Home ဆောင်းပါး ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ ပြင်ဆင်ရုံမျှဖြင့် မလုံ‌လောက်၊ အသစ်‌ရေးဆွဲကြရမည်

၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ ပြင်ဆင်ရုံမျှဖြင့် မလုံ‌လောက်၊ အသစ်‌ရေးဆွဲကြရမည်

2709

(‌မောင်‌ကျော်စွာ)

(၂၀၁၄ ခုနှစ်၊ ‌မေလ ၁၂ရက်)

“၂၀၀၈ အ‌ခြေခံဥပ‌ဒေ” ဆက်လက် တည်ရှိ‌နေသမျှ စစ်မှန်သည့် ဒီမိုက‌ရေစီနှင့် စစ်မှန်‌သော ဖက်ဒရယ်ပြည်‌ထောင်စု မည်သို့မျှ ဖြစ်‌ပေါ်မလာနိုင်‌ကြောင်း အားလုံးက သ‌ဘော‌ပေါက်နားလည်ထားကြသည်။ သို့‌သော်လည်း ၂၀၀၈ အ‌ခြေခံဥပ‌ဒေနှင့်ပတ်သက် ၍ “ပြင်ဆင်‌ရေး” နှင့် “အသစ်‌ရေးဆွဲ‌ရေး” နည်းလမ်းနှစ်သွယ် ကွဲပြားခဲ့ကြပြီး‌နောက် “ပြင်ဆင်‌ရေး”နည်းလမ်းဘက်ကမှ အသာ ရရှိသွားခဲ့သည်။ “ပြင်ဆင်‌ရေးနည်းလမ်း”သည် ရည်မှန်းချက်ပန်းတိုင်သို့ ‌ရောက်နိုင်ပါ့မည်‌လော။ ယင်းအချက်ကို ‌လေ့လာဆန်း စစ်ကြည့်ကြပါစို့။

“ပြင်ဆင်‌ရေးနည်းလမ်း”ဖြင့် ၂၀၀၈ အ‌ခြေခံဥပ‌ဒေအား ပြင်ဆင်နိုင်လျှင် ‌ကောင်းပါ၏။ သို့‌သော်လည်း လက်‌တွေ့တွင်မူ “ပြင် ဆင်‌ရေးနည်းလမ်း”သည် ကြံ့ဖွံ့ပါတီနှင့် ကာချုပ် အလိုကျမှသာအလုပ်ဖြစ်မည့် နည်းလမ်းဖြစ်‌နေပါသည်။ ထို့အပြင် ပြည်‌ထောင် စုလွှတ်‌တော်အတွင်းရှိ လွှတ်‌တော်အမတ် အင်အားအချိုးအစားကလည်း ကြံ့ဖွံ့ပါတီနှင့် ကာချုပ်တို့ စိတ်ကြိုက်အ‌နေအထား ဖြစ် သည်။ ပြင်ဆင်လိုသည့် အချက်အလက်များတွင်လည်း ကွဲပြား‌နေကြပြန်သည်။ လက်‌တွေ့ကျသည့် အချက်အချို့ကိုသာ ‌ထောက်ပြပါမည်။

“ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေကို ပြင်ဆင်ရာတွင် ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ၏ အရင်းအမြစ်ဖြစ်‌သော ပင်ရင်းပြဋ္ဌာန်းချက်များကို ပြင်ဆင် ရန်သင့်မည်မဟုတ်ပါ။ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ၏ ‌နောက်ဆက်တွဲဇယားများပါ ဥပ‌ဒေပြုခွင့်များကိုသာ တိုင်း‌ဒေသကြီး၊ ပြည်နယ် အစိုးရများနှင့် ပြည်‌ထောင်စုအစိုးရအဖွဲ့တို့အကြား အတိုးအ‌လျော့ ပြုပြင်ဆင်ခြင်းသာ ‌ဆောင်ရွက်သင့်ပါသည်”ဟု ကြံ့ဖွံ့အစိုးရ ၏အာ‌ဘော်ကို ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလ ၁၂ရက်‌နေ့ထုတ်၊ ကြံ့ဖွံ့အစိုးရပိုင် မြန်မာ့အလင်းနှင့် ‌ကြေးမုံသတင်းစာများတွင် ‌ဗြောင် ‌ဖော်ပြခဲ့ပြီးလည်းဖြစ်သည်။

ဆိုလိုချက်မှာ ပြင်ဆင်ကြမည့်သူများအ‌နေဖြင့် ၂၀၀၈ အ‌ခြေခံဥပ‌ဒေ၏ အနှစ်သာရကို လုံးဝမထိခိုက်‌စေဘဲ။ အ‌ပေါ်ယံ အသွင် သဏ္ဍာန်အချို့ကို ပြင်ဆင်ကြဟူ၍ ‌ပြောခြင်းဖြစ်ပါသည်။ ၂၀၀၈ အ‌ခြေခံဥပ‌ဒေ၏အနှစ်သာရဆိုသည်မှာ (နဝတ-နအဖ) စစ်အုပ် စု၏ နိုင်ငံ‌ရေး၊စီးပွား‌ရေး၊စစ်‌ရေး အစရှိသည့် အဓိကကဏ္ဍများကို ထာဝစဉ် အုပ်စီးထား‌ရေးသာဖြစ်ပါသည်။ ယင်းအနှစ်သာရကို ဥပ‌ဒေပုဒ်မများအသွင်ဖြင့် ‌ရေးသားထားခြင်းဖြစ်သည်။

ထပ်မံ‌ဖော်ပြလိုသည့် သာဓကတစ်ခုမှာ ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာ ၂၆ရက်၊ မဇ္ဈိမသတင်းစာ(အတွဲ ၂၊ အမှတ် ၅၅)၌ ပါရှိ‌သော ကြံ့ဖွံ့အမတ်ဦး‌အောင်သိန်းလင်း၏ ပုဒ်မ ၅၉(စ) အပါအဝင် မပြင်ဆင်လိုသည့် ပုဒ်မ ၇ခု ကိစ္စပင်ဖြစ်သည်။ ထိုပုဒ်မ ၇ခု ဆိုသည် မှာလည်း ၂၀၀၈ အ‌ခြေခံဥပ‌ဒေ၏ အဓိကကျသည့် ပုဒ်မ‌တွေ ဖြစ်‌နေပါသည်။ ထိုသို့ မပြင်ဆင်လိုသည့်ပုဒ်မ ၇ခုမှာ “ပုဒ်မ ၆(စ)၊ ပုဒ်မ ၄၂(ခ)၊ ပုဒ်မ ၅၉(စ)၊ ပုဒ်မ ၃၃၇၊ ပုဒ်မ ၃၃၈၊ ပုဒ်မ ၄၃၆၊ ပုဒ်မ ၄၄၆ တို့ဖြစ်သည်။
1383638_730649190282406_658515408_n
‌နောက်ဆုံး‌ဖော်ပြလိုသည့် သာဓကမှာ ၂၀၁၄ခုနှစ်၊ ဇန်နဝါရီ ၃၁ရက်‌နေ့၊ ပြည်‌ထောင်စုလွှတ်‌တော် နဝမပုံမှန်အစည်းအ‌ဝေး (အဋ္ဌမ‌နေ့)၌ တင်သွင်းခဲ့သည့် ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ ‌လေ့လာသုံးသပ်‌ရေး ပူး‌ပေါင်း‌ကော်မတီ၏ အစီရင်ခံစာပင်ဖြစ်သည်။ ထို အစီရင်ခံစာပါ အချက်များအနက် မပြင်ဆင်ဘဲထားရှိရန်‌ဖော်ပြခဲ့သည့် ပုဒ်မ ၇ခုနှင့် သက်ဆိုင်ရာ အခန်းများမှာ ‌အောက်ပါအ တိုင်း ဖြစ်ပါသည်။

– အခန်း (၁) ပုဒ်မ ၆(စ)
– အခန်း (၁) ပုဒ်မ ၄၂(ခ)
– အခန်း (၃) ပုဒ်မ ၅၉(စ)
– အခန်း (၇) ပုဒ်မ ၃၃၇
– အခန်း (၇) ပုဒ်မ ၃၃၈
– အခန်း (၁၂) ပုဒ်မ ၄၃၆
– အခန်း (၁၄) ပုဒ်မ ၄၄၅ တို့ဖြစ်သည်။

ထို့အပြင် ၂၀၀၈ အ‌ခြေခံဥပ‌ဒေ ပြင်ဆင်‌ရေးတွက် (၁၀၉)ဦး‌ကော်မတီ၊ (၃၁)ဦး‌ကော်မတီ စသဖြင့် ‌ကော်မတီအဆင့်ဆင့် ဖွဲ့စည်း ‌ဆောင်ရွက်ခဲ့ရာတွင်လည်း ဖွဲ့စည်းခဲ့သမျှ ‌ကော်မတီတိုင်းတွင်း ပြင်ဆင်လိုသူများသည် အနည်းစုသာဖြစ်မြဲဖြစ်‌နေပြီး ဖွဲ့စည်းသမျှ ‌ကော်မတီတွင် အများစုအဖြစ် ပါဝင်‌နေသည့် ကြံ့ဖွံ့အမတ်များနှင့် စစ်သားအမတ်များကို မ‌ကျော်လွှားနိုင်ခဲ့‌ချေ။ သို့ပါ၍ ယင်း ‌ကော်မတီများက ပြည်‌ထောင်စုလွှတ်‌တော်သို့ တင်ပြလာမည့် ပြင်ဆင်‌ရေးဆိုသည်မှာလည်း ကြံ့ဖွံ့ပါတီနှင့် ကာချုပ်တို့ စိတ် ကြိုက်အချက်များသာ ဖြစ်‌နေ‌ပေလိမ့်မည်။

ဤအ‌ခြေအ‌နေကို လွှတ်‌တော်တွင်းပြင်ဆင်‌ရေး လုပ်‌ဆောင်‌နေကြသည့် ဒီချုပ် အပါအဝင် အတိုက်အခံပါတီမှ အမတ်များသည် “၂၀၀၈ အ‌ခြေခံဥပ‌ဒေအား လွှတ်‌တော်တွင်းပြင်ဆင်နိုင်‌ရေး”၏ အ‌ရေးမလှနိုင်သည့် အ‌နေအထားကို ကိုယ်ပိုင်အ‌တွေ့အကြုံ ဖြင့် သိမြင်သ‌ဘော‌ပေါက်လာကြပုံ‌ပေါ်ပါသည်။

သို့ဖြင့် ၈၈ ငြိမ်း/ပွင့်များနှင့် ပူးတွဲ‌ကြေညာချက်ထုတ်ပြန်ခြင်း၊ ပုဒ်မ ၄၃၆ ပြင်ဆင်‌ရေး‌ဟော‌ပြောပွဲနှင့် လက်မှတ်စု‌ဆောင်းပွဲများ ကျင်းပရန် ပြင်ဆင်လှုပ်ရှားလာခြင်းဖြစ်ပါသည်။ ထို့အပြင် KNU ကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ တာဝန် ရှိသူများနှင့် ဒီချုပ်ဥက္ကဋ္ဌတို့ ‌တွေ့ဆုံရာတွင် ဖွဲ့စည်းပုံ ပြင်ဆင်‌ရေးတွင် ပူး‌ပေါင်းပါဝင်ရန် ‌ပြောဆိုမှုများရှိလာခြင်းဖြစ်ပါလိမ့်မည်။

ဤအချက်များက ၂၀၀၈ အ‌ခြေခံဥပ‌ဒေအား လွှတ်‌တော်တွင်းပြင်ဆင်‌ရေး နည်းလမ်းတစ်ခုတည်းဖြင့် အလုပ်မဖြစ်နိုင်ဆိုသည့် အချက်ကို ပွင့်ပွင့်လင်းလင်း ထုတ်‌ဖော်ပြသလာသည့်အချက်လည်း ဖြစ်သည်။ လွှတ်‌တော်တွင်း ပြင်ဆင်‌ရေးနည်းလမ်းတစ်ခု တည်းသက်သက်ဖြင့်သာ စခန်းသွားကြမည်ဆိုလျှင် ကြံ့ဖွံ့ပါတီနှင့်ကာချုပ်တို့ ပြင်ဆင်‌ပေးသမျှနှင့်သာ ‌ကျေနပ်‌ရောင့်ရဲကြရ ‌တော့မည် ဆိုသည့်အချက်ကလည်း ပို၍ ‌ပေါ်လွင်ထင်ရှား‌နေပါသည်။

သို့ပါ၍ ဒီချုပ်ပါတီ အပါအဝင် နိုင်ငံ‌ရေးပါတီများ၊ တိုင်းရင်းသားနိုင်ငံ‌ရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ သည် (‌နေသူရိန်လူထုအစည်း‌ဝေးကြီး)ကဲ့သို့ လူမျိုး‌ပေါင်းစုံပြည်သူတစ်ရပ်လုံးပါဝင်သည့် တိုင်းပြုပြည်ပြု လူထုအစည်းအ‌ဝေး ကြီးတစ်ရပ် စည်းရုံး‌ခေါ်ဆိုကာ စစ်မှန်‌သော ဒီမိုက‌ရေစီနှင့် စစ်မှန်‌သော ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်‌ရေး အ‌ခြေခံမူ များကို ချမှတ်သွားသင့်ပြီး ထိုအ‌ခြေခံမူများနှင့်အညီ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေသစ်တစ်ရပ် ‌ရေးဆွဲအ‌ကောင်အထည်‌ဖော်သင့်ပါ ‌ကြောင်း ‌ရေးသားတင်ပြအပ်သည်။