Home သတင်း ဖားအံ လူမှုအဖွဲ့အစည်းများ ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဆိုင်ရာ အလုပ်ရုံ‌ဆွေး‌နွေးပွဲပြုလုပ်

ဖားအံ လူမှုအဖွဲ့အစည်းများ ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဆိုင်ရာ အလုပ်ရုံ‌ဆွေး‌နွေးပွဲပြုလုပ်

1568

ဇွန် ၂၇ရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း

ကရင်ပြည်နယ်၊ ဖားအံမြို့အ‌ခြေစိုက် ကရင်လူမှုအဖွဲ့အစည်းများ စု‌ပေါင်း၍ ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဆိုင်ရာ အလုပ်ရုံ‌ဆွေး‌နွေး ပွဲတရပ်ကို ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် ပြည်လမ်းမ‌ပေါ်ရှိ မြန်မာနိုင်ငံ ခရစ်ယာန်‌ကောင်စီ ရုံးခမ်းမတွင် ဇွန် ၂၅ရက်နှင့် ၂၆ရက် ‌နေ့တို့တွင် ပြုလုပ်ခဲ့ကြသည်။

အလုပ်ရုံ‌ဆွေး‌နွေးပွဲ ဦး‌ဆောင်စီစဉ်သူတစ်ဦးဖြစ်သည့် Youth Circle မှ ‌စောထွန်းထွန်းက “ဒီအလုပ်ရုံ ‌ဆွေး‌နွေးပွဲကို သဘာဝ ပတ်ဝန်းကျင်၊ သတ္တုတူး‌ဖော်‌ရေးဆိုင်ရာကိစ္စရပ်‌တွေကို ‌ဒေသခံ‌တွေ ရှင်းရှင်းလင်းလင်း သိရှိ‌စေဖို့၊ ‌ဒေသခံ‌တွေအ‌နေနဲ့ မိမိတို့ ရင်ဆိုင်‌နေရတဲ့ ပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာကိစ္စရပ်‌တွေမှာ ကိုယ်တိုင် ပါဝင်လုပ်‌ဆောင်တက်‌စေဖို့နဲ့ သဘာဝပတ်ဝန်းကျင်ကို စနစ်တကျ စီမံခန့်ခွဲမှုအပိုင်းကို ပိုမိုသိရှိလာ‌စေရန် ရည်ရွယ်ပြုလုပ်တာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို ့‌ပြောသည်။

နှစ်ရက်တာ ပြုလုပ်ခဲ့သည့် ၎င်းအလုပ်ရုံ‌ဆွေး‌နွေးပွဲ၌ ဖားအံမြို့အ‌ခြေစိုက် ငြိမ်း‌ဖောင်‌ဒေးရှင်း၊ ရှလွန်း‌ဖောင်‌ဒေးရှင်း၊ ဖားအံကရင် လူငယ်ကွန်ရက်၊ ဖားအံမြို့အ‌ခြေစိုက် ၈၈ငြိမ်းချမ်း‌ရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်း၊ ဖားအံမြို့နယ်ရှိ ‌ကျေးရွာအုပ်စုများမှ ‌ဒေသခံ ရွာ သူရွာသားများနှင့် ရန်ကုန်ကရင်လူငယ်ကွန်ရက် စသည့်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်စုစု‌ပေါင်း ၂၆ဦးပါဝင်တက်‌ရောက် ခဲ့ကြ‌ကြောင်း သိရသည်။

ထို့အပြင် အလုပ်ရုံ‌ဆွေး‌နွေးပွဲ ပထမ‌နေ့၌ ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေး အသိပညာရှင် ‌ဒေါ်‌ဒေဝီသန့်စင်၊ သတ္တုတွင်းဦးစီးဌာနမှ အငြိမ်းစားဒုတိယညွန်ကြား‌ရေးမှူး ဦးစိန်မြင့်တို့ကလည်း‌ကောင်း၊ ဒုတိယ‌နေ့တွင် သတ္တုတွင်းပညာရှင် ‌စောမိုးမြင့်၊ ဓာတု‌ဗေဒ ပညာရှင် ‌ဒေါက်တာခင်‌မောင်ညိုတို့ကလည်း‌ကောင်း ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေး၊ ဥပ‌ဒေ‌ရေးရာများကို လာ‌ရောက်‌ဆွေး‌နွေး ‌ဟော‌ပြောခဲ့ကြသည်။

“အခုဆရာ‌တွေ ‌ပြောသွားတာ ဗဟုသုတအများကြီးရတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးလုပ်ဖို ့ ရွာသား‌တွေလည်း တက်တက် ကြွကြွ ရှိတယ်၊ ပြန်‌ရောက်ရင်လည်း ‌ဒေသခံ‌တွေကို တဆင့်ပြန်ရှင်းပြမယ်။ ‌နောက်တခုက ဥပ‌ဒေဆိုင်ရာ အချက်အလက်‌တွေ ကို ကျ‌နော်တို ့မသိ‌သေးဘူး။ အခု ပိုသိလာတယ်။ ဥပ‌ဒေဆိုင်ရာအပိုင်းကို ‌သေချာပြန်‌လေ့လာပြီး တခုခုဆို ဒါနဲ ့ရှင်းလင်းတတ် ‌အောင်လုပ်မယ်”ဟု ‌ဆွေး‌နွေးပွဲတွင်ပါဝင်ခဲ့သူ ဖားအံမြို့နယ်၊ မိကရင်‌ကျေးရွာသား ‌စောဉာဏ်ဝင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

အလုပ်ရုံ‌ဆွေး‌နွေးပွဲနှင့် ပတ်သက်၍ လာ‌ရောက်‌ဟော‌ပြောခဲ့သူ ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးပညာရှင် ‌ဒေါ်‌ဒေဝီသန့်စင်က ယခုကဲ့ သို ့ ‌ဒေသခံများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးဆိုင်ရာ ကိစ္စရပ်များကို ‌ပြောဆို‌ဆွေး‌နွေးရသည်မှာ အကျိုးရှိပြီး အစိုးရ အ‌နေဖြင့် ဖွံ့ဖြိုး‌ရေးအတွက် စီမံကိန်းများလုပ်‌ဆောင်ရာတွင် ‌ရေရှည် ဖွံ့ဖြိုး‌ရေးအပိုင်းကိုကြည့်မှသာ စစ်မှန်သည့် ဖွံ့ဖြိုး‌ရေးဖြစ်နိုင် ‌ကြောင်းနှင့် ‌ရေတိုဖွံ့ဖြိုး‌ရေး‌ကြောင့် ‌ဒေသခံများ ‌ရေရှည်ထိခိုက်နစ်နာမှုရှိမည်ကို ‌ဆွေး‌နွေပွဲတက်‌ရောက်သူများက သ‌ဘော ‌ပေါက်နားလည်‌နေသည်ကို ‌တွေ့ရသည့်အတွက် အားရမိ‌ကြောင်း ‌ပြောဆိုသည်။

လက်ရှိ ကရင်ပြည်နယ်အတွင်း ဖွံ့ဖြိုး‌ရေးအ‌ကြောင်းပြ ‌ရေကာတာတည်‌ဆောက်ခြင်း၊ ဘိလပ်‌မြေစက်ရုံ တည်‌ဆောက်‌ရေး၊ သတ္တုတူး‌ဖော်‌ရေးလုပ်ငန်းများ လာ‌ရောက်လုပ်‌ဆောင်ရန် လုပ်ငန်းရှင်များက ကြိုးပမ်း‌နေမှုများရှိ‌နေပြီး ယင်းတို့‌ကြောင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်နိုင်သလို ပွင့်လင်းမြင်သာမှုအပိုင်းလည်း အားနည်း‌နေ‌သေး‌ကြောင်း မြန်မာပြည်တွင်း လူမှုအဖွဲ့အစည်းများ က ‌ပြောဆို‌နေကြသည်။