Home သတင်း ငြိမ်းချမ်း‌ရေးတွင် တစုတစည်းတည်း ပါဝင်နိုင်ရန် ‘၀’၊ မိုင်းလားတို့ကို ‌ကေအဲန်ယူ ‌တွေ့ဆုံခဲ့

ငြိမ်းချမ်း‌ရေးတွင် တစုတစည်းတည်း ပါဝင်နိုင်ရန် ‘၀’၊ မိုင်းလားတို့ကို ‌ကေအဲန်ယူ ‌တွေ့ဆုံခဲ့

1858

‌မေလ ၂ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးလုပ်ငန်းစဉ်များတွင် တိုင်းရင်းသားအားလုံး တစုတစည်း ပါဝင်နိုင်‌ရေးအတွက် ကရင်အမျိုးသားအ စည်းအရုံး(‌ကေအဲန်ယူ) ဥက္ကဌနှင့်အဖွဲ့သည် ‘၀’ ၊ မိုင်းလားအဖွဲ့တို့နှင့် ဧပြီလကုန်ပိုင်းက လိုက်လံ‌တွေ့ဆုံခဲ့‌ကြောင်း ‌ကေအဲန်ယူ ဘက်က ‌ပြောဆိုသည်။

‌ကေအဲန်ယူသည် ရှမ်းပြည်အ‌ခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည့် ‘၀’ ပြည်‌သွေးစည်း ညီညွတ်‌ရေးတပ်မ ‌တော်နှင့် ဧပြီ ၂၆ရက်‌နေ့တွင်လည်း‌ကောင်း၊ မိုင်းလားအထူး‌ဒေသ ၄အဖွဲ့နှင့် ဧပြီ ၂၇- ၂၈ရက်‌နေ့တို့တွင်လည်း‌ကောင်း ‌တွေ့ဆုံ ခဲ့ခြင်းဖြစ်သည်။

‌ကေအဲန်ယူ ဥက္ကဋ္ဌရုံး အတွင်း‌ရေးမှူး ‌စောတာမူလာက “ကျ‌နော်တို့ တိုင်းရင်းသားလက်နက်ကိုင်‌တွေနဲ့ ‌တွေ့ရတဲ့ အဓိက အ‌ကြောင်းရင်းက နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲကို ဘယ်လိုမြင်လဲ၊ ဘယ်လိုသွားချင်တာလဲ။ ဘယ်လိုပုံစံမျိုးနဲ့ သွားမှာလဲ‌ပေါ့။ အလွတ် သ‌ဘော အမြင်သ‌ဘောထား ဖလှယ်တဲ့အ‌နေနဲ့ ‌တွေ့ဆုံခြင်းဖြစ်ပါတယ်”ဟု ‌ပြောသည်။

ထိုသို့ ‌တွေ့ဆုံမှုများတွင် ‌ရှေ့ဆက်သွားရမည့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သ‌ဘောထားဖလှယ်ခဲ့သည့်အပြင် ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေပြင်ဆင်‌ရေးကိုလည်း ထည့်သွင်း‌ဆွေး‌နွေးခဲ့သည်ဟု ‌စောတာမူလာက ‌ပြောသည်။

‌တွေ့ဆုံမှုအပြီး ပူးတွဲထုတ်ပြန်‌သော‌ကြေငြာချက်တွင် အစိုးရနှင့် တိုင်းရင်းသားများအကြား ဖြစ်ပွား‌နေသည့် ပဋိပက္ခများကို နိုင်ငံ ‌ရေးနည်းဖြင့် အပြန်အလှန်‌ဆွေး‌နွေးခြင်း၊ တန်းတူညီတူညှိနှိုင်း‌ဆောင်ရွက်ခြင်းနှင့် ငြိမ်းချမ်းစွာ ‌ဖြေရှင်းသည့် နည်းလမ်းများဖြင့် သာ ‌ဆောင်ရွက်သွားကြရန် သ‌ဘောတူညီခဲ့ကြသည်။

‘၀’ နှင့် မိုင်းလားအဖွဲ့တို့မှာ အစိုးရနှင့် အပစ်အခတ်ရပ်စဲ‌ရေး‌ဆွေး‌နွေးရန် တိုင်းရင်းသားများ စု‌ပေါင်းဖွဲ့စည်းထားသည့် တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲ‌ရေး ညှိနှိုင်း‌ရေးအဖွဲ့(NCCT)တွင် မပါဝင်သည့် အဖွဲ့များ ဖြစ်သည်။ ယင်းအဖွဲ့နှစ်ဖွဲ့မှာ ကချင်ပြည်နယ် လိုင်ဇာမြို့နှင့် ကရင်ပြည်နယ် ‌လော်ခီးလာတို့တွင် ပြုလုပ်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများညီလာခံ နှစ်ကြိမ်စလုံးကိုလည်း ပါဝင်တက်‌ရောက်ခဲ့ခြင်း မရှိ‌ပေ။

၎င်း‌တွေ့ဆုံမှုများမှာ KNU တစ်ဖွဲ့တည်း၏ သ‌ဘောထားဖြင့်သာ လိုက်လံ‌တွေ့ဆုံခြင်းဖြစ်ပြီး ‌ဒေါ်‌အောင်ဆန်းစုကြည် အပါအဝင် မြန်မာနိုင်ငံရှိ အ‌ရေးပါသည့် နိုင်ငံ‌ရေး‌ခေါင်း‌ဆောင်များနှင့်လည်း သီးခြား‌တွေ့ဆုံသွားရန် စီစဉ်လျှက်ရှိသည်ဟု ‌ကေအဲန်ယူ ဗဟို အမြဲတမ်း‌ကော်မတီဝင် ပဒို‌စောလှထွန်းက ယမန်‌နေ့က ‌ပြောဆိုထားသည်။