Home သတင်း ၂၀၁၄-၁၅ပညာသင်နှစ်တွင် ပဲခူးတိုင်း၌ စ‌ကောကရင်စာ တ‌ပြေးညီ စတင်သင်ကြားမည်

၂၀၁၄-၁၅ပညာသင်နှစ်တွင် ပဲခူးတိုင်း၌ စ‌ကောကရင်စာ တ‌ပြေးညီ စတင်သင်ကြားမည်

1739

‌မေ ၂ဝရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း

ပဲခူးတိုင်း‌ဒေသကြီးအတွင်းရှိ အစိုးရ အ‌ခြေခံပညာ‌ကျောင်းများ၌ လာမည့် ၂၀၁၄-၁၅ ပညာသင်နှစ်တွင် စ‌ကောကရင်စာကို တ‌ပြေးညီ စသင်ကြား‌ပေးမည်ဟု ပဲခူးတိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသား‌ရေးရာ ဝန်ကြီး ‌စောဂျူပလီစံလှက ‌မေ ၁၉ရက်‌နေ့ (ယမန်‌နေ့)က ‌ပြောဆိုလိုက်သည်။

“ပဲခူးတိုင်း‌ဒေသကြီးမှာ ‌ကျောင်း‌ပေါင်း ၃၇၀‌လောက်မှာ ကရင်‌ကျောင်းသား‌တွေ ရှိတယ်။ ‌ကျောင်းသားဦး‌ရေကလည်း ၄‌သောင်း ‌ကျော် ရှိတယ်။ ဒါ‌တွေကိုသင်ဖို့ အခုစီစဉ်ထားပြီးသားဖြစ်တယ်။ ဖတ်စာအုပ်လည်း ဖြန့်ထားပြီဖြစ်တယ်။ သင်မဲ့ဆရာ၊ ဆရာမ ‌တွေကို တချို့မြို့နယ်‌တွေက ကိုယ့်ဖာသာကိုယ် ရှာတာရှိသလို တချို့ကို ညှိနှိုင်းရှာ‌ပေးရတာ‌တွေ ရှိတယ်”ဟု ‌စောဂျူးဗလီစံလှက ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းသို့ စ‌ကောကရင်စာသင်ကြား‌ရေး အ‌ထောက်အကူပြုရန် ပဲခူးတိုင်း‌ဒေသကြီး အ‌နောက်ခြမ်း ၇မြို့နယ်နှင့် အ‌ရှေ့ခြမ်း ၈မြို့ နယ်တို့တွင် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီကို ဖွဲ့စည်း၍ ‌ညောင်‌လေးပင်၊ ‌ကျောက်ကြီး၊ ‌ရွှေကျင်မြို့နယ်တို့တွင် မွမ်းမံသင် တန်းများပြုလုပ်ခဲ့ရာ ‌ကျောက်တံခါး၊ ထန်းတပင်၊ ကဝမြို့နယ်တို့မှ ဆရာ၊ ဆရာမများလည်း လာ‌ရောက်သင်ယူပြီးဖြစ်‌ကြောင်းနှင့် မွမ်းမံသင်တန်းများကို မြို့နယ်အလိုက် ဆက်လုပ်သွားမည်ဖြစ်‌ကြောင်း ဝန်ကြီး‌စောဂျူးဗလီစံလှက ထပ်မံ ‌ပြောဆိုသည်။

အဆိုပါ သင်ကြားပို့ချမည့် စ‌ကောကရင်စာသည် ‌ခြေလှမ်းသစ်အဖြစ် မူလတန်း‌အောက်အဆင့်ရှိ‌သော သင်ရိုးညွှန်းတမ်းကိုသာ စတင် သင်ကြား‌ပေးမည်ဖြစ်သည်ဟု သိရသည်။

အ‌ခြေခံပညာ‌ကျောင်းများတွင် စ‌ကောကရင်စာ သင်ကြား‌ပေးရန် စီစဉ်ရာ၌ ကရင်‌ကျောင်းသားအများစုရှိသည့် ‌ကျောင်းများတွင် သာ လတ်တ‌လောသင်ကြားရန် စီစဉ်‌ပေးနိုင်ပြီး ကရင်‌ကျောင်းသားအနည်းစုသာရှိသည့် ‌ကျောင်းများ၌ မည်သို့သင်ကြားမည်ကို ‌နောက်ပိုင်းတွင် ညှိနှိုင်းလုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်းလည်း လက်ပံတန်းမြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီဝင် တစ်ဦးဖြစ်သူ ‌စောရှ‌မွေလက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “လက်ပံတန်းမှာ ‌ကျောင်း‌ပေါင်း ၃၀‌ကျော်မှာ ကရင်‌ကျောင်းသား‌တွေရှိတယ်။ ဒါ‌ပေမဲ့ အများဆုံးရှိတဲ့ ၁၁‌ကျောင်းမှာပဲ စသင်ဖို့ စီစဉ်ထားတယ်။ တချို့ဆရာမ‌တွေကို ကျမ်းစာ‌ကျောင်းဆင်း ကရင်စာ‌ပေကျွမ်းကျင်သူ‌တွေကို ခန့်လိုက်တယ်။ ဒါကို ခရိုင်ပညာ‌ရေးမှူး ခွင့်ပြုချက်လည်း ရထားပြီးဖြစ်တယ်”ဟု ‌ပြောဆိုသည်။

ပြီးခဲ့သည့် ပညာသင်နှစ်က ‌ညောင်‌လေးပင်မြို့နယ်ရှိ စာသင်‌ကျောင်း ၂၆‌ကျောင်း၌ ‌ကျောင်းသူ‌ကျောင်းသား ၁,၂၀၀‌ကျော်ကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် စ‌ကောကရင်စာသင်ကြား‌ပေးခဲ့ပြီး‌နောက် အစိုးရက သင်ကြား‌ပေးသူ ဆရာ၊ ဆရာမများကို တရားဝင် ‌ထောက်ပံ့‌ကြေးများ ‌ပေးအပ်ကာ ပညာသင်နှစ်တွင် တိုင်း‌ဒေသကြီး စာ‌ပေယဉ်‌ကျေးမှု‌ကော်မတီနှင့် တိုင်းပညာ‌ရေးဌာနတို့ ပူး ‌ပေါင်း၍ ယခုကဲ့သို့ တ‌ပြေးညီ စတင်သင်ကြားရန် ‌ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။