Home သတင်း မြို့နယ် ၁၃ခု ပါဝင်သည့် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုသင်တန်းဆင်းပွဲ ကျင်းပပြီးစီး

မြို့နယ် ၁၃ခု ပါဝင်သည့် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုသင်တန်းဆင်းပွဲ ကျင်းပပြီးစီး

1598

‌မေ ၅ရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း

ပန်းတ‌နော်မြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီက ဦးစီးကာ ဧရာဝတီတိုင်း‌ဒေသကြီးနှင့် ရန်ကုန်တိုင်း‌ဒေသကြီးများရှိ မြို့နယ် ၁၃မြို့နယ် ပါဝင်သည့် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုသင်တန်းဆင်းပွဲတစ်ရပ်ကို ‌မေ ၃ရက်‌နေ့တွင် ၎င်းမြို့နယ်ရှိ ရုံး‌တော ‌ကျေးရွာ၌ ကျင်းပပြီးစီးခဲ့သည်။

ယင်းသင်တန်းကို ၂၀၁၄ခုနှစ်၊ နှစ်ဆန်းပိုင်းမှ ဧပြီလကုန်ထိ ဧရာဝတီတိုင်း‌ဒေသကြီးရှိ ပန်းတ‌နော်၊ ဝါးခယ်မ၊ မအူပင်၊ ငပု‌တော၊ ‌ကျောင်းကုန်း၊ ကျုံ‌ပျော်၊ ‌မော်ကျွန်း၊ ကန်ကြီး‌ဒေါင့်၊ ဓနုဖြူမြို့နယ်များ၊ ရန်ကုန်တိုင်း‌ဒေသကြီးရှိ ကွမ်းခြံကုန်း၊ ‌ကော့မှူး၊ တွံ‌တေး နှင့် လှိုင်သာယာမြို့နယ်များရှိ ရပ်ကွက်၊ ‌ကျေးရွာအုပ်စု ၈၈စုမှ ကရင်လူငယ် တစ်‌ထောင်‌ကျော်ကို ဆရာ၊ ဆရာမ ၁၅၈ဦးတို့က သင်ကြားပို့ချ‌ပေးခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

ပန်းတ‌နော်မြို့နယ် စာ‌ပေနှင့်ယဉ်‌ကျေးမှု ‌ကော်မတီဥက္ကဌ ‌ဒေါက်တာမန်းခင်‌မောင်စိုးက “ကရင်စာ‌ပေနဲ့ ယဉ်‌ကျေးမှုများ ရှင်သန် ထွန်းကားဖို့ ရည်ရွယ်ချက်နဲ့ ဒီသင်တန်း ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ် မတိုင်မီက ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှုကို လုပ်‌ဆောင်နိုင်ခဲ့‌ပေမယ့် ဗမာစာနဲ့ စကားအဖြစ် သတ်မှတ်လိုက်တဲ့‌နောက်ပိုင်း ကျ‌နော်တို့ ဘာသာစကား‌တွေ ထိန်းသိမ်းမှု အား နည်းသွားတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

မိမိလူမျိုး ‌ရေရှည်တည်တံ့ရန်အတွက် စာ‌ပေနဲ့ယဉ်‌ကျေးမှုကို ‌ဖော်ထုတ်ထိန်းသိမ်းခြင်း၊ ကရင်အမျိုးသား စည်းလုံးညီညွတ်‌ရေး အတွက် ကြိုးပမ်း‌ဆောင်ရွက်ခြင်းနှင့် လူမျိုးဂုဏ်သိက္ခာကို ‌မှေးမိန်‌စေမည့် အပြုအမှု အ‌ပြောအဆိုများကို ‌ရှောင်ကြဉ်ခြင်း စသည်တို့ကို တိုက်တွန်းလို‌ကြောင်း မန်းခင်‌မောင်စိုးက ဆက်‌ပြောသည်။

၎င်းသင်တန်းဆင်းပွဲသို့ ဧရာဝတီတိုင်း‌ဒေသကြီး တိုင်းရင်းသား‌ရေးရာဝန်ကြီး မန်းသန်း‌ရွှေ၊ ရန်ကုန် ကရင်နှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေးဗဟို‌ကော်မတီဝင်များ၊ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဗဟို‌ကော်မတီဝင် ပဒိုမန်းငြိမ်း‌မောင်၊ ကရင်အမျိုး သားစည်းလုံး‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ကော်မတီဝင်များနှင့် ပန်းတ‌နော်မြို့ အနီးတဝိုက်ရှိ ‌ကျေးရွာများမှ ‌ဒေသခံ ၅‌ထောင်‌ကျော် တက်‌ရောက်ခဲ့ကြသည်။

သင်တန်းဆင်းပွဲ တက်‌ရောက်ခဲ့သူ ပန်းတ‌နော်မြို့နယ် အုပ်ချုပ်‌ရေးမှူး ဦး‌အေးကိုတင့်က ကရင်အမျိုးသားများအ‌နေဖြင့် မိမိတို့၏ စာ‌ပေယဉ်‌ကျေးမှုကို ထိန်းသိမ်းခြင်းသည် တမျိုးသားလုံး အမျိုးဂုဏ်မြင့်မား‌ရေးကို ‌ဆောင်ရွက်သွားခြင်းဖြစ်‌ကြောင်း သင်တန်း ဆင်း အမှာစကားတွင် ထည့်သွင်း‌ပြောဆိုခဲ့သည်။

ထိုသင်တန်းဆင်းပွဲတွင် ဆရာ၊ ဆရာမများကို ဂုဏ်ပြုမှတ်တမ်း‌ပေးအပ်ခြင်း၊ အငယ်တန်း၊ အကြီးတန်း ကရင်စာစီစာကုံးပြိုင်ပွဲ ဆု‌ပေးအပ်ခြင်းနှင့် ဒုံးပြိုင်ပွဲတွင် ဆုရသူများကို ‌ပေးအပ်ချီးမြှင့်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ပန်းတ‌နော်မြို ့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီကို ၁၉၆၅ခုနှစ်၊ စက်တင်ဘာ ၂၂ရက်‌နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ထိန်းသိမ်း ပြန့်ပွား‌ရေးလုပ်ငန်းများကို လုပ်‌ဆောင်လာခဲ့ခြင်းဖြစ်သည်။