Home သတင်း ‌မော်‌တော်ယာဉ်(၅)စီးနှုန်း အခွန်ကင်းလွတ်ခွင့်ကိစ္စ ကရင်ပြည်နယ်မှ ပါတီအများစုလက်ခံ

‌မော်‌တော်ယာဉ်(၅)စီးနှုန်း အခွန်ကင်းလွတ်ခွင့်ကိစ္စ ကရင်ပြည်နယ်မှ ပါတီအများစုလက်ခံ

1652

ဇွန် ၁၅ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း

တစ်ပါတီလျှင် ‌မော်‌တော်ယာဉ်(၅)စီးနှုန်း အခွန်ကင်းလွတ်ခွင့်ဖြင့် ကားတင်သွင်းခွင့်ကို ကရင်ပြည်နယ်အတွင်းရှိ နိုင်ငံ‌ရေး ပါတီအများစုမှာ ၎င်းတို့၏လိုအပ်ချက်အရ လက်ခံသွားမည်ဖြစ်‌ကြောင်း သက်ဆိုင်ရာပါတီ ‌ခေါင်း‌ဆောင်များ၏ ‌ပြောပြချက် များအရ သိရသည်။

နိုင်ငံပါတီများအ‌နေဖြင့် မိမိတို့၏ပါတီဝင်များအား စည်းရုံး‌ရေးနှင့် ပါတီမူဝါဒဆိုင်ရာများ လိုက်လံရှင်းလင်းရာတွင်‌သော်လည်း ‌ကောင်း၊ လွှတ်‌တော်ကိုယ်စားလှယ်များ အနိုင်ရရှိ‌ရေးအတွက် မဲဆွယ်စည်းရုံး‌ရေး‌သော်လည်း‌ကောင်း၊ သွားလာမှုလွယ်ကူ‌စေ ရန် တစ်ပါတီလျှင် ကား(၅)စီနှုန်းဖြင့် အခွန်ကင်းလွတ်ခွင့်ဖြင့် ကားတင်သွင်းခွင့်ကို ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်မှ နိုင်ငံ‌တော်သမ္မတထံသို့ ‌မေလ ၂၂ရက်‌နေ့က စာတင်‌တောင်းဆိုခဲ့သည်။

ယင်းသို့ ‌တောင်းဆိုခဲ့ပြီး‌နောက်ပိုင်း ကရင်ပြည်နယ်အ‌ခြေစိုက်သည့် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ-PSDP အ‌နေဖြင့် အဆိုပါ ကိစ္စကို သမ္မတမှ ခွင့်ပြု‌ပေးပါက လက်ခံသွားမည်ဖြစ်‌ကြောင်း ဒုတိယ ဥက္ကဌ မန်း‌အောင်ပြည်စိုးက ဇွန်လ ၁၃ရက်‌နေ့တွင် ယခု လို ‌ပြောဆိုလိုက်သည်။

“ဒီကိစ္စ‌တော့ ‌ကော်မရှင်က ကားပါမစ်‌ပေးဖို့ နိုင်ငံ‌တော်သမ္မတရဲ့ အမိန့်ကို ‌တောင်းခံတန်းပဲ ရှိ‌သေးတယ်။ ဖြစ်နိုင်တယ်ဆိုရင် ‌တော့ ကျ‌နော်တို့ လက်ခံဖို့ ဆုံးဖြတ်ထားတယ်”ဟု မန်း‌အောင်ပြည်စိုးက ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ကရင်ပြည်နယ်ရှိ ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ(USDP) ဥက္ကဌ ‌စောထားလုံးကလည်း ကားပါမစ်ကို လက်ခံသည် ဖြစ်‌စေ၊ မလက်ခံသည်ဖြစ်‌စေ သက်ဆိုင်ရာပါတီများ၏ ဆန္ဒပင်ဖြစ်ပြီး ၎င်းတို့ပါတီအ‌နေနှင့်လည်း ကားပါမစ်‌ပေးသည်မှာ ပါတီ လုပ်ငန်းများ ‌ဆောင်ရွက်ရာတွင် သွားလာ‌ရေး လွယ်ကူသည့်အတွက် ‌ကောင်းသည်ဟုမြင်‌ကြောင်း ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်ရှိ နိုင်ငံ‌ရေးပါတီများဖြစ်သည့် PSDP ၊ USDP အပါအဝင် ကရင်ဒီမိုကရက်တစ်ပါတီ(KSDDP)၊ ကရင်ပြည်နယ် ဒီမိုက‌ရေစီဖွံ့ဖြိုးတိုးတက်‌ရေးပါတီ(KSDDP)၊ တိုင်းရင်းသားစည်းလုံးညီညွှတ်‌ရေးပါတီ (တစည)နှင့် အခြားပါတီငယ်အချို့တို့က အခွန်ကင်းလွတ်ခွင့်ဖြင့် ကားတင်သွင်းခွင့်ကို လက်ခံကြ‌ကြောင်း သိရသည်။

သို့‌သော် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD)မှာ ၎င်းအခွန်ကင်းလွှတ်ခွင့်ဖြင့် ကားတင်သွင်းခွင့်ကို လက်မခံ‌ကြောင်း ဖားအံမြို့ရှိ NLD ဗဟိုအလုပ်အမှု‌ဆောင်အဖွဲ့ဝင် နန်းခင်‌ထွေးမြင့်က “‌ရွေး‌ကောက်ပွဲ လုပ်ခါနီးမှာ ပါတီ‌တွေကို ကားပါမစ်‌ပေးမယ့်ကိစ္စဟာ ပါတီငယ်‌တွေ စိတ်ဝင်စားနိုင်တဲ့အတွက် စည်းရုံးမှုတစ်ခုပဲလို့ မြင်ပါတယ်။ NLD ဟာ ပြည်သူ‌တွေ ‌ထောက်ခံတဲ့ ပါတီတစ်ပါတီ ဖြစ်သလို ပါတီရဲ့ လိုအပ်ချက်‌တွေအတွက် ပြည်သူ့အင်အားနဲ့ ပြည်သူ‌တွေရဲ့ ကူညီမှုများကိုသာ လုပ်‌ဆောင်သွားမှာဖြစ်ပါတယ်” ဟု ဆိုသည်။

အလားတူ ဖားအံမြို့ခံ ပြည်သူတစ်ဦးကလည်း “NLD ပါတီက ဒီကားပါမစ် ချ‌ပေးဖို့ရှိတဲ့ကိစ္စကို မလက်ခံသင့်ဘူးလို့ မြင်တယ်။ ပါတီကြီးလည်းဖြစ်‌တော့ ပါတီသိက္ခာအရ‌တော့ မလက်ခံတာ ‌ကောင်းတယ်”ဟု သူ၏အမြင်ကို ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာနိုင်ငံရှိ ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်သည် နိုင်ငံ‌ရေးပါတီများမှတ်ပုံတင်ခြင်း ဥပ‌ဒေ ပုဒ်မ ၉နှင့်အညီ နိုင်ငံ‌ရေးပါ တီများအား မှတ်ပုံတင်ခွင့်ပြုရာ ယခုအချိန်အထိ နိုင်ငံ‌ရေးပါတီ‌ပေါင်း (၆၅)ပါတီကို မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်သည်ဟု သိရသည်။