Home သတင်း ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် ပြည်သူလူထု ဝိုင်းဝန်းလုပ်‌ဆောင်ရန် ‌ကေအဲန်ယူ ဒုဥက္ကဌတိုက်တွန်း

ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် ပြည်သူလူထု ဝိုင်းဝန်းလုပ်‌ဆောင်ရန် ‌ကေအဲန်ယူ ဒုဥက္ကဌတိုက်တွန်း

1460

‌မြောင်းမြ လူထု‌တွေ့ဆုံပွဲသို့ ပဒို‌နော်စီဖိုးရာစိန် တက်‌ရောက်လာစဉ်

‌မေ ၇ရက်၊ ၂၀၁၄ ခုနှစ်။ နန်း‌ချောင်‌ဖော့

လက်ရှိ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)နှင့် အစိုးရတို့လုပ်‌ဆောင်‌နေသည့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် တွင် ပြည်သူလူထုများအ‌နေဖြင့် ဝိုင်းဝန်းလုပ်‌ဆောင်ရန် ‌ကေအဲန်ယူ ဒုဥက္ကဌ ပဒို‌နော်စီဖိုးရာစိန်က တိုက်တွန်း‌ပြောဆိုလိုက်သည်။

လူထု‌တွေ့ဆုံ‌ဆွေး‌နွေးပွဲအတွက် ဧရာဝတီတိုင်း‌ဒေသကြီးသို့ ‌ရောက်ရှိ‌နေသည့် ‌ကေအဲန်ယူ ဒုဥက္ကဌ ပဒို‌နော်စီဖိုး ရာစိန်က ‌မေ ၅ ရက်‌နေ့၊ နံနက်၁ဝ နာရီတွင် ‌မြောင်းမြမြို့‌ပေါ်ရှိ ဖူး‌စောဘုကျင်း စာသင်‌ကျောင်း၌ ပြုလုပ်‌သော ‌မြောင်းမြမြို့ခံ ကရင်ဘာသာ‌ရေး၊ လူမှု‌ရေးအဖွဲ့အစည်းများပါဝင်သည့် လူထု‌တွေ့ဆုံပွဲတွင် ထိုသို့ တိုက်တွန်း ‌ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျမယုံကြည့်တာက ငြိမ်းချမ်း‌ရေးဆိုတာ အဖွဲ့နှစ်ဖွဲ့ထဲ ‌ဖြေရှင်းရမှာ မဟုတ်ပါဘူး။ ပြည်သူလူထု‌တွေ နားလည် သ‌ဘော‌ပေါက်ပြီး‌တော့ အကြံဉာဏ်‌တွေ‌ပေးပြီး ဝိုင်းဝန်းလုပ်‌ဆောင်မှသာလျှင် ‌အောင်မြင်မှာပါ။ ဒါ‌ကြောင့် ပြည်သူ‌တွေအ‌နေနဲ့ ငြိမ်းချမ်း‌ရေးနဲ့ပတ်သက်ပြီး ဝိုင်းဝန်းအကြံ‌ပေးကြပါလို့ တိုက်တွန်းချင်တယ်”ဟု ပဒို‌နော်စီဖိုးရာစိန်က ‌ပြောသည်။

အဆိုပါ‌တွေ့ဆုံပွဲသို့ ‌ကေအဲန်ယူ ဒုဥက္ကဌ ပဒို‌နော်စီဖိုးရာစိန်၊ ပဒို‌စောသမိန်ထွန်း၊ ပဒို‌စောလှထွန်း၊ ပဒို‌စောမြ ‌မောင်၊ ပဒို‌စောလစ္စတန်တို့ ဦး‌ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များတက်‌ရောက်ကာ ‌မြောင်မြမြို့နယ် ကရင် ဘာသာ‌ရေး‌ခေါင်း‌ဆောင်များ၊ ကရင်နှစ်သစ်ကူးပွဲ‌တော်ကျင်းပ‌ရေး ‌ကော်မတီဝင်များ၊ မြို့နယ်ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီဝင်များနှင့် ‌ဒေသခံ စုစု‌ပေါင်း ၂၀ဝ ဦး‌ကျော်တက်‌ရောက်ခဲ့ကြသည်။

ယခုကဲ့သို့ ကရင်အမျိုးသား‌ခေါင်‌ဆောင်များ လာ‌ရောက်သည့်အတွက် ဝမ်း‌မြောက်သလို မိမိတို့ပြည်သူများ အ‌နေဖြင့် ‌နေစဉ်ဘဝရပ်တည်‌ရေးအတွက် လုပ်‌ဆောင်‌နေရပြီး ငြိမ်းချမ်း‌ရေနှင့်ပတ်သက်၍ ‌ပြောဆိုရှင်းလင်းခဲ့ သည့်အတွက် ပိုမိုနားလည်လာ‌ကြောင်း ‌ဒေသခံတဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ယင်းလူထု‌တွေဆုံပွဲတွင် ‌ဒေသခံများက ‌ကေအဲန်ယူနှင့် အစိုးရတို့အကြား လုပ်‌ဆောင်‌နေသည့် ငြိ်မ်းချမ်း‌ရေးနှင့် ပတ်သက်၍ မည်သည့်အဆင့်တွင် ‌ရောက်ရှိ‌နေ‌ကြောင်းနှင့် အပစ်အခတ်ရပ်စဲ‌ရေးစာချုပ် ‌ဖောက်ဖျက်ပါက မည်သို့ထိန်းချုပ်မည် စသည့်‌မေးခွန်းများကို ‌မေးမြန်းခဲ့ပြီး ‌ကေအဲန်ယူဘက်မှ ပြန်လည် ‌ဖြေကြားမှုများပြုလုပ်ခဲ့‌ကြောင်း သိရသည်။

‌ကေအဲန်ယူ ဒုဥက္ကဌနှင့် အဖွဲ့သည် ‌မေ ၂ ရက်မှ ၃ ရက်‌နေ့အထိ ပုသိမ်မြို့တွင်ပြုလုပ်သည့် ကရင်အမျိုးသား စည်းလုံး‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ကော်မတီအစည်းအ‌ဝေးကို တတ်‌ရောက်ခဲ့ပြီး၊ ‌မေ ၄ ရက်‌နေ့တွင် ပုသိမ်မြို့ ‌ရွှေ‌သောင်ယံမြို့နယ်ခွဲ အုန်း‌ချောင်ရွာ၌ လူထု‌တွေ့ဆုံပွဲပြုလုပ်ခဲ့ပြီးဖြစ်သည်။ ၎င်းအဖွဲ့သည် ရန်ကုန်မြို့၊ ပဲခူးတိုင်း‌ဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင်လည်း လူထု‌တွေ့ဆုံပွဲများကျင်းပဦးမည်ဖြစ်‌ကြောင်း သိရသည်။