Home သတင်း ‌လေ‌ဘေးသင့်‌ဒေသခံ‌နေအိမ်များ ကိုယ်ထူကိုယ်ထသာ ပြုပြင်တည်‌ဆောက်‌နေရ

‌လေ‌ဘေးသင့်‌ဒေသခံ‌နေအိမ်များ ကိုယ်ထူကိုယ်ထသာ ပြုပြင်တည်‌ဆောက်‌နေရ

1402

‌မေ ၁၂ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ လှာကမြင်‌ကျေးရွာအုပ်စုရှိ ‌မေလဆန်းပိုင်းက ‌လေဆင်နှာ‌မောင်း တိုက်ခတ်၍ ပျက်စီးခဲ့‌သော ရွာခံများ၏ အိမ်‌ခြေ ၈၀‌ကျော်ကို ကိုယ်ထူကိုယ်ထ ပြန်လည်ပြုပြင်တည်‌ဆောက်‌နေရ‌ကြောင်း သိရသည်။

လှာကမြင်‌ကျေးရွာမှ ‌ဒေသခံတစ်ဦးဖြစ်သူ ‌စောလင်းထိန်က “အိမ်‌ခေါင်မိုးက လှန်တာ တဝက်‌ကျော်ခန့်ပါ။ သွပ်ပြားနဲ့ပါ။ သစ် ပြား‌တွေလည်း ပါသွားတယ်။ လက်ထဲမှာ ‌ငွေမရှိ‌တော့ အခုချက်ချင်း မလုပ်နိုင်ဘူး။ ထိုင်းမှာရှိတဲ့ အမဆီကို ဖုန်းဆက်ပြီး ပိုက်ဆံ မှာရတယ်။ အခု‌တော့ ပြီးသွားပြီ”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

‌ဒေသခံများက ‌လေဆင်နှာ‌မောင်းတိုက်ခတ်၍ ပျက်စီးသွား‌သော ၎င်းတို့၏ အိမ်‌ခေါင်မိုးနှင့် အိမ်အပိုင်းအစအချို့ကို ကိုယ်ထူ ကိုယ်ထစနစ်ဖြင့် ပြုလုပ်ခဲ့ရာ၌ ယခုအချိန်တွင် တအိမ်လုံးကျွတ်ပျက်စီးသွားသည့် အိမ်များမှလွဲ၍ ကျန်အိမ်များမှာ အားလုံးနီးပါး ပြန်လည်တည်‌ဆောက်ပြီးစီး‌နေပြီဖြစ်‌ကြောင်း သိရသည်။

ယင်းပျက်စီးမှုရှိခဲ့‌သော အိမ်များအတွက် သက်ဆိုင်ရာ အစိုးရအာဏာပိုင်များက ကူညီ‌ပေးမည်ဟု ‌ပြောဆိုထား‌သော်လည်း ယခု အချိန်ထိ ‌နေအိမ် ၂အိမ်မှလွဲ၍ ကျန်ထိခိုက်သည့်အိမ်များကို ကူညီမှုများ မရှိခဲ့‌ကြောင်း ‌လေ‌ဘေးသင့် ‌ဒေသခံများ၏ ‌ပြောဆိုမှု အရ သိရသည်။

လှယဉ်‌ကျေးကွက်သစ်တွင် ‌နေအိမ်ပြန်လည်ထူ‌ထောင်‌ရေးအတွက် ကူညီမှုအချို့ ရရှိခဲ့သူ ဦးဝင်းကြည်က “ကျ‌နော်က အိမ်အ လုံးလိုက် ပြိုသွားခဲ့တာပါ။ အုပ်ချုပ်‌ရေးမှူးက အိမ်အသုံးအ‌ဆောင်ပစ္စည်းအချို့ ‌ပေးတယ်။ ‌နောက် ကျ‌နော့်ကို ကျပ်‌ငွေ တစ်သိန်း ‌ပေးတယ်။ ဒီတစ်သိန်းနဲ့ တဲပု‌သေး‌သေးတစ်လုံး‌တော့ ‌ဆောက်လုပ်သွားမယ်‌လေ”ဟု ‌ပြောသည်။

ယင်းကူညီမှုတွင် ကျပ်‌ငွေတစ်သိန်း အပါအဝင် အမျိုးသားနှင့် အမျိုးသမီးအတွက် အဝတ်အစား တစ်စုံ၊ ‌စောင်တစ်ထည်၊ ထမင်း ဒန်အိုး တစ်လုံး၊ ပုဂံပြားတစ်ချပ်၊ ဆပ်ပြာကြမ်း တစ်‌တောင့်ကို ရပ်ကွက်မှူးများက ‌မေ ၆ရက်‌နေ့တွင် လာ‌ရောက်ကူညီ‌ထောက်ပံ့ ခဲ့ခြင်းဖြစ်‌ကြောင်း ‌ဒေသခံများက ‌ပြောသည်။

“‌လေတိုက်ခံရတဲ့ အိမ်‌တွေအားလုံးထဲက ၂အိမ်ကိုပဲ ကျ‌နော်တို့ ကူညီတယ်။ စာသင်‌ကျောင်းက‌တော့ မြို့နယ်အ‌ထွေ‌ထွေအုပ် ချုပ်‌ရေးမှူးက ပြန်လည်ပြင်ဆင်နိုင်ဖို့ လိုအပ်တာ‌တွေကို ကူညီသွားမယ်။ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးရုံးကို‌တော့ ‌ဒေသခံ‌တွေပဲ စုစည်း‌ဆောက်လုပ်ဖို့ ကျ‌နော့်ကို ‌ပြောသွားတယ်”ဟု လှာကမြင်‌ကျေးရွာအုပ်ချုပ်‌ရေးမှူး ‌စော‌ဌေး‌ကျော်မျိုးက ‌ပြောသည်။

လှာကမြင်‌ကျေးရွာအုပ်စုတွင် ‌မေလ ၁ရက်‌နေ့ည‌နေက ‌လေဆင်နှာ‌မောင်းတိုက်ခံရမှု‌ကြောင့် လူ‌နေအိမ်များ အိမ်လုံးကျွတ် ပျက် စီးမှုများရှိသလို အိမ်‌ခေါင်မိုးများ လှန်ထွက်ပျက်စီးသွားခဲ့ပြီး စာသင်‌ကျောင်းနှင့် ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးရုံးလည်း ပျက်စီးမှုအချို့ ရှိ ခဲ့သည်။