Home သတင်း အံဖ‌လေး‌ချောင်းရှိ ကိုယ်ထူကိုယ်ထတံတား ‌ဆောက်လုပ်ပြီးစီး

အံဖ‌လေး‌ချောင်းရှိ ကိုယ်ထူကိုယ်ထတံတား ‌ဆောက်လုပ်ပြီးစီး

1913

‌မေ ၁၆ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်‌တောင်ပိုင်း ရွာတန်းရှည်‌ကျေးရွာနှင့် အံဖ‌လေး‌ကျေးရွာအကြားရှိ အံဖ‌လေး‌ချောင်းကို ဖြတ်‌ကျော်၍ တည်‌ဆောက်ထား‌သော ရပ်ရွာ ကိုယ်ထူကိုယ်ထတံတားတစ်စင်းကို ‌မေ ၁၆ရက်‌နေ့(ယ‌နေ့)တွင် ‌ဆောက်လုပ် ပြီးစီးပြီ ဖြစ်သည်။

‘‌ဒေါန‌မေတ္တာ‌အေးချမ်းသာယာတံတား’ဟု အမည်‌ပေးထားသည့် ယင်းတံတားမှာ အရှည် ၁၅၀‌ပေ၊ အကျယ် ၅‌ပေရှိပြီး အ‌လေး ချိန်တန် ၃ဝခံနိုင်ရည်ရှိကာ အင်ဂျင်နီယာမပါဘဲ ‌ဒေသခံ သံဃာ‌တော်များနှင့် လူထုများ စု‌ပေါင်းအင်အားဖြင့် ၂နှစ်ကြာ ‌ဆောက် လုပ်ခဲ့ပြီး‌နောက် ယခုကဲ့သို့ ပြီးစီးသွားခြင်းဖြစ်‌ကြောင်း တံတား‌ဆောက်လုပ်မှုဖြစ်‌မြောက်‌ရေး ဦး‌ဆောင်ပါဝင်သူ သုံးဆယ့်သုံးဆူ ‌ကျောင်းထိုင်ဆရာ‌တော် ဦးပညာဝံသက ‌ကေအိုင်စီသို့ မြွက်ကြား‌ပြောဆိုသည်။

“အခုလို တံတား‌ဆောက်တာ သုံးဆယ့်သုံးဆူက‌နေ ရွာတန်းရှည်၊ အံဖ‌လေး တမိုင်ကုန်းအထိ အသွားအလာ လွယ်ကူ‌ရေးအ တွက် ကျန်းမာ‌ရေး၊ ပညာ‌ရေး၊ လူမှု‌ရေး စတာ‌တွေ တဖက်နဲ့ တဖက်သွား သွားလာလွယ်ကူ‌စေဖို့ ရည်ရွယ်ပြီး သံဃာ‌တော်‌တွေ၊ လူထု‌တွေနဲ့ စု‌ပေါင်းပြီး‌တော့ ကိုယ်ထူကိုယ်ထတံတားကို ၂နှစ်အကြာမှာ အခုလို ‌ဆောက်လုပ်ပြီးသွားတာဖြစ်ပါတယ်”ဟု ဦးပညာဝံသက မြွက်ကြားသည်။

ထို့အပြင် ၎င်းတံတားကို တည်‌ဆောက်ပြီးစီးသွား‌ကြောင်း ‌မေ ၁၇ရက်‌နေ့တွင် ဖွင့်လှစ်ပွဲပြုလုပ်မည်ဖြစ်ပြီး ယခုတံတား‌ကြောင့် ဗုဒ္ဓဘာသာဝင် ပြည်သူများအ‌နေဖြင့် သုံးဆယ့်သုံးဆူ ဆံ‌တော်ရှင်ဘုရားကို အဆင်‌ပြေ‌ချော‌မွေ့စွာ လာ‌ရောက်ဖူး‌မြော်နိုင်သည် ဟုလည်း ဦးပညာဝံသက ဖြည့်စွက် မြွက်ကြားသည်။

အဆိုပါတံတား တည်‌ဆောက်ရန် ၎င်း‌ဒေသရှိ သုံးဆယ့်သုံးဆူ‌ကျောင်းဆရာ‌တော်၊ တမိုင်ကုန်း‌ကျောင်းဆရာ‌တော်အပြင် ‌ကော့ ကရိတ်မြို့နယ် ‌တောင်ပိုင်းဆရာ‌တော်ကြီးတို့ ဦးစီး၍ ရွာတန်းရှည်ရွာ၊ အံဖ‌လေးရွာနှင့် ရပ်နီးရပ်‌ဝေးမှ ပါဝင်လှူဒါန်းလိုသူ ပြည်သူ လူထု စု‌ပေါင်းကာ ‌ဆောက်လုပ်ပြီးသည်အထိ တည်‌ဆောက်‌ရေးစရိတ် ကျပ်သိန်း ၃၀၀‌ကျော် ကုန်ကျခဲ့သည်ဟု သိရသည်။

ရွာတန်းရှည်ရွာသား ‌စောမြ‌အေးက “တံတား‌ဆောက်လုပ်ပြီးစီးသွားဆို‌တော့ ကျ‌နော်တို့ ‌ဒေသခံ‌တွေအတွက် ဝမ်းသာစရာပါ။ အံဖ‌လေး‌ချောင်းဟာ မိုးတွင်းပိုင်းမှာ ‌ရေစီးသန်တဲ့အတွက် ‌လှေခဏခဏ ‌မှောက်ဖူးတယ်။ အခု တံတားပြီးသွားပြီဆို‌တော့ မိုး တွင်းမှာဆိုရင်လည်း ‌ခြေလျင်အပြင် ကား၊ ဆိုင်ကယ်တို့နဲ့ပါ သွားလာလို့ အဆင်‌ပြေသွားပြီ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကော့ကရိတ်မြို့နယ် ‌တောင်ပိုင်း‌ဒေသရှိ ‌ဒေသခံပြည်သူလူထုများသည် ‌နွေရာသီအတွင်း ‌ကော့ကရိတ်မြို့သို့ သွားလာရာ၌ ဆိုင် ကယ်၊ ကား၊ ‌ထော်လာဂျီ၊ စက်ဘီးတို့ဖြင့် သွားလာခဲ့ကြ‌သော်လည်း မိုးတွင်းပိုင်းတွင် အံဖ‌လေး‌ချောင်းကို ‌လှေဖြင့်ဖြတ်သန်းသွား လာသည့်အတွက် အခက်အခဲများရှိသည်ဟု ‌ဒေသခံများက ‌ပြောဆိုသည်။

အံဖ‌လေး‌ချောင်း‌ပေါ်မှ ‌ဒေါန‌မေတ္တာ‌အေးချမ်းသာယာတံတားကို ပြီးခဲ့သည့် ၂၀၁၃ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ ၁၄ရက်‌နေ့က စတင် ‌ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခင်က ‌ချောင်းတစ်ဘက်ကမ်းသို့ကူးရန် ဝါးတံတားဖြင့်သာ ယာယီ‌ဆောက်လုပ်ကာ သွားလာခဲ့ကြရ သည်ဟု သိရသည်။