Home သတင်း ၆၅နှစ်‌မြောက် ‌ကော်သူး‌လေ‌နေ့ အထိမ်းအမှတ် ကျင်းပ

၆၅နှစ်‌မြောက် ‌ကော်သူး‌လေ‌နေ့ အထိမ်းအမှတ် ကျင်းပ

1729

ဇွန် ၁၄ရက်၊ ၂၀၁၄ခုနှစ်။ (‌ကေအိုင်စီ)

ယ‌နေ့ ကျ‌ရောက်‌သော ၆၅နှစ်‌မြောက် ‌ကော်သူး‌လေ‌နေ့ ဖွဲ့စည်းခြင်း အထိမ်းအမှတ် အခမ်းအနားတစ်ရပ်ကို ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU)လက်‌အောက်ခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA) စစ်ဦးစီးဌာနချုပ် ‌သေ့‌ဘေထာ့‌နေရာတွင် ကျင်းပခဲ့သည်။

‌ကော်သူး‌လေ‌နေ့သည် ကရင့်သမိုင်းတွင် အ‌ရေးကြီးသည့် ‌နေ့ရက်တစ်ရက်ဖြစ်သလို ယ‌နေ့ထိ မျိုးဆက်သစ်လူငယ်များလည်း မ‌မေ့‌ပျောက်ကြ‌စေရန် ယခုလို အထိမ်းအမှတ်အခမ်းအနားကို ကျင်းပရခြင်းဖြစ်သည် ဟု KNU တွဲဘက်အတွင်း‌ရေးမှူး (၁) ပဒို ‌စော‌သောသီဘွဲက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“ကျ‌နော်တို့ ကရင်အမျိုးသား‌တွေရဲ့ ‌နေ့ကြီးရက်ကြီး‌တွေဖြစ်တဲ့ အထူးသဖြင့် ‌တော်လှန်‌ရေး‌နေ့လို ‌နေ့မျိုး‌တွေ ထူးထူးကဲကဲ နှစ်စဉ် ကျင်းပ‌လေ့ရှိတယ်။ ကျန်တဲ့ KNU ‌နေ့တို့လို၊ ကရင်အမျိုးသား‌နေ့တို့လို၊ အခု ‌ကော်သူး‌လေ‌နေ့တို့လိုကို အရပ်‌ဒေသ အသီးသီး၊ နယ်‌မြေအသီးသီးက ကိုယ့်‌ဒေသအ‌ခြေအ‌နေနဲ့ ‌ဆောင်ရွက်နိုင်စွမ်း အ‌ခြေအ‌နေ‌ပေါ် မူတည်ပြီး အင်အားနဲ့ ‌ဟော‌ပြော ပွဲအဖြစ် ‌ဆောင်ရွက်တာလည်း ရှိပါတယ်”ဟု ‌ပြောသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ၏ လက်ရှိ ငြိမ်းချမ်းဖြစ်စဉ်နှင့်ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေး အဖွဲ့အစည်း အားလုံး ပါဝင်ရန်လို‌ကြောင်းနှင့် အဖွဲ့အစည်းတစ်ခုတည်းဖြင့် အစိုးရနှင့် လက်မှတ်ထိုးရုံဖြင့် ‌ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်း ချမ်း‌ရေးကို မရရှိနိုင်‌ကြောင်း တက်‌ရောက်လာသူများအား ‌ပြောကြားခဲ့သည်ဟုလည်း ပဒို‌စော‌သောသီဘွဲက ဆက်‌ပြောသည်။

အဆိုပါအခမ်းအနားသို့ ‌ကေအဲန်ယူ တွဲဘက်အတွင်း‌ရေးမှူး (၁) ပဒို ‌စော‌သောသီဘွဲ၊ ဗဟိုစည်းရုံး‌ရေးဌာန တာဝန်ခံ ပဒို‌စောလှ ထွန်းနှင့် ဌာနအတွင်း‌ရေးမှူး ‌နော်‌ဖော‌ဂေခု၊ စစ်ဘက်ဆိုင်ရာ KNLA စစ်ရုံးချုပ်မှ ဗိုလ်မှူးချုပ်မန်းရှာထု‌ဝေါ်၊ အခြားစစ်ဘက်ဆိုင်ရာ KNLA ‌ခေါင်း‌ဆောင်အချို့နှင့် တပ်ဖွဲ့ဝင်အချို့ အပါအဝင် မျိုးဆက်သစ် ကရင်‌ကျောင်းသား‌မောင်မယ်များ စုစု‌ပေါင်း ၂၀ဝခန့် တက်‌ရောက်ခဲ့ကြသည်။

ကရင့်‌တော်လှန်‌ရေး စတင်ဖြစ်‌ပေါ်လာ၍ အင်းစိန်တိုက်ပွဲ ဖြစ်ပွားပြီး‌နောက် ‌ကေအဲန်ယူ ဗဟိုကို ‌တောင်ငူမြို့သို့ ‌ပြောင်း‌ရွှေ့ခဲ့ရာ ၁၉၄၉ခုနှစ်၊ ဇွန်လ ၁၄ရက်‌နေ့တွင် ‌တောင်ငူမြို ့၌ အစည်းအ‌ဝေးကြီးတစ်ရပ်ကျင်းပပြီး ‌ကော်သူး‌လေအစိုးရအဖွဲ့ ဖွဲ့စည်းသည့် ‌နေ့ကို ‌ကော်သူး‌လေ‌နေ့ဟု သတ်မှတ်ခဲ့သည်။

၎င်း‌ကော်သူး‌လေ အစိုးရအဖွဲ့တွင် ‌စောဘဦးကြီး(ဝန်ကြီးချုပ်)၊ ဦးလှ‌ဖေ(နိုင်ငံခြား‌ရေး)၊ ‌စောဖိုး‌မောင်(ပြည်ထဲ‌ရေး)၊ ‌စော‌ရွှေ‌လေး (ကာကွယ်‌ရေး)၊ ‌စောတူရဦး(ဘဏ္ဍာ‌ရေး)၊ ‌စောဘထွန်း(ပညာ‌ရေး)၊ ‌စောဂျွန်ဆင်ဒီဖိုးမင်း(လမ်းပန်းနှင့် သယ်ယူပို့‌ဆောင်‌ရေး) နှင့် မန်းစိန်တင်(သစ်‌တောနှင့် လယ်ယာ)တို့ဖြစ်ပြီး ထိုသို့ ဖွဲ့စည်းအပြီးတွင် ‌ကော်သူး‌လေကရင်ပြည်ကို ထူ‌ထောင်ခြင်း ‌ကော်သူး ‌လေအစိုးရကို ဖွဲ့စည်းလိုက်‌ကြောင်း ကမ္ဘာသို့ ‌ကြေညာခဲ့သည်။

ထို့‌နောက် အခြားတိုင်းနိုင်ငံများဖြစ်‌သော အိနိ္ဒယ(All India Radio)၊ ပါကစ္စတန်(Radio Pakistan)၊ ဗြိတိန်(BBC)၊ အ‌မေရိကန် (VOA)နှင့် ဩစ‌တြေးလျားအသံလွှင့်ဌာနများကလည်း ‌ကော်သူး‌လေအသံလွှင့်ဌာနမှ လွှင့်လိုက်‌သော ‌ကော်သူး‌လေ ကရင်ပြည် ထူ‌ထောင်ခြင်းနှင့် ‌ကော်သူးအစိုးရဖွှဲ့စည်းထူ‌ထောင်ခြင်းများကို ထပ်ဆင့် အသံလွှင့်ခဲ့ကြသည်ဟု ‌ကေအဲန်ယူ၏ သမိုင်းမှတ်တမ်းတွင် ‌ဖော်ပြထားသည်။