Home သတင်း ‌ရွှေ‌သောင်ယံမြို့နယ်ခွဲရှိ ကရင်ပြည်သူများနှင့် ‌ကေအဲန်ယူ ပထမဦးဆုံးအကြိမ် ‌တွေ့ဆုံ

‌ရွှေ‌သောင်ယံမြို့နယ်ခွဲရှိ ကရင်ပြည်သူများနှင့် ‌ကေအဲန်ယူ ပထမဦးဆုံးအကြိမ် ‌တွေ့ဆုံ

1439

‌မေ ၅ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

လူထု‌တွေ့ဆုံပွဲများ ပြုလုပ်ရန် ဧရာဝတီတိုင်း‌ဒေသကြီးသို့ ‌ရောက်ရှိ‌နေသည့် ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ) ဒုဥက္ကဌ ပဒို‌နော်စီဖိုးရာစိန် ဦး‌ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ‌မေ ၄ရက် ‌နေ့လည်ပိုင်း၌ ပုသိမ်မြို့နယ်၊ ‌ရွှေ‌သောင်ယံ မြို့နယ်ခွဲရှိ ကရင်လူထုများနှင့် ပထမဦးဆုံးအကြိမ် ‌တွေ့ဆုံခဲ့သည်။

အဆိုပါ ‌တွေ့ဆုံပွဲတွင် ‌ကေအဲန်ယူ ဒုဥက္ကဌ ပဒို‌နော်စီဖိုးရာစိန်က ‌ကေအဲန်ယူနှင့် အစိုးရအကြား လက်ရှိ ‌ဖော်‌ဆောင်‌နေသည့် အပစ်အခတ်ရပ်စဲ‌ရေးနှင့် ငြိမ်းချမ်း‌ရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ ‌တွေ့ဆုံပွဲ တက်‌ရောက်လာသည့် လူထုများ အား ရှင်းလင်း‌ပြောကြားခဲ့သည်။

“လက်ရှိ ပြည်တွင်းငြိမ်းချမ်း‌ရေးမှာ အပစ်ရပ်နဲ့ဆိုင်တဲ့ ကျင့်ဝတ်‌တွေကို နှစ်ဦးနှစ်ဖက်လိုက်နာဖို့ လိုပါတယ်။ အစိုးရနဲ့ ၂၀၁၂ခု နှစ်၊ စကား‌ပြော‌နေချိန်တုံးမှာတင် စစ်တပ်‌တွေ တိုးချတာ‌တွေ ရှိတယ်။ လူထု‌တွေ ‌နေရပ် စွန့်‌ပြေးရတာ‌တွေ ရှိ‌နေတုန်းပဲ။ ဒါ ‌ကြောင့် ကျမတို့ အစိုးရနဲ့ ညှိနှိုင်း‌ဆွေး‌နွေးမှုက လုပ်‌နေဆဲဖြစ်ပါတယ်”ဟု လူထုအား ရှင်းပြခဲ့သည်။

‌ရွှေ‌သောင်ယံမြို ့နယ်ခွဲ၊ အုန်း‌ချောင်းရွာ၊ နှစ်ခြင်းအသင်း‌တော်ဘုရား‌ကျောင်း၌ ကျင်းပခဲ့သည့် ယင်း‌တွေ့ဆုံပွဲတွင် ‌ကေအဲန်ယူ ဒုဥက္ကဌ ပဒို‌နော်စီဖိုးရာစိန်၊ ဗဟို‌ကော်မတီဝင်များဖြစ်‌သော ပဒို‌စောမြ‌မောင်၊ ပဒို‌စောလှထွန်းနှင့် ပဒို‌စောလစ္စတန်တို့ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့များ၊ ကရင်အမျိုးသားစည်းလုံး‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ကော်မတီဝင်များနှင့် ‌ဒေသခံများ စုစု‌ပေါင်း ၃၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

‌တွေ့ဆုံပွဲတက်‌ရောက်ခဲ့သည့် အုန်း‌ချောင်‌ကျေးရွာသူ ‌နော်အဲသ‌လေ‌ဖောက “ပဒို‌နော်စီဖိုးရာစိန်ကို မီဒီယာ‌တွေမှာ မြင်‌တွေ့ဖူးပြီး ‌တော့ အမျိုးသမီး‌ခေါင်း‌ဆောင်ဖြစ်တဲ့အတွက် ‌လေးစားမိတယ်။ အခု ‌တွေ့ဆုံခွင့်ရတဲ့အတွက် ဝမ်းသာတယ်။ ဒါ့အပြင် သူကိုယ် တိုင် ရှင်းပြတဲ့ ငြိမ်းချမ်း‌ရေး အ‌ခြေအ‌နေကို သိရတဲ့အတွက် ‌ကျေနပ်အားရတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် အုန်း‌ချောင်းကရင်နှစ်ခြင်းအသင်း‌တော်မှ အသင်းအုပ်ဖြစ်သူဆရာ‌စောဝါးထယ်ကလည်း ‌ကေအဲန်ယူ‌ခေါင်း‌ဆောင်များ သည် လူထု‌တွေ့ဆုံပွဲအတွက် ကိုယ်တိုင်လာ‌ရောက်‌တွေ့ဆုံမှုများ ပြုလုပ်သည့်အ‌ပေါ် တစ်ရွာလုံး ဝမ်း‌မြောက်ကြိုဆိုချင်ကြ ‌ကြောင်းနှင့် လက်ရှိ ‌ဖော်‌ဆောင်‌နေသည့် ပြည်တွင်းငြိမ်းချမ်း‌ရေး မ‌အောင်မြင်ပါက နစ်နာမှုများရှိမည်ဖြစ်သည့်အတွက် ဆု‌တောင်း‌ပေးလျှက်ရှိ‌ကြောင်း ‌ပြောဆိုသည်။

လူထု‌တွေ့ဆုံပွဲပြုလုပ်သည့် အုန်း‌ချောင်း‌ကျေးရွာသည် ပုသိမ်မြို ့အ‌နောက်ဘက် ‌ချောင်းသာကမ်း‌ခြေမှ ၂၄မိုင်ကွာ‌ဝေးသည့့်အ ပြင် ကားလမ်းမှာ ‌ကောင်းမွန်မှုမရှိဘဲ ဆက်သွယ်‌ရေးခက်ခဲ‌သော ‌ကျေးရွာဖြစ်ပြီး ‌ဒေသခံများအ‌နေဖြင့် တံငါလုပ်ငန်း၊ အုန်းစိုက် ပျိုးခြင်းလုပ်ငန်းများကို အဓိက လုပ်ကိုင်လျှက်ရှိ‌ကြောင်း သိရသည်။