့ အုပ်ချုပ်မှု‌တွေ‌ကြောင့် ကရင်လူမျိုး‌တွေဟာ ‌နေရာ‌ဒေသ‌တွေ အများကြီးပါပဲ။ နိုင်ငံခြား၊ မြန်မာပြည်အတွင်း၊ နယ်စပ်‌ဒေသ‌တွေမှာ ပျံ့နှံ့‌ရောက်ရှိ‌နေကြပါတယ်။ ဒါ‌ကြောင့် တချို့အ‌တွေးအ‌ခေါ်၊ အယူအဆ‌တွေဟာ ကရင်တစ်‌ယောက်လို မဟုတ်‌တော့ဘဲ အမြင်‌တွေခြားပြီး ကရင်‌တွေ စိတ်သ‌ဘောထား ကွဲကြတယ်။ ဒါ‌ကြောင့် အမြင်‌တွေကို အတူတကွ တစုတစည်းတည်းဖြစ်ပြီး ကျ‌နော်တို့ကရင်လူမျိုး‌တွေရဲ့ လိုအပ်ချက်‌တွေ ထာဝရပြီးပြည့်စုံဖို့ ကရင်အမျိုးသားစည်းလုံးညီညွတ်‌ရေး နှီး‌နှောဖလှယ်ပွဲဟာ လိုအပ်တယ်။ ကျ‌နော်တို့ အနည်းဆုံး တနှစ်တခါ လုပ်နိုင်ရင် ‌ကောင်းတယ်။
အခု ကရင်အမျိုးသား စည်းလုံးညီညွတ်‌ရေး နှီး‌နှောဖလှယ်ပွဲဟာလည်း မြန်မာအစိုးရနဲ့ ပြုလုပ်ထားတဲ့ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် ကို အ‌ထောက်အကူပြုလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ ဘာ‌ကြောင့် ဒီလို်‌ပြောရလဲဆိုရင် အခု ကျ‌နော်တို့ကရင်‌တွေ‌ကောင်း ဖို့၊ ကရင်လူမျိုး‌တွေရဲ့ လိုအပ်ချက်‌တွေက‌တော့ မူးယစ်‌ဆေးဝါးပြဿနာ၊ ယဉ်‌ကျေးမှု၊ ထုံးထမ်းစဉ်လာ‌တွေ ပ‌ပျောက်‌နေတဲ့ တမျိုးသားလုံးအ‌ရေး‌တွေကို ပြန်ထိန်းသိမ်းပြီး ကျ‌နော်တို့လူမျိုး‌တွေအကြားမှာ အသိပညာပြန်‌ပေးကြဖို့ ဒီနှီး‌နှောဖလှယ်ပွဲမှာ ကျ‌နော်တို့အမြင်‌တွေကို တင်ပြ‌ဆွေး‌နွေးခဲ့ကြပါတယ်။ ဒါ‌ကြောင့် မြန်မာအစိုးရနဲ့ စားပွဲဝိုင်း‌ပေါ်မှာ ‌ပြောဆို‌ဆွေး‌နွေးကြတဲ့ ကျ‌နော် တို့ ‌ခေါင်း‌ဆောင်‌တွေဟာ ဒီအ‌ကြောင်း‌တွေကို ‌ဆွေး‌နွေးသင့်သလို ဒါဟာ ကျ‌နော်တို့လူမျိုးရဲ့ လိုအပ်ချက်ဖြစ်တယ်။ တဆက် တည်းမှာပဲ အခုလို နှီး‌နှောဖလှယ်ပွဲမျိုးဟာ မြန်မာအစိုးရနဲ့ ‌ဖော်‌ဆောင်‌နေတဲ့ ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမှု‌တွေကို အ‌နှောက်အယှက် မဖြစ်‌စေဘူးလို့ ယုံကြည်ပါတယ်။

‌စောအဲ့ဒိုဝါး (နှီး‌နှောဖလှယ်ပွဲ တက်‌ရောက်သူ)

Saw Ehdo Wah
အခု ကရင်အမျိုးသားစည်းလုံးညီညွတ်‌ရေး နှီး‌နှောဖလှယ်ပွဲဟာ (၁၀)ကြိမ်‌မြောက်‌ပေါ့‌နော်။ ပထမအကြိမ်ကစပြီး အခုအကြိမ် တိုင်‌အောင် (၉)ကြိမ်‌မြောက်မှာကတည်းက ကရင်‌တွေ ပူး‌ပေါင်းပါဝင်လာမှု များလာတာ ‌တွေ့ရတယ်။ နိုင်ငံ‌ရေးအ‌ခြေအ‌နေ အနည်းငယ်‌ပြောင်းလဲတဲ့အ‌ပေါ်မှာ မူတည်တာ‌ပေါ့။ ဒီ (၁၀)ကြိမ်‌မြောက်မှာလည်းပဲ အထူးသဖြင့် ပြည်တွင်းဆိုရင် (၉)ကြိမ် ‌မြောက်ကစပြီး အခု(၁၀)ကြိမ်‌မြောက်အတွင်း လာတာများလာတယ်။ များတဲ့အထဲမှာ လူငယ်‌တွေအများကြီးပါတယ်။ စည်းလုံး ညီညွတ်မှုကို ‌ဆွေး‌နွေးနှီး‌နှောတာဖြစ်တဲ့အတွက် ဒါဟာ ‌ရှေ့အနာဂတ်အတွက် အင်အားတရပ် ဖြစ်တယ်။ ဆိုလိုတာက ကျ‌နော် တို့ တစ်‌ယောက်နဲ့တစ်‌ယောက်အကြားမှာ နားလည်မှု‌တွေတည်‌ဆောက်ပြီး တမျိုးသားလုံးရဲ့ ရည်မှန်းချက်အတွက် ‌ရှေ့ဆက် လှမ်းမှာ ဖြစ်ပါတယ်။
အခုလက်ရှိ နိုင်ငံ‌ရေးအ‌ခြေအ‌နေ အပစ်ခတ်ရပ်စဲ‌ရေးကာလမှာ ကရင်အမျိုးသားအစည်းအရုံးနဲ့ ပူး‌ပေါင်း‌ဆောင်ရွက်မယ့် အဖွဲ့အ စည်း‌တွေဟာ ဒီအ‌ခြေအ‌နေမှာ သူတို့ဘယ်လိုပူး‌ပေါင်း‌ဆောင်ရွက်နိုင်မလဲ။ သူတို့ မိခင်အစည်းအရုံးကို ဘယ်လို‌ထောက်ကူနိုင် မလဲဆိုတာ မိခင်အစည်းအရုံးက လမ်းဖွင့်‌ပေးထားတယ်။ ဆိုလိုတာက တစ်ပြည်လုံး အပစ်ခတ်ရပ်စဲ‌ရေးကို တည်‌ဆောက်တဲ့အ ထဲမှာ လူမှုအဖွဲ့အစည်း‌တွေကို ပူး‌ပေါင်းပါဝင်ဖို့ လမ်းဖွင့်ထား‌ပေးတယ်။ ဒါ‌ပေမယ့် လူမှုအဖွဲ့အစည်း‌တွေ ပြန်‌တောင်းဆိုတာက သူတို့ဘယ်ဏ္ဍမှာ လုပ်ရမယ်ဆိုတာ အတိအကျ လမ်းညွှန်‌ပေးပါ။ သူတို့ကို ပူး‌ပေါင်းပါဝင်ပါလို့ ကြိုဆိုသလို မဖြစ်ရ‌အောင်ပါ။ သူတို့ဆီမှာ အ‌တွေ့အကြုံ‌တွေ ရှိတယ်။ သူတို့ဘယ်ဏ္ဍမှာ လုပ်ရမှာလဲ။ သူတို့လုပ်တဲ့အခါကျ‌တော့ ရှုတ်‌ထွေးတဲ့ အခက်အခဲ‌တွေ ဖြစ်လာတယ်။ ဒါ‌ကြောင့်မို့ Community Based Organization ဖြစ်တဲ့ လူမှုအဖွဲ့အစည်း‌တွေ သိချင်တာက သူတို့ဘယ်ဏ္ဍမှာ လုပ်‌ဆောင်နိုင်မလဲ။ ‌ကေအဲန်ယူက ဒီကဏ္ဍမှာလုပ်နိုင်တယ်။ ဟိုကဏ္ဍမှာ လုပ်ပါ။ ဟိုကဏ္ဍမှာ ပူး‌ပေါင်း‌ဆောင်ရွက်ပါ။ ဆိုလိုတာက မိခင်အစည်းအရုံးကို လမ်းပြ‌ပေးဖို့ ‌တောင်းဆိုတာဖြစ်တယ်။