Home သတင်း (၁၀)ကြိမ်‌မြောက် ကရင်ညီညွှတ်‌ရေးနှီး‌နှောဖလှယ်ပွဲတွင် အ‌ခြေခံသုံးချက် ‌ဆွေး‌နွေးသွားမည်

(၁၀)ကြိမ်‌မြောက် ကရင်ညီညွှတ်‌ရေးနှီး‌နှောဖလှယ်ပွဲတွင် အ‌ခြေခံသုံးချက် ‌ဆွေး‌နွေးသွားမည်

2460

‌မေ ၁၉ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဖားအံခရိုင် ‌လေးဝါးစခန်း၌ ‌မေ ၂၈ရက်‌နေ့တွင် စတင် ကျင်းပမည့် (၁၀)ကြိမ်‌မြောက် ကရင်အမျိုးသားစည်းလုံးညီညွတ်‌ရေး နှီး‌နှောဖလှယ်ပွဲအတွင်း အမျိုးသားလုံးညီညွှတ်‌ရေး‌ပေါ် အ‌ခြေခံ မည့်အချက်သုံးချက်နှင့် ‌ဆွေး‌နွေးသွားမည်ဟု ကျင်းပ‌ရေး‌ကော်မတီ၏ ဖိတ်ကြားစာအရ သိရသည်။

‌မေ ၁၄ရက်‌နေ့က ‌ပေးပို့ထားသည့် ၎င်းနှီး‌နှောဖလှယ်ပွဲ ဖိတ်ကြားလွှာတွင် အမျိုးသားစည်းလုံးညီညွတ်‌ရေး၊ ကရင်အမျိုးသားတို့ ၏ နိုင်ငံ‌ရေးနှင့် ပြည်တွင်းငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုဖြစ်စဉ်နှင့် ကရင်အမျိုးသားတို့၏ အမျိုးသားစီမံကိန်း (အနာဂတ်ဘဝဆိုင်ရာ) စသည့်အချက်ကြီး ၃ချက်ကို ‌ဆွေး‌နွေးသွားမည်ဖြစ်သည်ဟု ထည့်သွင်း‌ဖော်ပြထားသည်။

ကရင်အမျိုးသား စည်းလုံးညီညွတ်‌ရေး နှီး‌နှောဖလှယ်ပွဲ ကျင်းပ‌ရေး‌ကော်မတီ ဥက္ကဌ ပဒို‌စောလှထွန်းက “အခုကွဲပြား‌နေတဲ့ ကရင်အမျိုးသား‌တွေ၊ ကရင်အဖွဲ့အစည်း‌တွေ ပြန်စုစည်းဖို့၊ ကရင်ကြားထဲမှာ အမြင်ချင်းမတူတဲ့ ကိစ္စ‌တွေ‌ပေါ်မှာ စည်းလုံးညီ ညွတ်မှု ပြန်လည်ရရှိနိုင်ဖို့ အ‌ကောင်းဆုံး နည်းလမ်း‌တွေကိုရှာပြီး ဒီအ‌ခြေခံကျတဲ့အချက်‌တွေ လုပ်သွားရမှာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် နှီး‌နှောဖလှယ်ပွဲသို့ တက်‌ရောက်မည့် ကိုယ်စားလှယ်များအ‌နေဖြင့် ‌ဆွေး‌နွေးသွားမည့် အချက်(၃)ချက်နှင့်ပတ်သက်၍ ထင်မြင်ချက်၊ ယူဆချက်၊ အကြံပြုချက်များကို ‌မေ ၂၅ရက်‌နေ့ ‌နောက်ဆုံးထား၍ ကြိုတင်‌ပေးပို့ရမည်ဖြစ်ပြီး မတက်‌ရောက်နိုင်သူ များကလည်း စာဖြင့် ‌ရေးသား‌ပေးပို့နိုင်‌ကြောင်း ဖိတ်ကြားလွှာတွင် ပါရှိသည်။

လက်ရှိ နှီး‌နှောဖလှယ်ပွဲ တက်‌ရောက်ရန်အတွက် ပြည်တွင်း၊ ပြည်ပနှင့် နယ်စပ်‌ရောက် သက်ဆိုင်ရာ ကရင်အဖွဲ့အစည်းများကို ဖိတ်ကြားထားရာ တက်‌ရောက်မည့် ကိုယ်စားလှယ်ဦး‌ရေ ၂၅ဝဦး လျာထားသည်ဟု ကရင်အမျိုးသားစည်းလုံးညီညွတ်‌ရေး‌ကော် မတီမှ ‌နော်လယ်လားခုထူးက ယခုလို ‌ပြောဆိုသည်။

“ဒီပွဲပြုလုပ်ဖို့ ဖိတ်ကြားထားသူ‌တွေ လာကြမှာပါ။ နိုင်ငံခြားက ကရင်‌တွေလည်း ပြန်လာဖို့ ဆန္ဒရှိကြတယ်။ တချို့က ပြန်လာလို့ မအားတာ‌တွေလည်း ရှိတယ်။ တချို့ပြန်လာဖို့ နာမည်စာရင်း‌တော့ ‌ပေးလာတာရှိ‌နေပြီ။ ဘယ်‌လောက်ပြန်လာမလဲ‌တော့ မသိ ‌သေးဘူး”ဟု ‌နော်လယ်လားခုထူးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်အမျိုးသားစည်းလုံးညီညွှတ်‌ရေး နှီး‌နှောဖလှယ်ပွဲကို ၁၉၉၉ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)က စတင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ဖြစ်‌မြောက်‌ရေးအတွက် ကုန်ကျစရိတ်များကို ပြည်တွင်းပြည်ပအသီးသီးမှ ကရင်အဖွဲ့အစည်းများက မိမိတို့ တတ်နိုင်သမျှ သတ်မှတ်နှုန်းထား(ကိုတာ)စနစ်ဖြင့် ထည့်ဝင်သွားခြင်းဖြစ်သည်။