Home သတင်း ကရင်လက်နက်ကိုင်အဖွဲ့များ မူးယစ်‌ဆေးဝါး ပူး‌ပေါင်းတိုက်ဖျက်သွားမည်ဟု ‌ကေအဲန်ယူ ‌ပြော

ကရင်လက်နက်ကိုင်အဖွဲ့များ မူးယစ်‌ဆေးဝါး ပူး‌ပေါင်းတိုက်ဖျက်သွားမည်ဟု ‌ကေအဲန်ယူ ‌ပြော

1415

ဇွန် ၅ရက်၊ ၂၀၁၄ ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်လက်နက်ကိုင်အဖွဲ့များပူး‌ပေါင်းပြီး မူးယစ်‌ဆေးဝါးဆိုင်ရာ ကိစ္စရပ်များကို အတူတကွ ပူး‌ပေါင်းတိုက်ဖျက်သွားမည်ဟု ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ပြည်ထဲ‌ရေးနှင့် သာသနာ‌ရေးဌာန တာဝန်ခံ ပဒို‌စောအားတိုးက ယမန်‌နေ့၌ ‌ပြောဆို သည်။

ကရင်လက်နက်ကိုင်အဖွဲ့များဖြစ်ကြသည့် KNU၊ ဒီမိုက‌ရေစီအကျိုးပြု ကရင့်တပ်မ‌တော်(DKBA)၊ နယ်ခြား‌စောင့်တပ်(BGF)၊ ကရင်ငြိမ်းချမ်း‌ရေးတပ်ဖွဲ့(KPF)၊ ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ(KNU/KNLA-PC)တို့သည် ကရင်ပြည်နယ်ရှိ ‌ကော့ကရိတ်၊ လှိုင်းဘွဲ၊ ဖာပွန်မြို့နယ်များရှိ အချို့‌နေရာများသို့ မူးယစ်‌ဆေးဝါး အသိပညာ‌ပေးနှင့် သတိ‌ပေး‌ဟော‌ပြောပွဲများကို ‌မေ ၂၁ရက်မှ ၂၈ရက်‌နေ့ အထိ လိုက်လံပြုလုပ်ခဲ့ပြီး‌နောက် ပဒို‌စောအားတိုးက ထိုသို့ ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

“မူးယစ်‌ဆေးဝါးနဲ့ပတ်သက်လို့ ကျ‌နော်တို့ KNU တစ်ခုတည်းမဟုတ်ဘဲနဲ့ အခြားကရင်လက်နက်အဖွဲ့‌တွေ ပူးတွဲလုပ်သွားမယ်။ အစိုးရဘက်က သက်ဆိုင်ရာ ရဲတပ်ဖွဲ့‌တွေနဲ့လည်း ပူးတွဲလုပ်သွားမယ်။ ဒါကို လူထု‌တွေသိဖို့ ‌ဟော‌ပြောပွဲလည်း လုပ်ခဲ့ပါတယ်။ အစိုးရဘက်ကလည်း သက်ဆိုင်ရာရဲတပ်ဖွဲ့အချို့ ဒီခရီးစဉ်မှာ ကျ‌နော်တို့နဲ့ ပူး‌ပေါင်းပါဝင်ပြီး ရှင်းပြတာရှိတယ်”ဟု ပဒို‌စောအား တိုးက ‌ပြောသည်။

မူးယစ်‌ဆေးဝါး ပညာ‌ပေးနှင့် သတိ‌ပေး‌ဟော‌ပြောပွဲများတွင် KNU မှ ပဒို‌စောအားတိုး၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီ၊ အပါ အဝင် DKBA၊ BGF၊ KPF နှင့် KNU/KNLA PC တို့မှ အဆင့်မြင့်‌ခေါင်း‌ဆောင်အချို့ ခရီးစဉ်တ‌လျှောက် လိုက်ပါခဲ့သည်ဟု သိရ သည်။

BGF အမှတ်(၃) တပ်နယ်မှူး ဗိုလ်မှူးချုပ် ‌စောချစ်သူက “မူးယစ်‌ဆေးဝါးနဲ့ ပတ်သက်ပြီး ‌လော‌လောဆယ် လူထုအသိ‌ပေး ‌ဟော ‌ပြောပွဲအ‌နေနဲ့ပဲ ပထမအဆင့် လုပ်တယ်‌လေ။ ဒုတိယ အဆင့်ဆိုရင် နီးစပ်ရာနယ်‌မြေမှာ ‌ရောင်းသူ‌ရော၊ ‌သောက်သုံးသူကိုပါ တရားဥပ‌ဒေအတိုင်း ကျ‌နော်တို့ ပူး‌ပေါင်းပြီး‌တော့ အ‌ရေးယူ‌ဆောင်ရွက်သွားမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ ‌ဒေသခံလူထုများနှင့် ‌တွေ့ဆုံရာ၌ မူးယစ်‌ဆေးဝါးအသိပညာ‌ပေး ‌ဟော‌ပြောပွဲအပြင် အမျိုးသား ပြန်လည်ရင်ကြား‌စေ့‌ရေး နှင့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များကိုလည်း ‌ဟော‌ပြောကာ တက်‌ရောက်လာသည့် ‌ဒေသခံလူထုများမှ ၎င်းတို့သိချင်သည့် ‌မေးခွန်းများလည်း ‌ကေအဲန်ယူက ဆိုသည်။

‌ဟော‌ပြောပွဲသို့ တက်‌ရောက်ခဲ့သည့် ‌ကော့ကရိတ်မြို့နယ်၊ နဘူးတံခွန်တိုင်‌ကျေးရွာအုပ်ချုပ်‌ရေးမှူး ‌စောသိန်းသန်းစိုးက “အခုလို မူးယစ်‌ဆေးဝါးနဲ့ပတ်သက်ပြီး လာ‌ရောက်‌ဟော‌ပြောတာ အများကြီး ‌ကောင်းပါတယ်။ လူထုဆန္ဒကလည်း ဒီလိုပဲ ဖြစ်‌စေချင် တယ်။ သူတို့ အားလုံးလက်တွဲပြီး‌တော့ ကရင်တမျိုးသားလုံးအတွက် ကိုယ်စားပြုတဲ့ တရားစီရင်‌ရေးမဏ္ဍိုင်တစ်ခု ဖွဲ့စည်း‌ပေးဖို့ လည်း လူထုက‌နေ ‌တောင်းဆိုထားတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်လက်နက်ကိုင်အဖွဲ့များ ပူး‌ပေါင်း၍ ယခုလို မူးယစ်‌ဆေးဝါး အသိပညာ‌ရေး‌ဟော‌ပြောပွဲပြီး လက်‌တွေ့ အ‌ရေးယူမှုများ လုပ် ‌ဆောင်လာပါက ကရင်ပြည်နယ်အတွင်း မူးယစ်‌ဆေးဝါးများ ပြန့်နှံ့‌နေမှုမှာ အချိန်နှင့်တ‌ပြေးညီ ဖြည်းဖြည်းချင်း ‌မှေးမှိန်ပ‌ပျောက် သွားမည်ဟု ‌မျှော်လင့်‌ကြောင်း သူက ဆက်‌ပြောသည်။

ကရင်ပြည်နယ်တွင် မူးယစ်‌ဆေးဝါးနှင့် ပတ်သက်၍ ကရင်လက်နက်ကိုင်အဖွဲ့များမှ ပူး‌ပေါင်း၍ ကွင်းဆင်း အသိပညာ‌ဟော‌ပြော ပွဲ ပြုလုပ်ခဲ့သည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ကျန်ရှိ‌နေ‌သေး‌သော KNU ထိန်းချုပ်နယ်‌မြေရှိ မြို့နယ်များသို့လည်း ဆက်လက် လုပ်‌ဆောင်သွားရန် ရှိသည်ဟု KNU က ဆိုသည်။