Home သတင်း သွားလာ‌ရေးနှင့် လုံခြုံ‌ရေးခက်ခဲ၍ မယ်‌တော်‌ဆေးခန်းတွင် လူနာဦး‌ရေ ‌လျော့ကျ

သွားလာ‌ရေးနှင့် လုံခြုံ‌ရေးခက်ခဲ၍ မယ်‌တော်‌ဆေးခန်းတွင် လူနာဦး‌ရေ ‌လျော့ကျ

1657

ဇွန် ၁၇ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့အ‌ခြေစိုက် အခမဲ့ ‌ဆေးကုသ‌ပေး‌နေသည့် မယ်‌တော်‌ဆေးခန်းတွင် ‌မေ ၂၂ရက်‌နေ့စ၍ ထိုင်း စစ်တပ်က အာဏာသိမ်းပြီး‌နောက်ပိုင်း သွားလာ‌ရေးနှင့် လုံခြုံ‌ရေးအခက်အခဲ‌ကြောင့် ပုံမှန် ‌ဆေးလာ‌ရောက်ကုသလျှက်ရှိ‌သော လူနာအ‌ရေအတွက်မှာ ‌လျော့နည်းကျဆင်းသွား‌ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း စစ်တပ်အာဏာမသိမ်းမီက ‌ဆေးခန်းလာ‌ရောက်မှုနှုန်းတွင် ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာ ‌ရွှေ့‌ပြောင်းအလုပ်သ မားများနှင့် မြန်မာနိုင်ငံအတွင်းမှ လာ‌ရောက်‌ဆေးကုသမှုခံယူသူမှာ ပျမ်းမျှအားဖြင့် တစ်‌နေ့လျှင် ၄၅၀-၅၀ဝဦးခန့်ရှိ‌သော်လည်း ယခု ဇွန်လ ဒုတိယပတ်အထိ ၃၅ဝ ဝန်းကျင်သာ ရှိ‌တော့သည်ဟု မယ်‌တော်‌ဆေးခန်း လူနာမှတ်ပုံတင်ဌာန တာဝန်ခံ ကို‌အောင် မျိုးက ‌ပြောသည်။

“အရင်ကဆို တနလင်္ာ၊ ဗုဒ္ခဟူး၊ စ‌နေ‌နေ့‌တွေဆို လူများတယ်။ အခုက အဲ‌လောက် မများ‌တော့ဘူး။ သူတို့ လုံခြုံ‌ရေးနဲ့ သွားလာ ‌ရေး အခက်အခဲ‌ကြောင့်ရယ်၊ လမ်းပိတ်ထားတာရယ်‌ကြောင့် ဒီကို လာကုချင်‌ပေမယ့် လာလို့မရဲတာလည်း ပါမှာ‌ပေါ့”ဟု ကို ‌အောင်မျိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုင်းစစ်တပ်အာဏာမသိမ်းမီက ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း‌ဒေသကြီး၊ ရန်ကုန်၊ မန္တ‌လေးအထိ ‌ဆေးလာ‌ရောက်ကု သသူများရှိပြီး မြဝတီတံတားမှတဆင့် လာ‌ရောက်သူများရှိသလို တံတား‌အောက်တွင် ဖွင့်လှစ်ထား‌သော ‌လှေဂိတ်များမှတဆင့် ဖြတ်‌ကျော်ကာ လာ‌ရောက်‌ဆေးကုသသူများလည်း ရှိသည်ဟု မယ်‌တော်‌ဆေးခန်း တာဝန်ရှိသူများက ဆိုသည်။

မယ်‌တော်‌ဆေးခန်းသို့ လာ‌ရောက်‌ဆေးကုသူတစ်ဦးဖြစ်သည့် ပဲခူးတိုင်း‌ဒေသကြီး ‌ကျောက်တန်း‌ကျေးရွာမှ မျက်စိလူနာရှင် ‌ဒေါ်ဝင်းကြည်က “အ‌ဒေါ်တို့က‌လှေဂိတ်က‌နေ လာတာပါ။ အရင်လို‌တော့ လွတ်လွတ်လပ်လပ် သွားလို့မရ‌တော့ဘူး။ အခုမျက် လုံးပြပြီး ပြန်မယ်ဆိုရင်‌တော့ သွား‌ရေးလာ‌ရေးက ဘယ်လိုဖြစ်မလဲ မသိ‌သေးဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအပြင် စစ်အာဏာသိမ်းခဲ့ပြီး‌နောက်ပိုင်း ဇွန်လ ၃ရက်‌နေ့မှစ၍ မဲ‌ဆောက်မြို့ရှိ တရားမဝင် မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမား များကို စစ်တပ်အာဏာပိုင်၊ လူဝင်မှုကြီးကြပ်‌ရေးနှင့် နယ်ခြားလုံခြုံ‌ရေး‌စောင့်တပ်များ ပူး‌ပေါင်းပြီး ဖမ်းဆီးမှုပြု‌နေမှုများ ရှိသည့်အ ‌ပေါ် မယ်‌တော်‌ဆေးခန်းသို့ သွား‌ရောက်‌ဆေးကုသမှု နည်းလာရသည့်အ‌ကြောင်းတစ်ခုလည်း ပါဝင်‌ကြောင်းလည်း မြန်မာ‌ရွှေ့ ‌ပြောင်းအလုပ်သမားများက ‌ပြောဆို‌နေကြသည်။

ယင်းသို့ အ‌ခြေအ‌နေများ‌ကြောင့် မဲ‌ဆောက်မြို့နှင့် အနီးတဝိုက်ရှိ အ‌ထောက်အထားမဲ့ မြန်မာနိုင်ငံသားများ လာ‌ရောက်‌ဆေးကု သရန် များစွာ အခက်အခဲရှိသလို ‌ဆေးခန်းဝန်ထမ်းများကပင် ‌နေထိုင်‌ရေးအတွက် လုံခြုံ‌ရေးအရ စိုးရိမ်မှုများရှိ‌နေသည်ဟု မယ် ‌တော်‌ဆေးခန်း လူနာမှတ်ပုံတင်ဌာန ကို‌အောင်မျိုးက ဆက်‌ပြောသည်။

ကရင်အမျိုးသမီးဖြစ်သူ ‌ဒေါက်တာ စင်သီယာ‌မောင်မှဦး‌ဆောင်ကာ ၁၉၈၉ခုနှစ်က စတင်တည်‌ထောင်ခဲ့သည့် အခမဲ့ ‌ဆေးကုသ ‌ပေး‌နေ‌သော မယ်‌တော်‌ဆေးခန်းသို့ ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက်နှင့် မြန်မာပြည်တွင်းမှ နှစ်စဉ် ‌ဆေးလာ‌ရောက်ကုသသူ လူနာဦး‌ရေမှာ ပျမ်းမျှအားဖြင့် တစ်သိန်းခွဲ‌ကျော်ရှိသည်ဟု ၎င်း‌ဆေးခန်း၏ လူနာစာရင်းမှတ်တမ်းအရ သိရသည်။