Home သတင်း ငြိမ်းချမ်း‌ရေးဖြစ်စဉ် ရလဒ်များအ‌ပေါ် KNU ‌ခေါင်း‌ဆောင်များက ပြန်လည်သုံးသပ်

ငြိမ်းချမ်း‌ရေးဖြစ်စဉ် ရလဒ်များအ‌ပေါ် KNU ‌ခေါင်း‌ဆောင်များက ပြန်လည်သုံးသပ်

1736

ဇွန် ၃ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)က လက်ရှိ ‌ဖော်‌ဆောင်‌နေ‌သော ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြန်လည် သုံးသပ်သည့် ‌ဆွေး‌နွေးမှုတစ်ခုကို ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့တွင် ဇွန်လ ၁ရက်‌နေ့က ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

‌ဆွေး‌နွေးမှုတွင် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲ‌ရေးဆိုင်ရာ ‌ဆွေး‌နွေးမှုများမှ ရရှိလာ‌သောရလဒ်များကို အဓိကထား ပြန်လည်‌ဆွေး‌နွေးဖြစ်ခဲ့ပြီး ‌ရှေ့ဆက်လုပ်‌ဆောင်သင့်သည့် ကိစ္စရပ်များကိုလည်း ‌ဆွေး‌နွေးဖြစ်ခဲ့သည်ဟု KNU ဒုတိယ ဥက္ကဌ ပဒို‌နော်စီဖိုးရာစိန်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကျမတို့က NCCT နဲ့အစိုးရ ‌ဆွေး‌နွေးမှု‌တွေကို ပြန်လည်သုံးသပ်တယ်။ ‌သေချာတဲ့ သ‌ဘောတူညီချက်‌တွေကိုလည်း ‌ရေ‌ရေရာ ရာ မရ‌သေးဘူး‌လေ။ အဲဒီအ‌ပေါ်မှာ ‌ရှေ့ဆက်ဘယ်လိုသွားရမလဲ။ ဘာ‌တွေလုပ်‌ဆောင်သင့်သလဲဆိုတာ ‌ဆွေး‌နွေးတာပါ။ ဆုံး ဖြတ်ချက် တစုံတရာ ချတာမျိုး‌တော့ မရှိပါဘူး”ဟု ပဒို‌နော်စီဖိုးရာစိန်က ‌ပြောဆိုသည်။

ထို့အပြင် ယမန်‌နေ့က ပြုလုပ်‌သော ‌ဆွေး‌နွေးမှုတွင်လည်း KNU ‌ခေါင်း‌ဆောင်များက တစ်နိုင်ငံလုံး အပစ်အခတ်ရပ် စဲ‌ရေးအတွက် အဟန့်အတားဖြစ်‌စေမည့်အရာများ၊ ‌ဝေါဟာရအသုံးအနှုန်းများ၊ ငြိမ်းချမ်း‌ရေးအတွက် အခြားအ‌ဖြေရှာ ရမည့် နည်းလမ်း များနှင့်ပတ်သက်ပြီး ပြန်လည်သုံးသပ်‌ဆွေး‌နွေးခဲ့ကြ‌ကြောင်း သိရသည်။

အဆိုပါ‌ဆွေး‌နွေးမှုတွင် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုး၊ ဒု-ဥက္ကဌ ပဒို‌နော်စီဖိုးရာစိန်၊ အတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်း အပါအဝင် ထိပ်ပိုင်း‌ခေါင်း‌ဆောင်များ၊ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များဆိုင်ရာ အ‌ထောက်အကူ ပြုပညာရှင်များအဖွဲ့အပြင် Euro Burma Office-EBO မှ ဒါရိုက်တာ ဦးဟန်‌ယောင်‌ဝေ၊ ‌ဒေါက်တာ‌ရွှေခါး၊ ရှမ်းပြည် ပြန်လည်ထူ‌ထောင်‌ရေး‌ကောင်စီ(RCSS/SSA)၏ အတိုင်ပင်ခံ ဦးခွန်ဆိုင်း အပါအဝင် လူ ၂ဝခန့် တက်‌ရောက်ခဲ့ကြ သည်။

‌ဆွေး‌နွေးမှုတွင် တက်‌ရောက်ခဲ့သည့် ဦးခွန်ဆိုင်းက “ငြိမ်းချမ်း‌ရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး‌တော့ တိုင်းရင်းသား အဖွဲ့အစည်းတိုင်းမှာ တချို့ကအ‌ကောင်းမြင် သလို၊ တချို့ကလည်း အဆိုးမြင်တာ‌တွေ ရှိတယ်‌လေ။ အချင်းချင်း နားလည်မှု ပြည့်ပြည့်ဝဝ မရှိရင် ပြသာနာ ရှိတယ်။ အဲဒီ‌တော့ ငြိမ်းဖြစ်စဉ်နဲ့ပတ်သက်ရင် ကိုယ့်အဖွဲ့အစည်းအလိုက် အချိန်မှီပြန်လည်တင်ပြ ‌ဆွေး‌နွေးနိုင်ဖို့က သိပ်အ‌ရေးကြီးတယ်လို့ ထင်ပါတယ်”ဟု ‌ပြောသည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ‌ရေး လက်မှတ်‌ရေးထိုးနိုင်ရန်အတွက် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး လုပ်ငန်း‌ကော်မ တီ(UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ‌ရေးဆိုင်ရာ ညှိနှိုင်း‌ရေးအဖွဲ့ (NC CT)မှ အပစ်ခတ်ရပ်စဲ‌ရေးအတွက် အခန်း ၇ခန်းပါသည့် ပထမမူကြမ်း (Single Text Draft)ကို ဧပြီ ၅ရက်မှ ၈ရက်‌နေ့အထိ ပြု လုပ်ခဲ့‌သော ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် အတည်ပြုခဲ့ပြီးဖြစ်သည်။

ထို့‌နောက် ရရှိခဲ့သည့် ပထမမူကြမ်းအ‌ပေါ် ထပ်မံ ‌ဆွေး‌နွေးညှိနှိုင်းရမည့်အချက်များကို ‌မေလ ၂၁ရက်မှ ၂၃ရက်‌နေ့အထိ ရန်ကုန် မြို့၌ ‌ဆွေး‌နွေးခဲ့ကြရာတွင် ဒုတိယမူကြမ်းတစ်‌စောင်ကို သ‌ဘောတူညီမှုရရှိခဲ့ပြီး ရရှိလာ‌သော ဒုတိယမူကြမ်းကို နှစ်ဖက်ကိုယ် စားလှယ်များမှ မိမိတို့၏ သက်ဆိုင်ရာ အဖွဲ့အစည်းများထံ ပြန်လည် ချပြ‌ဆွေး‌နွေးရမည်ဖြစ်သည်ဟု သိရသည်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေး မူကြမ်းအတွက် NCCT နှင့် UPWC တို့သည် ယခုဇွန်လအတွင်း ရန်ကုန်မြို့ ‌ရွှေလီလမ်း မြန်မာ နိုင်ငံငြိမ်းချမ်း‌ရေး ပြန်လည်ထူ‌ထောင်‌ရေးလုပ်ငန်းဗဟိုဌာန(MPC)၌ ထပ်မံ ‌တွေ့ဆုံညှိနှိုင်းကြရန် သ‌ဘောတူ‌ကြောင်း ‌မေ ၂၃ ရက်‌နေ့က ထုတ်ပြန်သည့် နှစ်ဖက် ပူးတွဲ‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။