Home သတင်း ကရင်လက်နက်ကိုင် တစ်ဖွဲ့တည်းဖြစ်ရန် ကရင်လူထုများ လက်မှတ်ထိုး‌တောင်းဆို

ကရင်လက်နက်ကိုင် တစ်ဖွဲ့တည်းဖြစ်ရန် ကရင်လူထုများ လက်မှတ်ထိုး‌တောင်းဆို

1431

ဇွန် ၂ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း

ကရင်လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး စုစုစည်းစည်း ပြန်လည်‌ပေါင်းစည်းကာ တစ်ဖွဲ့တည်း‌သော ကရင်လက်နက်ကိုင် အဖွဲ့အဖြစ် လိုလားသည်ဟု ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်‌မြောက်ပိုင်းရှိ ကရင်လူထုများက ကရင်လက်နက်ကိုင်အဖွဲ့များ သို့ ‌မေ ၃၁ရက်‌နေ့က လက်မှတ်‌ရေးထိုး ‌တောင်းဆိုလိုက်သည်။

ထို‌နေ့က ‌ကော့ကရိတ်‌မြောက်ပိုင်းရှိ နဘူး‌ကျေးရွာအုပ်စု၊ ထို့‌ကော်ကိုး ‌ကျေးရွာအုပ်စု၊ သရက်‌တော‌ကျေးရွာအုပ်စုနှင့် လှိုင်းဘွဲမြို့ နယ်၊ ပိုင်ကျုံမြို့နယ်ခွဲမှ ပတ‌ကျေးရွာအုပ်စု စသည့် ‌ကျေးရွာအုပ်စုများရှိ ရွာ‌ပေါင်း ၃၀‌ကျော်မှ သံဃာ‌တော်များနှင့် ‌ဒေသခံ ၄၀ဝ ‌ကျော်တို့သည် ထို့‌ကော်ကိုးဘုန်းကြီး‌ကျောင်း၌ စု‌ပေါင်းလက်မှတ်‌ရေးထိုး ‌တောင်းဆိုလိုက်ခြင်းဖြစ်ပြီး ယခုရက်ပိုင်းများအတွင်း သက်ဆိုင်ရာ ကရင်လက်နက်ကိုင်အဖွဲ့များသို့ ပို့‌ဆောင်သွားမည်ဟု သိရသည်။

ထိုဆန္ဒ‌ဖေါ်ထုတ်‌တောင်းဆိုမှု အခမ်းအနားတွင် ‌ကော့ကရိတ်‌မြောက်ပိုင်းရှိ ကရင်လက်နက်ကိုင်အဖွဲ့ အစည်းများဖြစ်ကြသည့် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)၊ ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်(ဒီ‌ကေဘီ‌အေ)၊ ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ (KNU/KNLA-PC)နှင့် နယ်ခြား‌စောင့်တပ် စသည့် ကရင်လက်နက်ကိုင်အဖွဲ့များအား ‌ဒေသခံများက ‌တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

လက်မှတ်ထိုး‌တောင်းဆိုရာတွင် ပါဝင်သည့် ဝဲကင်းအံ ဆရာ‌တော် ဦးသုန္ဒရက “လူထုကိုယ်စား ဦးဇင်း ‌ပြောရရင် ဒီနယ်‌မြေမှာ စစ်‌ဘေးဒဏ်လည်း ခံခဲ့ရပြီး ငြိမ်းချမ်းလာတာ သိပ်မကြာ‌သေးဘူး။ ဒီ‌လောက် အဖွဲ့အစည်းများတာ လူထု‌တွေက တစ်ခုခုဖြစ်လာ ရင် ဘယ်အဖွဲ့ကို သွားအားကိုးရမှန်းမသိဘူး။ တစ်ဖွဲ့ပဲရှိရင်‌တော့ ဥပ‌ဒေစိုးမိုးမှုရလာမယ်။ တစ်ခုခုလုပ်စရာ‌တွေရှိရင် ညီညီညွှတ် ညွှတ်နဲ့ လုပ်သွားလို့ ရသွားတာ‌ပေါ့”ဟု ‌ကေအိုင်စီသို့ မြွက်ကြားသည်။

ဆရာ‌တော်ဦးသုန္ဒရက မိမိတို့‌ဒေသခံတွင် လက်နက်ကိုင်အဖွဲ့များသဖြင့် တစ်ဖွဲ့ချင်းစီ၏ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့် ဥပ‌ဒေစသည်တို့ကို မည်သို့လိုက်နာရမည်ကို မသိရသလို အမှုကိစ္စရပ်များ ဖြစ်‌ပေါ်ပါက မည်သည့်အဖွဲ့အား ချည်းကပ်အကူအ ညီ‌တောင်းရမည်ကို မသိ၍ အခက်ကြုံ‌နေရသည့်အ‌ပေါ် ယခုလို လက်မှတ်ထိုး‌တောင်းဆိုရသည်ဟု ဆက်လက်မြွက်ကြားသည်။

ယင်းသို့ လက်မှတ်‌ရေးထိုး ‌တောင်းဆိုသည့်အချက်များမှာ ကရင်လက်နက်ကိုင်အဖွဲ့များ ပြန်လည် သင့်မြတ်‌ပေါင်းစည်း‌ရေး၊ ကရင်အမျိုးသားအဖွဲ့များ တရားစီရင်‌ရေးမဏ္ဍိုင်ကို တစ်ခုတည်းသာ ဖွဲ့စည်း‌ပေး‌ရေး၊ ကုမ္ပဏီများ သစ်ဝင်‌ရောက်လုပ်ကိုင်ခြင်းမှ တားမြစ်‌ပေး‌ရေးနှင့် မူးယစ်‌ဆေးဝါးများ တားမြစ်‌ပေး‌ရေးနှင့် ပထ‌ချောင်းတွင် တည်‌ဆောက်မည့် ‌ရေ‌လှောင်တမံ ‌ဆောက်လုပ် ခြင်းမှ တားမြစ်‌ရေး စသည်တို့ ပါဝင်‌ကြောင်း သိရသည်။

ယခုအချိန်တွင် တရားဥပ‌ဒေစိုးမိုးမှု မရှိသည့်အတွက် မူးယစ်‌ဆေးဝါးနှင့် ‌လောင်းကစားများ ဖြစ်‌ပေါ်ပြီး မည်သည့်အဖွဲ့မှ တာဝန် ယူ ‌ဖြေရှင်းမှုများ မရှိဟု နဘူးတံခွန်တိုင်‌ကျေးရွာအုပ်စုမှ အုပ်ချုပ်‌ရေးမှူး ‌စောသိန်းသန်းစိုးက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“‌ကေအဲန်ယူအဖွဲ့က‌နေ ခွဲထွက်သွားတဲ့ အခြားလက်နက်ကိုင်အဖွဲ့‌တွေ ပြန်လည်စုစည်းဖို့ ကျ‌နော်တို့ ‌တောင်းဆိုတယ်။ တစ်ဖွဲ့ တည်းဖြစ်သွားရင် ‌ဒေသခံများအတွက် တရားဥပ‌ဒေစိုးမိုး‌ရေးလည်း ဖြစ်‌ပေါ်မယ်လို့ ကျ‌နော်တို့ ယုံကြည်တယ်”ဟု ‌စောသိန်း သန်းစိုးက ‌ပြောဆိုသည်။

ကရင်လက်နက်ကိုင်အဖွဲ့များ တစ်ဖွဲ့တည်း‌ပေါင်းစည်း‌ရေးအတွက် ထို့‌ကော်ကိုး ဘုန်းကြီး‌ကျောင်း၌ ပြုလုပ်သည့် ‌ဒေသခံများ၏ ဆန္ဒ‌ဖော်ထုတ်လက်မှတ်ထိုး‌တောင်းဆိုပွဲမှာ ယခုအကြိမ်သည် ပထမဆုံးဖြစ်သည်။

ထိုခရီးစဉ်တွင် ‌ကေအဲန်ယူစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီ၊ ငြိမ်းချမ်း‌ရေး‌ကောင်စီမှ ဗိုလ်ချုပ်‌စောရင်နု၊ နယ်ခြား‌စောင့်တပ်မှ ဗိုလ်ချုပ်ထွန်းလှိုင်၊ ဒီ‌ကေဘီ‌အေမှ ဗိုလ်မှူး‌မောင်ကြာနှင့် အခြားတပ်ဖွဲ့ဝင်များ ပါဝင်ပြီး ‌မေလ ၂၈ရက်‌နေ့ကလည်း ဖာပွန်မြို့နယ်၊ ကတိုင်တိ‌ကျေးရွာ၌ လူထု‌တွေ့ဆုံမှု ပြုလုပ်ခဲ့‌ကြောင်း သိရသည်။