Home သတင်း မြန်မာ့ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်ကို ပုံ‌ဖော်ခြင်း အစီရင်ခံစာ ဘီအဲန်အိုင် ထုတ်‌ဝေ

မြန်မာ့ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်ကို ပုံ‌ဖော်ခြင်း အစီရင်ခံစာ ဘီအဲန်အိုင် ထုတ်‌ဝေ

1935

‌မေ ၉ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ

၂၀၁၄ခုနှစ်အတွက် “မြန်မာ့ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်ကို ပုံ‌ဖော်ခြင်း” အဓိပ္ပါယ်ရသည့် “Deciphering Myanmar Peace Process, A reference Guide 2014”အမည်ရှိ လမ်းညွှန်ကိုးကားစာအုပ်တစ်အုပ်ကို နိုင်ငံတကာ မြန်မာ့သတင်း (ဘီအဲန်အိုင်) က ‌မေလ ၇ရက်‌နေ့၌ ထိုင်းနိုင်ငံ ဘန်‌ကောက်မြို့၊ FCCT တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ထုတ်‌ဝေခဲ့သည်။

စာမျက်နှာ‌ပေါင်း ၂၁၂မျက်နှာ ပါဝင်ပြီး မြန်မာ့ငြိမ်းချမ်းလုပ်ငန်းစဉ်တွင် ဖြစ်‌ပေါ်လာသည့် ပဋိပက္ခများကို အဂင်္လိပ်ဘာသာဖြင့် ထုတ်‌ဝေထားသည့် ၎င်းစာအုပ်တွင် အထူးသဖြင့် ၂၀၁၃ခုနှစ်အတွင်း မြန်မာ့ပြည်တွင်းငြိမ်းချမ်း‌ရေးနှင့် ပတ်သက်၍ ဖြစ်‌ပေါ်ခဲ့ သည့် ပဋိပက္ခများ၊ တိုက်ပွဲများ၊ ‌ဆွေး‌နွေးပွဲများ၊ အကြမ်းဖက်မှုများနှင့် အစိုးရမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအ တွက် ပြုလုပ်‌ပေးသည့် မှတ်ပုံတင်ကိစ္စများ စသည့် အချက်အလက်များကို စုစည်း‌ရေးသားထားခြင်းဖြစ်သည်။

ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်တွင် ပါဝင်သည့် ပြည်တွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရတို့ ‌ဆွေး‌နွေးပြီးစီးထားမှု များတွင် ရရှိလာ‌သော အဆိုးအ‌ကောင်းနှင့် လိုအပ်‌သော အချက်အလက်များကို လူထု အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်း များနှင့် နိုင်ငံတကာ အသိုင်းအအဝိုင်းရှိ အလှူရှင်များ ‌ဝေဖန်သုံးသပ် ဖတ်ရှုနိုင်ရန် ပြုစု‌ရေးသားထားခြင်းဖြစ်သည်ဟု ဘီအဲန် အိုင်၏ ငြိမ်းချမ်း‌ရေး‌စောင့်ကြည့်‌ရေးအစီအစဉ် Program Coordinator ကိုစိုင်းလိတ်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဒီစာအုပ်ထုတ်ခြင်းအားဖြင့် တိုက်ရိုက်ပါဝင်ပတ်သက်တဲ့ အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့အစည်းအတွက် သိဖို့ လိုအပ်တယ် ထင်ပါ တယ်။ ဒါ‌ကြောင့် ဒီစာအုပ်ဟာ ငြိမ်းချမ်း‌ရေးဖြစ်စဉ်အတွက် တစုံတရာ အ‌ထောက်အကူပြုမယ်လို့ ကျ‌နော်တို့ ယုံကြည်ပါတယ်” ဟု ကိုစိုင်းလိတ်က ‌ပြောဆိုသည်။

ဘီအဲန်အိုင် လမ်းညွှန်ကိုးကားစာအုပ်ထဲတွင် ကချင်၊ ကရင်နီ(ကယား)၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း၊ ပအိုဝ်း၊ ဝ တို့အပြင် ABSDF ‌ကျောင်းသားတပ်မ‌တော် စသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် မြန်မာအစိုးရတို့အကြား ငြိမ်းချမ်း ‌ရေး‌ဖော်‌ဆောင်‌နေ‌သော ကာလအတွင်း ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲ အ‌ရေအတွက်၊ တိုက်ပွဲအ‌ရေအတွက်များနှင့် ဖွံ့ဖြိုး‌ရေးလုပ်‌ဆောင် ခြင်း စသည့်အ‌ခြေအ‌နေများကို ထည့်သွင်း‌ဖော်ပြထားသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အစိုးရတို့သည် ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲများ အကြိမ်အ‌ရေအတွက် များစွာ ပြုလုပ်ခဲ့ ကြပြီဖြစ်‌သော်လည်း တိုက်ပွဲများ တနှစ်လုံးလုံး ဆက်တိုက်ဖြစ်ပွား‌နေ‌ကြောင်း၊ ယင်းသို့ တိုက်ပွဲ ဖြစ်ပွားသည့်အ‌ပေါ် နှစ်ဖက်ယုံ ကြည်မှု ‌လျော့နည်းလာသဖြင့် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး လုပ်ငန်းစဉ်ကို ထိခိုက်နိုင်‌ကြောင်းလည်း ၎င်းက ဆက်‌ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)၏ တွဲဖက်အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး (၁) ပဒို‌စော‌သောသီဘွဲကလည်း “အခုကာလမှာ ဟန့် တားမှု‌တွေ နည်းနည်းရှိ‌နေ‌သေးတယ်‌ပေါ့။ ဘာ‌တွေလဲဆို‌တော့ ‌ဆွေး‌နွေးမှု‌တွေထဲမှာ အစိုးရဘက်က အ‌ခေါ်‌ဝေါ်သုံးစွဲမှု‌လေး‌တွေ က ကျ‌နော်တို့ တိုင်းရင်းသား‌တွေနဲ့ ကွဲပြားတာ‌လေး‌တွေ ရှိ‌နေ‌တော့ အဟန့်အတားရှိ‌နေတုန်းပါပဲ”ဟု ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် နှင့် ပတ်သက်၍ သုံးသပ်‌ပြောဆိုသည်။

ဘီအဲန်အိုင်သည် ၂၀၁၂ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလတွင် မြန်မာ့ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်ကို ပုံ‌ဖော်ခြင်း ပထမ လမ်းညွှန်ကိုးကားစာအုပ် ကို ထုတ်‌ဝေခဲ့ပြီး ၂၀၁၃ခုနှစ်၊ ‌အောက်တိုဘာ ၂၈ရက်‌နေ့က ငြိမ်းချမ်း‌ရေးနှင့် ပဋိပက္ခစစ်ပွဲများဆိုင်ရာ မြန်မာ့စီးပွား‌ရေးအ‌ခြေအ ‌နေ အစီရင်ခံစာတစ်အုပ်ကို ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ထုတ်‌ဝေခဲ့ပြီးဖြစ်သည်။