Home တွေ့ဆုံမေးမြန်းခန်း အင်တာဗျူ း

အင်တာဗျူ း

1778

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များအ‌ရေးနှင့် ပတ်သက်၍ ကရင်ဒုက္ခသည်‌ကော်မတီ(‌ကေအာရ်စီ) တွဲဖက်အတွင်း‌ရေးမှူး ‌နော်ဘလူးမင်းနိုက်ဇန်အား ၂၀၁၄ခုနှစ်၊ ဇွန်လ ၂ဝရက် ကမ္ဘာ့ဒုက္ခသည်များ‌နေ့တွင် ‌ကေအိုင်စီသတင်း‌ထောက် စဖန်း‌ရှောင်း ဆက်သွယ်‌မေးမြန်းထားချက်ဖြစ်သည်။

– ကမ္ဘာ့ဒုက္ခသည်‌နေ့မှာ ‌ကေအာရ်စီအ‌နေနဲ့ ဒုက္ခသည်‌တွေကို ဘာမက်‌ဆေ့ချ်‌ပေးချင်ပါသလဲ။
ပထမတစ်ချက်အ‌နေနဲ့ ကျမတို့ဒုက္ခသည်‌တွေအတွက် ဒုက္ခသည်‌နေ့ ကျင်းပ‌ပေးတဲ့ နိုင်ငံတကာ အဖွဲ့အစည်း‌တွေကို ‌ကျေးဇူး တင်ပါတယ်။ ဘာဖြစ်လို့လဲဆို‌တော့ ကိုယ်ဒုက္ခ‌ရောက်‌နေတဲ့အချိန်မှာ နိုင်ငံတကာက အသိအမှတ်ပြုပြီး‌တော့မှ အားလုံး ပြန်ပြီး သတိရ‌စေတဲ့ အ‌ကြောင်းအရာတစ်ခု ဖြစ်တဲ့အတွက်‌ကြောင့်မို့ပါ။ ဒုတိယတစ်ချက်အ‌နေနဲ့က ဒီ‌နေ့မှာ ဒုက္ခသည်‌တွေအားလုံး ပြန်လည်သတိရ‌စေချင်တာက နိုင်ငံတကာက‌နေပြီး‌တော့ ကျမတို့ကို နှစ်ရှည်လများ လူသားချင်းစာနာတဲ့ ကူညီ‌ထောက်ပံ့မှု‌တွေ ကို ပြန်လည်သတိရ‌စေဖို့ ကျမ‌ပြောချင်ပါတယ်။ တတိယအချက်က‌တော့ တစ်ချိန်ကအများစုဟာ စစ်‌ပြေးဒုက္ခသည်‌တွေ ဖြစ်ခဲ့ရ ပြီး‌တော့ ဒုက္ခသည်စခန်းကို‌ရောက်ရတယ်။ ဒါ‌ကြောင့် အချိန်တန်ရင် ပြန်နိုင်ဖို့အတွက် အခုချိန်မှာ ကိုယ့်နိုင်ငံအ‌ခြေအ‌နေက လည်း ပြုပြင်‌ပြောင်းလဲမှု‌တွေ စလာတဲ့အတွက်‌ကြောင့်မို့ တစ်‌နေ့ကျကိုယ်ပြန်ရမယ့်အချိန်က ရှိမယ်ဆိုတာကို အားလုံးကို သတိ ရ‌စေချင်ပါတယ်။

– အခုရက်ပိုင်းအတွင်း ထိုင်းစစ်အစိုးရ တာဝန်ရှိသူ‌တွေက ယူအဲန်အိတ်ချ်စီအာရ်၊ တီဘီစီနဲ့ သက်ဆိုင်ရာ အဲန်ဂျီအိုအဖွဲ့‌တွေ ‌တွေ့ဆုံပြီး ဒုက္ခသည်‌တွေကို ပြန်ပို့မယ်လို့ ဆုံးဖြတ်လိုက်တယ်လို့ ကြားပါတယ်။ အဲဒီအ‌ပေါ် ဘယ်လိုမြင်ပါသလဲ။
ဒီကိစ္စနဲ့ပတ်သက်ပြီး‌တော့ ကျမတို့ဒုက္ခသည်‌တွေကို ကျမသတင်းအမှန် ‌ပေးချင်ပါတယ်။ အများစုကြား‌နေရတဲ့ ထိုင်းအစိုးရ ၊ အဲန်ဂျီအို‌တွေရယ် UNHCR ရယ်က ဒုက္ခသည်‌တွေပြန်ပို့ဖို့ တိုင်ပင်ကြတယ်။ စီစဉ်ကြတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ အမှန်က ဘာလဲဆိုရင် အခုလက်ရှိတက်‌နေတဲ့ ထိုင်းအစိုးရက အသစ်ဖြစ်တဲ့အတွက်‌ကြောင့်မို့လို့ သူတို့လုပ်သင့်လုပ်ထိုက်တဲ့အ‌နေနဲ့ ဘန်‌ကောက်မှာရှိတဲ့ အဖွဲ့အစည်း‌တွေကို တစ်ဖွဲ့ပြီးတစ်ဖွဲ့ ‌ခေါ်‌တွေ့ပြီး ရှင်းပြချပြသလို ဒီမှာရှိတဲ့ အဖွဲ့အစည်း‌တွေကို ရှင်းပြတဲ့ သ‌ဘောပဲဖြစ်ပါတယ်။ ဒုက္ခသည်အ‌ကြောင်း‌တော့ပါတယ်။ ပြန်ပို့ဖို့အ‌ကြောင်း‌တော့ မဟုတ်ဘူး။ ပြီး‌တော့လည်း ထိုင်းအစိုးရအ ‌နေနဲ့ သူ့သ‌ဘောထားက ဒုက္ခသည်‌တွေကို သူတို့ရဲ့ တို်င်းပြည်အ‌ခြေအ‌နေအရ ပြန်ပို့ရမယ့်အချိန် မ‌ရောက်‌သေးဘူး။ ပြန်ပို့တဲ့အ ခါမှာလည်း လူသားတစ်‌ယောက်အ‌နေနဲ့‌ရော နိုင်ငံတကာရဲ့ စံနှုန်းအတိုင်း ဖြစ်‌စေရမယ်ဆိုတဲ့ သ‌ဘောထားကလည်း ရှိ‌နေပြီး သားဆိုတာ ‌ပြောပြချင်ပါတယ်။

– တကယ့်လက်ရှိမှာ ဒုက္ခသည်‌တွေရဲ့ သ‌ဘောဆန္ဒအမှန်က ဘယ်လိုမျိုးလို့ သိရှိထားပါသလဲ။
ဒုက္ခသည်‌တွေက‌တော့ သတင်းအချက်အလက်‌တွေ မှန်မှန်ကန်ကန်နဲ့ စုံစုံလင်လင် မရတဲ့အခါကျ‌တော့ ပူပင်စိုးရိမ်မှု‌တွေ ရှိ တယ်။ ‌နောက်ပြီး ‌နေ့စဉ် စားဝတ်‌နေ‌ရေးအတွက် သိပ်ပြီးလုံခြုံမှုမရှိလာတဲ့အ‌ပေါ်မှာလည်း မှန်တယ်။ ဒါ‌ကြောင့်မို့ ကရင်ဒုက္ခ သည်‌ကော်မတီရယ်၊ ထိုင်းနိုင်ငံမှာရှိတဲ့ ဒုက္ခသည်‌တွေကို ကူညီ‌နေတဲ့ အဖွဲအစည်း‌တွေရယ် UNHCR တို့အ‌နေနဲ့က ကူညီ‌စောင့် ‌ရှောက်‌နေတဲ့အ‌ပေါ်မှာ အ‌ပြောင်းအလဲ‌တော့ရှိတယ်။ အဲဒါကို သူတို့က မသိဘူး။ အဲဒါ‌ကြောင့် ကျမတို့က ကြိုးစားပြီး‌တော့ အတိ အကျသိရ‌အောင် ‌ပေး‌နေရပါတယ်။ သူတို့အတွက် လူသားချင်းစာနာတဲ့ ‌ထောက်ပံ့မှုက‌တော့ ရှိ‌နေမယ်။ တစ်ဖက်မှာလည်း နိုင်ငံ‌ရေး‌ပြောင်းလဲမှု‌ကြောင့် သူတို့ရဲ့ စိတ်ဝင်စားမှုကလည်း ‌ပြောင်းလဲ‌နေတယ်။ ဒါ‌ပေမယ့်လို့ ကျမတို့ကို လျစ်လျူရှုထားမှာ မဟုတ်ပါဘူး။ ဒုက္ခသည်‌တွေလည်း သူတို့ရဲ့ မှီခိုစရာတစ်ခု ရှိ‌နေတုန်းပဲဆိုတာကို ဒုက္ခသည်အများစုက သိ‌နေကြပါတယ်။

– ဒုက္ခသည်‌တွေကို ပြန်ပို့မယ့် အစီအစဉ်အ‌ပေါ် လက်ရှိ ‌ကေအာရ်စီရဲ့ သ‌ဘောထားရပ်တည်ချက်‌တွေ ရှိထား‌ပေမဲ့ အခုလို အ‌ခြေအ‌နေမှာ တစုံတရာ ပြင်ဆင်‌ပြောင်းလဲမှုများ ရှိနိုင်မလား။
ကျမတို့အ‌နေနဲ့ ဒီက‌နေ့အထိ ထားလာတဲ့ ကျမတို့ရဲ့ သ‌ဘောထားရပ်တည်ချက်‌တွေကို အခုချိန်မှာ နည်းနည်း‌တော့ ပြန်ဆန်းစစ် ဖို့ လိုတယ်ဆိုတာကို ကျမတို့သ‌ဘောထားရှိပါတယ်။ ကျမတို့ဟာ ပြီးခဲ့တဲ့ အ‌ခြေအ‌နေ‌ပေါ်မှာပဲ ထားတဲ့အတွက် နိုင်ငံ‌ရေးအ ‌ပြောင်းအလဲ‌လေး အနည်းငယ်စလာတဲ့အ‌ပေါ်မှာ ပြန်လည်‌နေရာချထား‌ရေးအတွက် အခုပြင်ဆင်မယ့်အထဲမှာ ကျမတို့ Vision (ဦးတည်ချက်)‌တွေကို နည်းနည်း ပြန်ပြင်ရမယ့်သ‌ဘောမှာ ရှိ‌နေပါတယ်။

– ဆရာမတို့အ‌နေနဲ့ ဒုက္ခသည်‌တွေ ‌နေရပ်မပြန်ခင် ကြားကာလ‌လေးမှာ ဒုက္ခသည်‌တွေအတွက် ဘယ်လိုကြိုတင်ပြင်ဆင်မှု‌တွေ လုပ်ထားတာ ရှိပါသလဲ။
ဒုက္ခသည်‌တွေအနာဂတ်အတွက် ကြိုတင်ပြင်ဆင်မှု‌တွေ လုပ်ရမယ်ဆိုရင်‌တော့ အခုချိန်မှာ ဒုက္ခသည်‌တွေအတွက် အများကြီး တုန်လှုပ်‌ခြောက်ခြားမှု‌တွေ ဖြစ်လာနိုင်တယ်။ အခုချိန်မှာ‌တော့ ကျမတို့အ‌နေနဲ့ သတင်းစု‌ဆောင်းမျှ‌ဝေတာမျိုး‌တွေ၊ ‌နောက်ပြီး မပြန်ခင်အချိန်‌လေးမှာ သူတို့ဘဝလုံခြုံမှုအတွက် အသက်‌မွေးဝမ်း‌ကြောင်းပညာ‌တွေကို တတ်နိုင်သမျှ သင်‌ပေးတယ်။ ပိုပြီး ‌တော့လည်း တိုးချဲ့သင်ကြားမယ်။ အဲဒါကလည်း သူတို့အတွက် ပြင်ဆင်မှုပါပဲ။
DSC01377
– လက်ရှိ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ ကြိုးပမ်း‌ဆောင်ရွက်‌နေတဲ့ ပြည်တွင်းငြိမ်းချမ်း‌ရေး၊ အပစ်အခတ်ရပ်စဲ ‌ရေးဟာ ဒုက္ခသည်‌တွေအ‌ပေါ် ဘယ်‌လောက်အထိ အကျိုးသက်‌ရောက်မှု ရှိ‌စေပါသလဲ။
အခုလက်ရှိအ‌နေနဲ့က‌တော့ သူတို့အချင်းချင်းလိုအပ်တဲ့ ပန်းတိုင်ကို မ‌ရောက်‌သေးဘူးဆိုတာကို ကျမ‌ပြောချင်ပါတယ်။ ဘာဖြစ် လို့လဲဆိုရင် ဒီ‌နေ့တိုင်းရင်းသားအဖွဲ့အစည်း‌တွေ ‌တောင်းဆိုချက်နဲ့ နိုင်ငံ‌တော်အစိုးရရဲ့ ရပ်တည်ချက်က သိပ်မအပ်စပ်‌သေးတဲ့အ ခါကျ‌တော့ အချင်းချင်းညှိ‌နေရတယ်။ သူတို့ရဲ့‌ဆွေး‌နွေးချက်က လက်ခံနိုင်တဲ့ အာမခံချက်တစ်ခု ရှိလာတဲ့အ‌ပေါ်မှာမှ ကျမတို့ဒုက္ခ သည်‌တွေအတွက် ထူးထူးခြားခြား စီစဉ်‌ဆောင်ရွက်သွားလို့ ရမှာပါ။ အခုက ဘာမှလုပ်‌ဆောင်လို့ မရ‌သေးတဲ့ အ‌ခြေအ‌နေမှာ ရှိ တယ်။ ကျမတို့အ‌နေနဲ့က‌တော့ သူတို့ရဲ့ ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမှု မပျက်ဖို့ပဲ မြင်ချင်ပါတယ်။ ‌ဆွေး‌နွေးမှုပျက်သွားခဲ့မယ်ဆိုရင် ကျမတို့ဒုက္ခသည်‌တွေအ‌ပေါ် အကျိုးသက်‌ရောက်မှုရှိလာနိုင်တယ်‌လေ။

– ဒုက္ခသည်‌တွေအ‌နေနဲ့က တစ်‌နေ့ကျရင် ပြန်ရမယ်ဆိုတဲ့အခါကျ‌တော့ ဒီအ‌ပေါ်မှာ ဆရာမတို့အ‌နေနဲ့ မြန်မာအစိုးရနဲ့ ဒုက္ခ သည်အ‌ရေး ‌ဆွေး‌နွေးခဲ့တာများ ရှိပါသလား။ ‌ရှေ့ဆက်ပြီး‌တော့‌ရော အလားတူ ဘာ‌တွေ လုပ်‌ဆောင်သွားဖို့ရှိပါသလဲ။
ကျမတို့ KRC ဥက္ကဌ အ‌နေနဲ့ ဒီနှစ်ထဲမှာပဲ တရားဝင် ကရင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ အလွတ်သ‌ဘော သွား‌ရောက်‌တွေ့ဆုံတာမျိုး တစ်ခါ‌တော့ရှိပါတယ်။ ‌ထွေ‌ထွေထူးထူး ‌ဆွေး‌နွေးတိုင်ပင်ခဲ့တာမျိုး‌တော့ မရှိပါဘူး။ ဒါ‌ပေမယ့် အ‌ခြေအ‌နေတစ်ခု ‌ပြောင်းလဲလာ တဲ့အခါမှာ‌တော့ ဆက်လက် ‌တွေ့ဆုံ‌ဆွေး‌နွေးဖို့‌တော့ ရှိလာမှာပါ။ အခုထိ‌တော့ ဘာမှမရှိ‌သေးပါဘူး။

– အစိုးရအ‌နေနဲ့က‌တော့ ဒုက္ခသည်‌တွေပြန်လာဖို့အတွက် ‌မြေ‌နေရာ‌တွေ၊ အိမ်‌တွေ‌ဆောက်ထားတယ်လို့ သိရပါတယ်။ အဲဒီအ ‌ပေါ်မှာ ဆရာမတို့အ‌နေနဲ့ ဘယ်လိုမျိုး ကြားသိရလဲ။ အ‌ခြေအ‌နေ‌ရော ဘယ်လိုရှိပါလဲခင်ဗျာ။
ကျမတို့ KRC ဥက္ကဌ အ‌နေနဲ့ ပြည်နယ်အစိုးရနဲ့ သွားမ‌တွေ့ခင်‌လေးမှာပဲ သူ့အစီအစဉ်နဲ့သူ အဲဒီ‌နေရာ‌တွေကို သွား‌ရောက်‌လေ့ လာခဲ့ပါတယ်။ ဒါ‌ပေမယ့် သွားကြည့်လိုက်တဲ့အခါမှာ ‌နေရာထိုင်ခင်း‌တွေက အဆင်မ‌ပြေပါဘူး။ ‌ဆောက်ထားတဲ့ အိမ်‌တွေ‌ရော ခိုင်ခံ့မှု၊ အကျယ်အဝန်းကအစ ဒုက္ခသည်‌တွေနဲ့ မသင့်‌တော်ဘူးဆိုတာကို မှတ်ချက်ချလာခဲ့ပါတယ်။

– ထိုင်းအာဏာပိုင်‌တွေက ဒုက္ခသည်‌တွေကို အမြန်ဆုံးပြန်ပို့ဖို့ စီစဉ်ခဲ့ရင် ဘယ်လိုအကျိုးဆက်‌တွေ ဖြစ်‌ပေါ်လာနိုင်လဲလို့ ယူဆ ပါသလဲ။
ပထမအချက်အ‌နေနဲ့က‌တော့ စား ဝတ် ‌နေ‌ရေးဖြစ်မယ်။ ‌နောက်တစ်ခုက ‌နေရာထိုင်ခင်း အိုးအိမ်‌ပေါ့‌နော်။ ကျန်းမာ‌ရေးက အစ ‌ပေါ့။ ဒါ‌ပေမယ့် ပြန်ရမယ့်အချိန်က ‌ပေါ်လာပြီဆိုရင်‌တော့ ကျမတို့ ပြန်လည်‌နေရာချထား‌ရေး ‌ကော်မတီဖွဲ့ရပါမယ်။ ‌နောက်ပြီး ‌တော့ ပြန်လည်အ‌ခြေချ‌နေထိုင်ရင် သူတို့ဆက်လက်ရပ်တည်နိုင်‌ရေးအတွက် ထိုင်း၊ မြန်မာအစိုးရ၊ ဒုက္ခသည်‌ကော်မတီ‌တွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း‌တွေနဲ့ ပူး‌ပေါင်းလုပ်‌ဆောင်သွားဖို့ ရှိပါတယ်။

– လက်ရှိ ဒုက္ခသည်‌တွေကို အကူအညီ‌ပေး‌နေတဲ့ TBC ရဲ့ သ‌ဘောထားက‌ရော ဘယ်လိုရှိတယ်လို့ သိထားပါသလဲ။
TBC အ‌နေနဲ့ ဒုက္ခသည်‌တွေကို အကူအညီ‌ပေး‌နေတဲ့ အပိုင်းနှစ်ပိုင်းရှိပါတယ်။ လူသားချင်းစာနာ‌ထောက်ထားမှု အကူအညီရယ်၊ ဖွံ့ဖြိုး‌ရေးအ‌ထောက်အကူ ဆိုပြီးရှိပါတယ်။ လူသားချင်းစာနာ ‌ထောက်ထားမှု အကူအညီက‌တော့ ကျမတို့ ဒုက္ခသည်‌တွေအ‌ပေါ် မှာ အ‌ရေး‌ပေါ်အ‌ခြေအ‌နေဆိုတာ နည်းသွားပါပြီ။ သူတို့က နှစ်‌ပေါင်း ၃၀‌ကျော် အ‌ရေး‌ပေါ်အကူအညီအ‌နေနဲ့ ‌ပေးခဲ့တာကို ပြန် သုံးသပ်ကြည့်လို်က်တဲ့အခါ အ‌ရေး‌ပေါ်အကူအညီဆိုတာ အခုချိန်မှာ သိပ်မလိုအပ်‌တော့ဘူး။ တကယ်လို့ရှိလာခဲ့ရင်လည်း သူတို့ က ကူညီဖို့အဆင်သင့်ပဲ။ ‌နောက်တစ်ခုက သူတို့အ‌နေနဲ့ ၂၀၁၄က‌နေ ၂၀၁၆အထိ အကူအညီ‌ပေးဖို့ အစီအစဉ်ချထားတာ ရှိပါ တယ်။ ၂၀၁၇က‌တော့ ဖြစ်လာတဲ့အ‌ခြေအ‌နေ‌ပေါ်မှာ မှုတည်ပြီး‌တော့ သူတို့အ‌နေနဲ့ ဆက်လက် လုပ်‌ဆောင်သွားဖို့ရှိသလို ဒုက္ခ သည်‌တွေကို တတ်နိုင်သမျှ ဆက်လက် ကူညီသွားဖို့ရှိတယ်ဆိုတာ သိရပါတယ်။

– အခု‌မေးမြန်းသွားတဲ့အထဲမှာ မပါဝင်‌သေးတာရှိရင် ‌နောက်ထပ် ဘာများ ဖြည့်စွက်‌ပြောချင်ပါသလဲ။
ကျမတို့ဒုက္ခသည်‌တွေအ‌နေနဲ့ နိုင်ငံနှစ်ခုကြားထဲမှာ ရှိ‌နေပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်‌ပြောင်းလဲခါစ အ‌ခြေအ‌နေနဲ့ ထိုင်းနိုင်ငံရဲ့ အ‌ပြောင်းအလဲအ‌ပေါ်မှာ ကျမတို့ရှိ‌နေပါတယ်။ အခုတက်လာတဲ့ ထိုင်းအစိုးရကလည်း ကျမတို့ ဒုက္ခသည်‌တွေအ‌ပေါ်မှာ လူသား ချင်း စာနာမှုမရှိတဲ့ ပြုမှုဆက်ဆံမှုမျိုး‌တော့ လုပ်မှာမဟုတ်ဘူးလို့ ကျမတို့မြင်ပါတယ်။ ကျမတို့အတွက် အာမခံချက်ရှိတဲ့ တစ်‌နေ့ ကျရင် ကျမတို့ ကိုယ့်အိမ်ကို ကိုယ်ပြန်ရမှာပါ။ ဒါ‌ပေမယ့် အခု ကျမတို့ပြန်ရမယ့်အချိန် မ‌ရောက်‌သေးတဲ့အတွက် ‌လော‌လော ဆယ် မပြန်နိုင်‌သေးပါဘူးလို့ ‌နောက်ဆုံးအ‌နေနဲ့ ‌ပြောချင်ပါတယ်။