Home သတင်း ပုဒ်မ ၄၃၆ ပြင်ဆင်‌ရေး ဘုရားသုံးဆူမြို့တွင် လက်မှတ် ၁၀၀ဝနီးပါး NLD ‌ကောက်ခံရရှိ

ပုဒ်မ ၄၃၆ ပြင်ဆင်‌ရေး ဘုရားသုံးဆူမြို့တွင် လက်မှတ် ၁၀၀ဝနီးပါး NLD ‌ကောက်ခံရရှိ

1826

ဇွန် ၂၆ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင် ပုဒ်မ ၄၃၆ ပြင်ဆင်‌ရေးအတွက် NLD (အမျိုးသားဒီက‌ရေစီအဖွဲ့ချုပ်)မှ တာဝန်ရှိသူများက ဦး‌ဆောင်၍ လက်မှတ်‌ရေးထိုး‌ကောက်ခံရာ ယမန်‌နေ့တစ်ရက်တည်းနှင့် လက်မှတ်‌ပေါင်း တစ်‌ထောင်နီးပါး ‌ကောက်ခံရရှိခဲ့သည်။

ဘုရားသုံးဆူမြို့ NLD ဒုတိယ တာဝန်ခံ ဦးမျိုး‌အောင်က “ကျ‌နော်တို့ တစ်ရက်ပဲ ‌ကောက်‌သေးတာ လက်မှတ်တစ်‌ထောင် ‌လောက် ရသွားပြီး‌ပေါ့‌နော်။ လက်မှတ်‌ရေးထိုး ‌ကောက်ခံတာ‌တော့ ဘုရားသုံးဆူမြို့ အတွင်းအပြင်ဘက် နီးစပ်ရာ ‌ကျေးရွာ‌တွေ အထိ ‌ကောက်ခံသွားမယ်။ ပြီး‌တော့ ပြည်ပမှာ အလုပ်သွားလုပ်တဲ့လူ‌တွေကိုလည်း လက်ကမ်းစာ‌စောင်က‌နေတဆင့် ပို့ပြီး ‌ကောက်ခံသွားမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်‌ရေး လက်မှတ်‌ရေးထိုး‌ကောက်ခံခြင်းကို ဇွန် ၂၅ရက်မှ ဇူလိုင် ၁၉ရက်‌နေ့အထိ ဘုရားသုံးဆူမြို့ရှိ NLD အဖွဲ့ ဝင်များက လိုက်လံ‌ကောက်ခံသွားဖြစ်‌ကြောင်းနှင့် ယင်းသို့‌ကောက်ခံရာတွင် အတင်းအကြပ်သ‌ဘောမျိုး မဟုတ်ဘဲ ပြည်သူလူ ထု၏ ဆန္ဒများအရသာ ‌ကောက်ခံရန် NLD ဥက္ကဌ ‌ဒေါ်‌အောင်ဆန်းစုကြည်က မှာထား‌ကြောင်းလည်း ၎င်းက ဆက်‌ပြောသည်။

ထို့အပြင် လက်ရှိ လက်မှတ်‌ရေးထိုး ‌ကောက်ခံရာတွင် တစ်အိမ်တက် တစ်အိမ်ဆင်းပုံစံဖြင့် ပြုလုပ်‌ပေးခြင်းမဟုတ်‌ကြောင်း၊ ဘုရားသုံးဆူ မြို့ရှိ NLD ရုံးတွင် နံနက် ၈နာရီမှ ‌နေ့လယ်၁၂နာရီထိ ဖွင့်ထား‌ကြောင်းနှင့် ၄၃၆ ပြင်ဆင်‌ရေးအတွက် ‌ထောက်ခံသူများ မည်သူမဆို လာ‌ရောက်လက်မှတ်ထိုးနိုင်‌ကြောင်း ဘုရားသုံးဆူ NLD က ဆိုသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်‌ရေး လက်မှတ်‌ရေးထိုးထားသူ ဘုရားသုံးဆူမြို့ခံ ဦး‌အောင်မြတ်က “ကျ‌နော်တို့ လူထုအ‌နေနဲ့ ဒီ၂၀၀၈ ဖွဲ့စည်း ပုံ ပုဒ်မ ၄၃၆ ပြင်ဆင်မှသာ တိုင်းရင်းသား‌တွေအားလုံး တန်းတူအခွင့်အ‌ရေးရလာမှာ ဖြစ်ပါတယ်။ ဒါ‌ကြောင့် ဒီဟာက ဖွဲ့စည်းပုံ ပုဒ်မ‌တွေထဲမှာ အဓိက ‌သော့ချက်ဖြစ်တဲ့အတွက် ပြင်ဆင်ဖို့ ‌ထောက်ခံ‌သောအ‌နေနဲ့ လက်မှတ်လာ‌ရောက်‌ရေးထိုးတာ ဖြစ်ပါ တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဘုရားသုံးဆူ NLD ၏ သတင်းတာဝန်ခံ ဦးဝင်းကြိုင်ကလည်း “ဒီပထမရက်လုပ်တာ တကယ် ‌အောင်မြင်တယ်။ လူ‌တွေကလည်း မိုးထဲ‌ရေထဲမှာလာပြီး ဆန္ဒထုတ်‌ဖော်ကြတယ်။ သူတို့က ဒီပုဒ်မ ၄၃၆ကို ပြင်ဆင်ဖို့ တကယ်ဖြစ်ချင်တဲ့ ဆန္ဒရှိရှိနဲ့ လက်မှတ်လာ ‌ရောက်‌ရေးထိုးတာလို့ မြင်တယ်”ဟု ‌ပြောသည်။

ယမန်‌နေ့က ဘုရားသုံးဆူမြို့၌ NLD အဖွဲ့မှ ပုဒ်မ ၄၃၆ ပြင်ဆင်‌ရေး လက်မှတ်‌ရေးထိုးခြင်း အခမ်းအနား ပြုလုပ်ခဲ့သလို တစ်ချိန် တည်းမှာပင် ၂၀၁၃-၂၀၁၄ တက္ကသိုလ်ဝင်တန်း ‌အောင်မြင်‌သော ထူးချွန်‌ကျောင်းသူ‌ကျောင်းသားများကိုပါ ဆုချီးမြှင့်‌ပေးခဲ့သည်။

ပုဒ်မ ၄၃၆ သည် ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေများတွင် ပါရှိသည့် ဥပ‌ဒေပုဒ်မများကို ပြင်ဆင်လိုပါက ပြည်‌ထောင်စု လွှတ်‌တော် ကိုယ်စားလှယ် ၇၅ရာခိုင်နှုန်း‌ကျော် သ‌ဘောတူညီပြီး ဒုတိယအဆင့် ပြည်လုံးကျွတ် ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပကာ ဆန္ဒမဲ‌ပေးပိုင် ခွင့်ရှိသူ အားလုံး၏ ၅ဝရာခိုင်နှုန်း‌ကျော် သ‌ဘောတူညီမှသာ ပြင်ဆင်နိုင်သည်ဖြစ်‌သော‌ကြောင့် NLD ဥက္ကဌ ‌ဒေါ်‌အောင်ဆန်းစု ကြည်ကိုယ်တိုင် ယခုပုဒ်မ ပြင်ဆင်‌ရေးအတွက် ‌ထောက်ခံ‌ရေး‌ဟော‌ပြောပွဲများ ပြုလုပ်လျှက်ရှိသည်။