Home သတင်း ကရင်‌ရှေ့‌နေများ ကွန်ရက်ဖွဲ့စည်းရန် စတင်ပြင်ဆင်‌နေ

ကရင်‌ရှေ့‌နေများ ကွန်ရက်ဖွဲ့စည်းရန် စတင်ပြင်ဆင်‌နေ

1443

ဇွန် ၂၇ရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း

ကရင်လူမှုအဖွဲ့အစည်းအတွင်း ကြုံ‌တွေ့‌နေရသည့် လူ့အခွင့်အ‌ရေး၊ အမျိုးသမီးများ အကြမ်းဖက်ခံရမှု၊ ‌မြေယာပြဿနာများကို ကူညီလိုက်ပါ‌ဆောင်ရွက်‌ပေးနိုင်‌ရေးအတွက် ကရင်‌ရှေ့‌နေများကွန်ရက်ကို ဖွဲ့စည်းရန် စီစဉ်‌ဆောင်ရွက်‌နေပြီးဖြစ်‌ကြောင်း ကွန်ရက်ဖြစ်‌မြောက်‌ရေးစီစဉ်‌နေသည့် ‌ရှေ့‌နေများက ‌ပြောသည်။

အဆိုပါကွန်ရက် ဖြစ်‌မြောက်‌ရေးအတွက် ကရင်‌ရှေ့‌နေ ၂ဝဦး‌ကျော် ပါဝင်သည့် အကြို‌တွေ့ဆုံ‌ဆွေး‌နွေးပွဲကို ဇွန် ၂၆ရက်‌နေ့က အင်းစိန်မြို့နယ်၊ လမ်းသစ်လမ်း၊ အ‌ဝေရာလမ်းသွယ် (၇)လမ်းရှိ ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့(KWEG)ရုံး၌ ပြုလုပ် သည့် နိုင်ငံတဝန်းလုံးရှိ ကရင်‌ရှေ့‌နေများ ပါဝင်သည့် ‌တွေ့ဆုံပွဲတွင် ကွန်ရက်ဖွဲ့စည်းသွားရန် ‌ဆွေး‌နွေးခဲ့ကြခြင်းဖြစ်‌ကြောင်း ကရင်‌ရှေ့‌နေများက ‌ပြောသည်။

‌ဆွေး‌နွေးပွဲတက်‌ရောက်ခဲ့သူ တရားလွှတ်‌တော်‌ရှေ့‌နေ ‌စောထွန်းထွန်း‌အောင်က “လက်ရှိ ကရင်‌တွေအ‌နေနဲ့ အမှုအခင်း‌တွေ ရင် ဆိုင်ရတဲ့အခါ ‌ရှေ့‌နေခ မတတ်နိုင်တာ၊ ဥပ‌ဒေ‌ကြောင်းအရ ကူညီမယ့်သူ‌တွေ အားနည်း‌နေတာ ‌တွေ့ရတယ်။ ဒါ‌တွေကို တစ် ‌ယောက်တည်း လုပ်‌ပေး‌နေတာထက် ဝိုင်းလုပ်မှ ပိုထိ‌ရောက်မယ်။ ဒီအတွက် ဘယ်လိုချိတ်ဆက်မလဲ ကွန်ရက်လိုမျိုး ဖွဲ့ဖို့လိုလာ တာ‌တွေ့ရတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

မြန်မာနိုင်ငံ ကရင်‌နေထိုင်ရာ ‌ဒေသများရှိ ‌မြေယာသိမ်းခံရမှုများကို နယ်အထိ သွား‌ရောက်ရန် အမြဲမလွယ်ကူသလို အမှုဆိုသည် မှာ နှစ်နှင့်ချီ ကြာမြင့်မှုများ ရှိ‌နေ‌သော‌ကြောင့် ယခုလို ကရင်‌ရှေ့‌နေများကွန်ရက် ဖွဲ့စည်းသင့်‌ကြောင်း ‌စောထွန်းထွန်း‌အောင်က ဆက်‌ပြောသည်။

ကရင်လူမှုအသိုင်းအဝိုင်းတွင် ‌ရှေ့‌နေအဖြစ် အသက်‌မွေးဝမ်း‌ကြောင်းပြုခြင်းကို အား‌ပေး‌ထောက်ခံမှု အားနည်း‌နေပြီး ဥပ‌ဒေဘာ သာရပ်ဖြင့် ဘွဲ့ရထားသည့် ကရင်လူငယ်အများအပြားကို ‌ရှေ့‌နေလိုင်စင်ရရှိ‌ရေး၊ ချိန်ဘာ (တရားရုံးလက်‌တွေ့ အလုပ်သင်ဆင်း ခြင်း) လုပ်‌ဆောင်ရန် အခက်အခဲများ ရှိ‌နေခြင်း၊ ဝါရင့် ကရင်‌ရှေ့‌နေများက လက်တွဲ‌ခေါ်‌ဆောင်ခြင်းနှင့် သင်တန်းများပို့ချခြင်းတို့ ကို ကွန်ရက်ဖွဲ့၍ လုပ်‌ဆောင်‌ပေးမည်ဆိုပါက ပိုမို ထိ‌ရောက်နိုင်သည်ဟု အထက်တန်း‌ရှေ့‌နေ ‌နော်ဆာမူခါးကလည်း ‌ပြောသည်။

ထို့အပြင် ‌ဆွေး‌နွေးပွဲတွင် ပါဝင်ခဲ့သူ KWEG ဒါရိုက်တာ ‌နော်စူစဲန်နာလှလှစိုးက လက်ရှိ ကရင်လူမျိုးအများစု ‌နေထိုင်ရာ‌ဒေသ များအတွင်းမှ ‌မြေယာသိမ်းဆည်းခံရမှု ပြဿနာ၊ လူကုန်ကူးခံရမှုခြင်း၊ လူ့အခွင့်အ‌ရေး ချိုး‌ဖောက်ခံရခြင်း၊ အမျိုးသမီးများ အကြမ်းဖက်ခံရခြင်း စသည့်အမှုအခင်းများကို KWEG သို့ လာ‌ရောက် တိုင်ကြားမှုများရှိ‌သော်လည်း ဥပ‌ဒေပိုင်းအရ ထိ‌ရောက် သည့် အကူအညီများ မ‌ပေးနိုင်‌သေးဘဲ ကရင်‌ရှေ့‌နေများ ကွန်ရက်ဖြစ်‌ပေါ်လာပါက တစုံတရာ ကူညီ‌ပေးနိုင်မည်ဟု ‌မျှော်လင့်မိ ‌ကြောင်း ‌ပြောဆိုသည်။

ကရင်‌ရှေ့‌နေများကွန်ရက် ဖွဲ့စည်းနိုင်‌ရေးအတွက် ဇွန် ၂၈ရက်‌နေ့၌ ကမာရွတ်မြို့နယ်၊ ပြည်လမ်း‌ပေါ်ရှိ မြန်မာနိုင်ငံ ခရစ်ယာန် ‌ကောင်စီ၊ ယုဒဿန်ခန်းမတွင် ပိုမိုကျယ်ပြန့်သည့် အကြို‌တွေ့ဆုံပွဲတရပ် ထပ်မံ ပြုလုပ်သွားမည်ဖြစ်သလို ‌နောက်ပိုင်းတွင် နိုင်ငံ တဝန်းရှိ ကရင်‌ရှေ့‌နေများကို ဖိတ်‌ခေါ်‌ဆွေး‌နွေးကာ ၂၀၁၄ခုနှစ်အတွင်း ကွန်ရက်ဖွဲ့စည်းသွားနိုင်ရန် မှန်းဆထားသည်ဟု သိရ သည်။