Home ကဗျာ ‌မြွေ‌ပွေးခါးပိုက်

‌မြွေ‌ပွေးခါးပိုက်

2010

(လကင်္ာဒီပ)

ချဲ့ကားလိုက် ရှုံ့တွလိုက်ကြ
ပုပ်ပွတဲ့ စစ်ယုတ်ကမ်း‌တွေ
ပန်း‌ခြွေတဲ့လက်‌တွေ
‌သွေး‌ပေ သက်‌ခြွေတဲ့ လက်‌တွေနဲ့
နှုတ်ဆက်တဲ့အပြု
ယုံကြည်မှုအတုကို ဖန်တီး
ရမ်းသမ်းပြီး ယုံပစ်လိုက်တဲ့ဖထီး
မီးစကို ‌ရေခဲ‌ချောင်းအမှတ်လုပ်
စုပ်ကာပြ‌တော့မတဲ့ဗျို့။

ဒင်းတို့‌ကြောင့် ဦးတည်ရာမဲ့‌နေ
ပြည်သူ‌တွေခမျာ မှုန်ဝါးဝါး
မိ‌ထွေးလား အ‌မေရင်းလား
နင်းပြားတို့ရဲ့ မ‌ရေရာဘဝ
‌ဒေါန‌ရေ ‌ပြောပါအုံး‌လေ
အမှန်‌တွေ မချွင်းမချန်‌ပေါ့။

တစ်ဖက်မှာလည်း
သူ့လူကိုယ့်ဘက်သားဖြစ်
ကွန်ကရစ်ညီညွှတ်‌ရေးဆိုလိုဆို
သီအိုရီ‌တွေချပြ
ဖရိုဖရဲလုပ်ချင်ရာလုပ်တဲ့ လူစား
အားမနာလျှာမကျိုး မထူးဇာတ်ပျိုး
အမျိုးကို ‌ရောင်းစား‌ရေး
အကြံ‌ပေး‌တွေလည်းရှိဆဲ
ဇွဲကပင်ကြီး‌ရေ ကယ်ပါအုံး
လူ့ပိုင်းလုံးကြီးကို ‌ဖော်ထုတ်‌ပေးပါ‌တော့။

မိခင်ကို‌ကျောနင်း
မိခင်ရင်းကို ‌ခြေစုံကန်
တနိုင်ငံကို ခုန်ပျံစွန့်ခွာ
ပကာသနကြား ‌ရောက်ရှိခြင်းများ
ဘုရားသခင်‌ကြောင့်သာဖြစ်‌ပေ
‌ကေအဲန်ယူ‌ကြောင့်မဟုတ်လို့ ‌ဟော‌ပြော
‌စောဒကတက်တဲ့ လိုင်း‌မှောင်
ခပ်‌ကြောင်‌ကြောင် တရား‌ဟောဆရာ‌တွေက
မဟာဗမာဝါဒီ‌တွေကို ဝန်းရံ
ပဉ်စမံ‌ကေဒါတပ်သား‌တွေ ဖြစ်လိုဖြစ်‌နေ
သံလွင်‌ရေ ရှင်းပါအုံး
လုံး‌ထွေး‌နေတဲ့ အမှားအမှန်တရား‌တွေအ‌ကြောင်း။

ဦးတည်ချက်မပြတ်‌စေ
တို့‌တွေရဲ့ ‌တော်လှန်‌ရေးပန်းတိုင်
ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အမျိုးသားတန်းတူ‌ရေး
လမ်း‌ဘေးပ‌ယောဂ‌တွေ အ‌မှောင့်
‌တောင့်ခံထားလိုက်ကြ‌စေ
‌ကော်သူး‌လေချစ်သူတို့‌ရေ
လာမယ်‌လေ ကားပါမစ်‌တွေ
လုပ်ကွက်ထွင်ကွက်‌တွေ ‌ပေးလာ
ဘာသာ‌ကြောင်‌တွေ ‌စေလွှတ်ကာစမ်း
သန်း‌ခေါင်စာရင်းနဲ့ အင်အားချိန်ဆ
ဒုက္ခသည်ပြန်ပို့မယ် တကဲကဲ
ဆည်းလည်းသံမဲ့တဲ့ တို့လမ်းခရီး
မငြီးတွား မှတ်‌ကျောက်တင်ခံနိုင်မလား ရဲ‌ဘော်တို့။