Home လူငယ့်အသံ လူငယ့်အမြင် လူငယ်များ၏ စကားလက်‌ဆောင်

လူငယ်များ၏ စကားလက်‌ဆောင်

1930

နန်းစီစီးလျာဒွဲ ၂၃နှစ်

ပညာအရည်အချင်း Bachelor of Arts (BA)
Event Management and Social Science (Major in Politics) Postgrad Student in Public Policy
ဝါသနာ ဓာတ်ပုံရိုက်

ကျမမှာ ‌မောင်နှမ ၇‌ယောက်ရှိတယ်။ ဒုတိယ‌မြောက်သမီး ဖြစ်တယ်။ အခုလက်ရှိ မိသားစုနဲ့အတူ နယူးဇီလန်နိုင်ငံမှာ‌နေတယ်။ ကျမကို ‌မွေးဖွားခဲ့တာက ထိုင်းမှာပဲဖြစ်ပြီး အသက် ၁ဝနှစ်အရွယ်က နိုင်ငံခြားကို ‌ရောက်လာခဲ့ရတာပါ။ ဒီ‌တော့ မြန်မာပြည်ကို ‌တော့ တစ်ခါမှမ‌ရောက်ဖူးဘူး။ မိဘ‌တွေက ၈‌လေးလုံး(အ‌ရေးအခင်း)တုန်းက ထိုင်းဘက်ကို ထွက်လာတယ်။ ၁၃နှစ်ကြာမှ ထိုင်း နိုင်ငံ ကရင်လူမျိုး‌တွေ‌နေတဲ့‌နေရာကို အခုတစ်‌ခေါက် ပြန်‌ရောက်ဖူးတယ်။ နိုင်ငံခြားကိုသွားတာက ဒုက္ခသည်အ‌နေနဲ့သွားတယ်။ ဟိုမှာ‌ရောက်‌တော့ ဒုက္ခသည်ကလာတဲ့က‌လေးက အဂင်္လိပ်စကားလည်း မတတ်ဘူး။ ထိုင်းမှာက ၂တန်းအထိပဲ ‌နေဖူးတယ်။ တစ်ချို့လူ‌တွေက ကိုယ့်ကိုစကားလာ‌ပြောတယ်။ စကြတယ်၊ ‌နောက်ကြတယ်‌ပေါ့‌နော်။ ‌နောက်‌တော့ တတ်‌အောင်ဆိုပြီး‌တော့ စကားကိုကြိုးစားပြီး‌ပြောတယ်။ သူငယ်ချင်း‌တွေလည်းများလာ‌တော့ ဗဟုသုတ‌တွေ ပိုပြီး‌တော့ များလာတယ်။

‌နောက်ပြီး‌ကျောင်းဆက်တက်တယ်။ အခု‌ကျောင်းပြီး‌တော့ ကျမ ကရင်လူမျိုးအတွက် တစ်ဖက်တစ်လမ်းက ပြန်ပြီးဝိုင်းကူညီ‌ပေး ချင်လို့ အခု New Zealand Karen Association မှာ တွဲဖက်အတွင်း‌ရေးမှူးအဖြစ် တာဝန်ယူ‌ပေးတယ်။ ‌နောက်‌တော့ ကရင်ဒုက္ခ သည်စခန်းက‌နေ နယူးဇီလန်ကိုသွားတဲ့ ကရင်လူမျိုး‌တွေကို ကူညီ‌ပေးတယ်။ ကိုယ့်ကရင်က‌လေး‌တွေကို စာသင်‌ပေးတယ်။ ပြီး ‌တော့ စစချင်း ‌ရောက်လာတဲ့ ကရင်‌တွေ သွားလာမတတ်တာ‌တွေကို လိုက်ပို့‌ပေးတယ်။ ဥပမာ သူတို့‌ဈေးသွားဝယ်တာတို့ ‌ဆေး ရုံ‌ဆေးခန်းသွားရတာတို့ အဲဒါ‌တွေကိုပို့‌ပေးတယ်။ အဂင်္လိပ်စကား‌တွေသင်‌ပေးတယ်။ ကူညီ‌ပေးတယ်။

ငယ်ငယ်တုန်းက‌တော့ ကိုယ့်ကရင်လူမျိုးအ‌ခြေအ‌နေနဲ့ ပတ်သက်ပြီးသိပ်မသိဘူး။ နိုင်ငံခြားမှာ ကြီးလာတယ်ဆို‌တော့ မိဘ‌တွေ က ကရင်အ‌ကြောင်း‌တွေကို ‌ပြောပြ‌ပေးတယ်။ Karen News ဝက်ဘ်ဆိုက်ကို ကျမ အမြဲကြည့်‌တော့ ကရင်သတင်း‌တွေ သိရ တယ်။ အသစ်‌ရောက်လာတဲ့ ကရင်‌တွေကို ကူညီ‌ပေးတယ်ဆို‌တော့ ပိုပြီးသိလာတယ်။ ကရင်ယဉ်‌ကျေးမှုကိုလည်း ‌လေ့လာ တယ်။ ကရင်လူမျိုး‌တွေ ဘယ်လိုဝတ်စား ဆင်ယင်လဲ၊ နိုင်ငံခြားမှာရှိတဲ့ကရင်နဲ့ ဒီမှာရှိတဲ့ကရင်နဲ့ ‌နေထိုင်ပုံ ဘယ်လိုကွာလဲဆို တာ ‌လေ့လာကြည့်တယ်။ ဒါ‌ပေမဲ့ မတူတာ‌တွေများတယ်။ နိုင်ငံခြားမှာ‌ရောက်တဲ့ တစ်ချို့ကရင်လူမျိုး‌တွေကိုကြည့်ပြီး တစ်ခု စိတ်မ‌ကောင်းဖြစ်မိတယ်။ ဘာဖြစ်လဲဆို‌တော့ ကရင်အချင်းချင်း‌တောင်မှ မညီညွတ်‌သေးဘူး။ ဥပမာ တချို့ဆို ကရင်ရိုးရာလက် ချည်ပွဲ‌တွေ ကျင်းပတယ်။ ဒါ‌ပေမဲ့ တစ်ချို့လူ‌တွေက ဒီလက်ချည်ပွဲဟာ သူတို့နဲ့ မသက်ဆိုင်ဘူး။ မပတ်သက်ဘူးဆိုပြီး‌တော့ ခွဲခြား ပြီး‌နေတာ ရှိတယ်။ ဒါက ဘာသာမတူလို့ အယုံအကြည်မရှိဘူး၊ တစ်ချို့‌တွေက‌ပြောတယ်။ ‌ပြောချင်တာက ဒီလိုမ‌နေသင့်ဘူး ‌ပေါ့။ ကရင်အချင်းချင်း ပူး‌ပေါင်းပါဝင်သင့်တယ်။ လက်ချည်ပွဲလုပ်တာလည်း ကရင်အချင်းချင်း စည်းလုံးညီညွတ်မှုတစ်ခုပဲ။

လူငယ်‌တွေအတွက် ‌ပြောချင်တာက ပညာကို‌တော့ မဖြစ်မ‌နေ ကြိုးစားသင်ယူချင်တယ်။ ပြီး‌တော့ ကိုယ့် လူမျိုးသမိုင်း‌တွေကို လည်း ‌လေ့လာ‌စေချင်တယ်။ တန်ဖိုးထား‌စေချင်တယ်။ လူငယ်‌တွေက အနာဂတ်မှာ ဦး‌ဆောင်လာရမဲ့အတွက် အ‌ရေးကြီးလို့ ပိုပြီး ဦးစား‌ပေး‌စေချင်တယ် ကြိုးစား‌စေချင်တယ်လို့ ‌ပြောချင်ပါတယ်။