Home ဆောင်းပါး ဆန့်ကျင်ပယ်ဖျက်ရမည့် PR စနစ်

ဆန့်ကျင်ပယ်ဖျက်ရမည့် PR စနစ်

2775

‌မောင်‌ကျော်စွာ

(၂၀၁၄ခုနှစ်၊ ဇွန်လ ၁၉ရက်)

သမ္မတဦးသိန်းစိန်ရဲ့ ကြံ့ဖွံ့အစိုးရဟာ ပြည်သူ‌တွေ အမြင်ရှင်းလင်း ကြည်လင်‌နေ‌စေချင်တဲ့ ‌စေတနာရှိပုံမရတာ‌တော့ သိပ်ကို ‌သေချာပါတယ်။ ဒါ‌ကြောင့်ပဲ ပြည်သူ‌တွေ အချင်းချင်းအကြားမှာ မယုံကြည်မှု‌တွေ၊ မသကင်္ာမှု‌တွေ၊ ရှုတ်‌ထွေးမှု‌တွေကို နိုင်ငံ‌ရေး၊ စစ်‌ရေး၊ ဘာသာ‌ရေး၊ လူမျိုး‌ရေး၊ တစ်ခုပြီးတစ်ခု မရိုးရ‌အောင် ဖန်တီး‌နေပါတယ်။ “မစားရတဲ့အမဲ သဲနဲ့ပက်တယ်” ဆိုတာမျိုး လုပ်‌နေတာပါ။

အထူးသဖြင့်‌တော့ ဒီချုပ်နဲ့ ၈၈ငြိမ်းပွင့်များ ဦးစီး‌ဆောင်ရွက်‌နေတဲ့ “ပုဒ်မ ၄၃၆ ပြင်ဆင်‌ရေး” လှုပ်ရှားမှုအ‌ပေါ် ပြည်သူ‌တွေရဲ့ ဦး တည်ချက် ‌ဝေဝါး‌ထွေပြားသွား‌စေဖို့ ‌စေတနာဆိုးနဲ့ အကြံဆိုးကြံစည်‌နေတာ ထင်ရှား‌နေပါတယ်။ ‌နှောက်ယှက်လို့ ရနိုင်တဲ့နည်း ‌ပေါင်းစုံကိုသုံးပြီး ‌နှောက်ယှက်ဟန့်တား‌နေတာ‌တွေကို ပြည်တွင်းပြည်ပ မီဒီယာမျိုးစုံမှာ ဖတ်ရှုကြားသိ‌နေရပါတယ်။

အဲဒီလို ‌နှောက်ယှက်‌သောင်းကျန်းလာ‌နေတဲ့ နည်းလမ်း‌တွေထဲက အချိန်ကိုက် ‌ပေါ်ထွက်လာတဲ့ “အချိုးကျ ကိုယ်စားပြုစနစ်” Proportional Representative System (PR) အ‌ကြောင်း ‌ရေးသားတင်ပြလိုပါတယ်။

ပထမဦးစွာ ဒီ(PR)စနစ် ကျင့်သုံး‌ရေးအဆိုကို ဘယ်ပါတီက ဘယ်သူတင်သွင်းသလဲ။ ဘယ်လွှတ်‌တော်မှာ စတင်တင်သွင်းသ လဲ။ အဲဒီလွှတ်‌တော်က ဘယ်လို‌ဆွေး‌နွေးပြီး ဆုံးဖြတ်ကြသလဲဆိုတာကို ဆန်းစစ်ကြည့်ပါ့မယ်။

အဆိုက ဒီလိုပါ
“လာမည့်ပါတီစုံ မည်သည့်‌ရွေး‌ကောက်ပွဲများတွင်မဆို အမျိုးသားလွှတ်‌တော်အတွက် ကိုယ်စားလှယ်များ‌ရွေးချယ်ရာ၌ အချိုးကျ ကိုယ်စားပြုစနစ်ကို ကျင့်သုံးရန် လွှတ်‌တော်က အဆုံးအဖြတ်‌ပေးပါရန်နှင့် ဥပ‌ဒေပြင်ဆင်ရန် လုပ်ငန်းများကို လိုအပ်သလို ဆက် လက် ‌ဆောင်ရွက်‌ပေးပါရန် ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အား တိုက်တွန်း‌ကြောင်း ”

ဤအဆို၌ သတိပြုသင့်သည့်အချက်များမှာ
– လာမည့် ပါတီစုံ မည်သည့် ‌ရွေး‌ကောက်ပွဲများတွင်မဆို
– အမျိုးသားလွှတ်‌တော်အတွက် ကိုယ်စားလှယ်များ‌ရွေးချယ်ရာ၌ အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးရန်
– ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်

အဆိုတင်သွင်းသူနဲ့ သူကိုယ်စားပြုတဲ့ပါတီ
– ရန်ကုန်တိုင်း‌ဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၁) အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ‌ဒေါ်ခင်ဝိုင်းကြည် (NDF)ပါတီမှ ဖြစ်ပါတယ်။
‌ဖော်ပြပါအဆိုအား အမျိုးသားလွှတ်‌တော်၊ ဒဿမ ပုံမှန်အစည်းအ‌ဝေး၊ (သတ္တမ‌နေ့) ၂၀၁၄ခုနှစ်၊ ဇွန်လ ၉ရက်‌နေ့မှာ စတင် တင်သွင်း‌ဆွေး‌နွေးခဲ့ပြီး အမျိုးသားလွှတ်‌တော်၊ ဒဿမ ပုံမှန်အစည်းအ‌ဝေး (နဝမ‌နေ့) ၂၀၁၄ခုနှစ်၊ ဇွန်လ ၁၁ရက်‌နေ့တွင် ‌ထောက်ခံမဲ ၁၁၇မဲ၊ ကန့်ကွက်မဲ ၈၅မဲဖြင့် အတည်ပြုခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပထမဆုံး တင်ပြချင်တဲ့အချက်က‌တော့ ဒီချုပ်ပါတီက ပဲ့ထွက်သွားကြသူများဟာ အာဏာရကြံ့ဖွံ့ပါတီကို တက်တက်ကြွကြွ အလုပ်အ‌ကျွေးပြု‌နေကြပြီး ဒီချုပ်ပါတီကို အညှိုးအာဃာတနဲ့ ဆန့်ကျင်‌နေကြတယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။

အမျိုးသားဒီမိုက‌ရေစီအင်အားစု (NDF)ပါတီ (‌ဒေါက်တာသန်းငြိမ်း/ဦးခင်‌မောင်‌ဆွေ/ ဦးသိန်းညွန့်)ဟာ ဒီချုပ်ပါတီက‌နေ ပဲ့ထွက် သွားတဲ့ပါတီဖြစ်ပါတယ်။ တဖန် (NDF)ပါတီထဲက‌နေ အမျိုးသားဒီမိုက‌ရေစီပါတီသစ်(NNDP)အဖြစ် (ဦးသိန်းညွန့်) ထပ်မံပဲ့ ထွက်သွားပါတယ်။ ဝံသာနုဒီမိုကရက်တစ်ပါတီကလည်း အလားတူပါပဲ။ ဒီချုပ်ပါတီမှ ပဲ့ထွက်လာတဲ့ အစိတ်အပိုင်းများနဲ့ ဖွဲ့စည်း ထားတဲ့ပါတီဖြစ်ပါတယ်။ ပုဒ်မ ၄၃၆ ပြင်ဆင်‌ရေး‌ဟော‌ပြောပွဲ‌တွေ စတင်ချိန်မှာ ဦးသိန်းညွန့် (NNDP)နဲ့ ‌ဒေါ်နန်း‌ရွှေကြာ (ဝံသာနု ဒီမိုကရက်တစ်ပါတီ)တို့ရဲ့ လုပ်‌ဆောင်ချက်များကို သတိပြုမိကြမှာပါ။ သူတို့ဟာ အခုချိန်မှာ‌တော့ အာဏာရကြံ့ဖွံ့ပါတီအတွက် အလုပ်အ‌ကျွေးပြု‌နေကြတဲ့ ခိုင်းဖတ်၊ အဆွယ်အပွားမျှသာဖြစ်သွားပြီ ဆိုတဲ့အချက်ကို တိုင်းပြည်နဲ့လူထုက အရှင်းသား အထင်း သား မြင်‌တွေ့‌နေကြရပါပြီ။

စစ်မှန်တဲ့ ဒီမိုက‌ရေစီရရှိ‌ရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်‌ရေးကို ဆန့်ကျင်သူတိုင်း(ပါတီတိုင်း)ဟာ ပြည် သူ့ဆန္ဒမျက်ကွယ်ပြုသူ၊ ဆန့်ကျင်သူများသာဖြစ်ပြီး သူတို့ဟာ အာဏာရအုပ်စိုးသူ အစိုးရ(ပါတီ)ရဲ့ လက်ကိုင်ဒုတ်၊ အ‌စေအပါး ဘဝသို့ အ‌နှေးနဲ့ အမြန် ကျ‌ရောက်သွားတတ်စမြဲ ဖြစ်ပါတယ်။

အချိုးကျကိုယ်စားလှယ်စနစ် Proportional Representative System (PR)
အလွယ်ဆုံး အရှင်းဆုံး‌ပြောရလျှင် မိမိကြိုက်နှစ်သက်တဲ့ “ပါတီ”အား ‌ရွေးချယ်‌ပေးရတဲ့စနစ်ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံအချို့၌သာ သက်ဆိုင်ရာနိုင်ငံ၏ လိုအပ်ချက်အရ ကျင့်သုံး‌နေ‌သောစနစ် ဖြစ်ပါတယ်။

မဲဆန္ဒနယ်တစ်နယ်တွင် မဲဆန္ဒရှင်ပြည်သူ ကြိုက်နှစ်သက်သည့် “ပါတီ”အား မဲ‌ပေး‌ရွေးချယ်ရသည့်စနစ်ဖြစ်ပါတယ်။ ထိုပါတီရရှိ သည့် မဲအ‌ရေအတွက်၊ အချိုးအစားအ‌ပေါ် မူတည်ပြီး လွှတ်‌တော်ကိုယ်စားလှယ် အ‌ရေအတွက်ရမည့်စနစ်ပင် ဖြစ်ပါတယ်။ လွှတ်‌တော်ကိုယ်စားလှယ်အား သက်ဆိုင်ရာပါတီမှ ‌ရွေးချယ်ခြင်းဖြစ်ပါတယ်။ အဘယ်သူသည် မိမိအား ကိုယ်စားပြုမည်မှန်း မသိဘဲ မဲဆန္ဒရှင်ပြည်သူများက မဲ‌ပေးရတဲ့စနစ် ဖြစ်ပါတယ်။

သို့ပါ၍ လွှတ်‌တော်တွင်း၌ ပါတီငယ်‌တွေ အများအပြား‌ရောက်ရှိလာကာ ဥပ‌ဒေပြုရာ၌လည်း‌ကောင်း၊ အစိုးရဖွဲ့စည်းရာ၌လည်း ‌ကောင်း အခက်အခဲများကြုံ‌တွေ့နိုင်ပြီး တစ်သီးပုဂ္ဂလအမတ် မရှိနိုင်သဖြင့် မိမိလိုလားသူပုဂ္ဂိုလ်အား လွတ်လပ်စွာ ‌ရွေးချယ်ပိုင် ခွင့် ဆုံးရှုံးသွား‌စေနိုင်ပါတယ်။ ယင်းအချက်မှာ နိုင်ငံသားတစ်ဦး၏ လွတ်လပ်စွာ ‌ရွေးချယ်ခံပိုင်ခွင့် ဆုံးရှုံးရခြင်းဖြစ်ပြီး နိုင်ငံသား ပြည်သူများ၏ လွတ်လပ်စွာ ‌ရွေးချယ်နိုင်ခွင့် အခွင့်အ‌ရေးဆုံးရှုံးသွားရခြင်းလည်း ဖြစ်ပါတယ်။

ထို့အပြင် ပါတီငယ်အ‌မြောက်အများ ‌ပေါ်ထွက်လာ‌စေ‌ရေးကို အား‌ပေး‌နေတဲ့စနစ်ဖြစ်သဖြင့် (လူမျိုး‌ရေး၊ ဘာသာ‌ရေးအစွန်း ‌ရောက်ပါတီများ ‌ပေါ်‌ပေါက်လာနိုင်စရာ ရှိပါတယ်။

ကမ္ဘာ့နိုင်ငံကြီးများဖြစ်‌သော အ‌မေရိကန်၊ ဗြိတိန်၊ အိန္ဒိယနိုင်ငံတို့တွင်လည်း (PR)စနစ်၏ ရှုတ်‌ထွေးမှု၊ မိမိတိုင်းပြည်၏ ပကတိ အ‌ခြေအ‌နေများ‌ကြောင့် ကျင့်သုံးကြခြင်းမရှိဘဲ။ “နိုင်သူ အာဏာယူစနစ်” (FPTP) ကျင့်သုံး‌နေကြပါသည်။ တိုင်းပြည်လူဦး‌ရေ၏ ၇၀% မှာ ‌တောင်သူလယ်သမားများဖြစ်‌သော ကျ‌နော်တို့တိုင်းပြည်၌ (PR)စနစ် ကျင့်သုံးရန်မှာ လက်‌တွေ့ ပကတိအ‌ခြေအ‌နေ များအရ ကိုက်ညီခြင်းမရှိသဖြင့် ကျင့်သုံးရန် မသင့်‌တော်‌သေးပါ။

“နိုင်သူ အာဏာယူစနစ်” First Past the Post (FPTP)
အများစု၏ဆန္ဒကို အလွယ်ကူဆုံး ‌ဖော်ထုတ်နိုင်သည့် နည်းစနစ်ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံအများစု၌ ကျင့်သုံး‌နေ‌သောစနစ်ဖြစ်ပါ တယ်။ အနိုင်အရှုံး မဲအ‌ရေအတွက် ပြတ်ပြတ်သားသားရှိသဖြင့် ဥပ‌ဒေပြု‌ရေး၊ အစိုးရဖွဲ့‌ရေးကိစ္စများတွင် (PR) စနစ်မှာကဲ့သို့ ကြုံ ‌တွေ့ရ‌သော အခက်အခဲများကို အလွယ်တကူ ‌ရှောင်လွှဲနိုင်ပါတယ်။

မဲဆန္ဒနယ် ကြီးသည်ဖြစ်‌စေ၊ ငယ်သည်ဖြစ်‌စေ လွှတ်‌တော်ကိုယ်စားလှယ်တစ်ဦးကို အရည်အ‌သွေးအလိုက်၊ အရည်အချင်းအ လိုက် နိုင်ငံသားပြည်သူများက ‌ရွေးချယ်‌ပေးရတဲ့ စနစ်ဖြစ်သဖြင့် လူပုဂ္ဂိုလ်တစ်ဦးချင်းက လွတ်လပ်စွာ ‌ရွေးချယ်ခံပိုင်ခွင့်ရှိပြီး လူ ပုဂ္ဂိုလ်တစ်ဦးချင်းစီကလည်း မိမိနှစ်သက်ရာ လူပုဂ္ဂိုလ်အား ‌ရွေးချယ်နိုင်ပါတယ်။ မကြိုက်လျှင်လည်း ဖြုတ်ချနိုင်ခွင့်ရှိပါတယ်။ (PR)စနစ်တွင်မူ လွှတ်‌တော်ကိုယ်စားလှယ်အား သက်ဆိုင်ရာပါတီမှသာ ‌ရွေးချယ်မည်ဖြစ်သဖြင့် ပြည်သူများအ‌နေဖြင့် ‌ရွေးချယ် ခွင့်လည်း မရှိသကဲ့သို့ မနှစ်သက်ပါက ပြန်လည်ဖြုတ်ချပိုင်ခွင့်လည်း ဆုံးရှုံး‌နေမည်သာဖြစ်ပါတယ်။

ဤစနစ်သည် မဲဆန္ဒနယ်တစ်ခုတွင် လွှတ်‌တော်ကိုယ်စားလှယ်‌လောင်းတစ်ဦးသာ ‌ရွေးချယ်ရတဲ့စနစ်ဖြစ်သဖြင့် မဲဆန္ဒရှင် ပြည် သူများအတွက် အလွယ်ကူဆုံး၊ အရိုးရှင်းဆုံးနည်းစနစ်လည်း ဖြစ်ပါတယ်။ လယ်သမားအများစုရှိ‌သော ကျ‌နော်တို့နိုင်ငံအတွက် ‌လော‌လောဆယ်ကာလတွင် အသင့်‌တော်ဆုံး အ‌ကောင်းမွန်ဆုံးစနစ်တစ်ခု ဖြစ်ပါတယ်။ စနစ်တစ်ခုကို ‌ရွေးချယ်ကျင့်သုံးကြရာ တွင် မိမိတိုင်းပြည်၊ မိမိပြည်သူများ၏ ပကတိအ‌ခြေအ‌နေများနှင့် လိုက်‌လျောကိုက်ညီသည့်စနစ်ကိုသာ ‌ရွေးချယ်ကျင့်သုံးကြရပါ လိမ့်မယ်။

“နိုင်သူအာဏာယူစနစ်” First Past the Post (FPTP) သည် လွတ်လပ်‌ရေးရ‌သော ၁၉၄၈မှ ၁၉၆ဝအထိ ကျင့်သုံးခဲ့‌သော စနစ် ဖြစ်ပြီး နှစ်‌ပေါင်း ၃၀၊ နှစ်‌ပေါင်း ၅ဝကြာမှ ပြန်လည်ကျင်းပ‌သော (၁၉၉၀/ ၂၀၁၀/ ၂၀၁၂ခုနှစ်) ‌ရွေး‌ကောက်ပွဲများတွင်လည်း ပြည်သူများအတွက် စိမ်းမ‌နေပဲ ကြီးမားတဲ့အခက်အခဲ တစုံတရာ ကြုံ‌တွေ့ခြင်းမရှိခဲ့တဲ့အတွက် “နိုင်သူအာဏာယူစနစ်” First Past the Post (FPTP) သည် ပြည်သူများနှင့် ရင်းနှီးကျွမ်းဝင်‌နေဆဲ စနစ်တစ်ခုဖြစ်ပါတယ်။

နိဂုံးချုပ်၍တင်ပြရလျှင်
စစ်မှန်‌သော ဒီမိုက‌ရေစီ၊ စစ်မှန်‌သော ဖက်ဒရယ်ပြည်‌ထောင်စု မတည်‌ထောင်‌သေးသည့်၊ အ‌ခြေမချနိုင်‌သေးသည့် ယ‌နေ့ကာလ မြန်မာနိုင်ငံတွင် (PR)စနစ်သည် လက်ရှိ ပကတိအ‌ခြေအ‌နေများအရ မကိုက်ညီပါ၊ မသင့်‌တော်ပါ။ မြန်မာပြည်သူများအတွက် သင့်‌တော်‌ကောင်းမွန်‌သော ‌ရွေး‌ကောက်ပွဲစနစ်မှာ လက်ရှိကျင့်သုံး‌နေ‌သော “နိုင်သူ အာဏာယူစနစ်” First Past the Post (FPTP)သာလျှင် ဖြစ်ပါတယ်။

(နဝတ-နအဖ)စစ်အစိုးရ အုပ်စိုး‌နေစဉ်က ‌ကျောင်းသားလူငယ်များ၊ နိုင်ငံ‌ရေးသမားများ၊ နိုင်ငံ‌ရေးပါတီများအား ‌သွေးကွဲသွား‌စေ ရန် ခွဲခြားချိုးနှိမ်ပစ်ရန် ရည်ရွယ်လျက် “ပါတီနိုင်ငံ‌ရေးနှင့် အမျိုးသားနိုင်ငံ‌ရေး”ဟူ၍ ‌သွေးခွဲခဲ့ဖူးပါတယ်။ ယ‌နေ့ကာလတွင် အာ ဏာရကြံ့ခိုင်‌ရေးပါတီကလည်း “(PR)စနစ်”ဆိုသည်ဖြင့် နိုင်ငံ‌ရေးပါတီများအကြား သပ်လျှို‌သွေးခွဲလိုက်ခြင်းဖြစ်ပါတယ်။ အ‌ရေး ကြီးဆုံးအချက်မှာ “၂၀၀၈ အ‌ခြေခံဥပ‌ဒေ” ဖျက်သိမ်း‌ရေး အဓိကဦးတည်ချက်မှ ‌သွေဖီမသွား‌စေ‌ရေးဖြစ်ပါတယ်။ ပထမဦးစွာ စစ် မှန်သည့် ဒီမိုက‌ရေစီ၊ စစ်မှန်သည့် ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်နိုင်ပြီဆိုလျှင် ပြည်သူများ နိုင်ငံ‌ရေး၊ စီးပွား‌ရေး၊ ပညာ ‌ရေး ပကတိအ‌ခြေအ‌နေနှင့် ကိုက်ညီသည့်စနစ်ကို ပြည်သူများ အတူ‌ရွေးချယ် ဆုံးဖြတ်သွားနိုင်ပါလိမ့်မယ်။

ညီ‌နောင်တိုင်းရင်းသားပါတီများဖက်ဒ‌ရေးရှင်း(NBF) က ‌ကြေညာချက်၌ “(PR) စနစ်ကျင့်သုံးရန် ကြိုးပမ်းသူသည် တိုင်းရင်းသား လူမျိုးငယ်စုများ၏ ဘုံရန်သူ ဖြစ်လာနိုင်‌ခြေရှိသည်”လို့ ‌ဖော်ပြထား‌သော်လည်း လက်ရှိအ‌ခြေအ‌နေ၌ “(PR)စနစ် ကျင့်သုံးရန် အဆိုတင်သွင်းသူ၊ အတည်ပြု‌ထောက်ခံသူ(ပါတီ)၊ ဥပ‌ဒေစနစ်တရပ်ဖြစ်လာ‌အောင် လုပ်‌ဆောင်သူ(ပါတီအဖွဲ့အစည်း)မှန်သမျှ သည် လူမျိုး‌ပေါင်းစုံပြည်သူများ၏ ဘုံရန်သူ”သာ ဖြစ်ပါ‌ကြောင်း။