Home သတင်း အီးယူ(EU)မှ ကရင်အမျိုးသား ရဲတပ်ဖွဲ့များအား စွမ်းရည်မြှင့်တင်‌ပေး

အီးယူ(EU)မှ ကရင်အမျိုးသား ရဲတပ်ဖွဲ့များအား စွမ်းရည်မြှင့်တင်‌ပေး

3084

‌မေ ၁၃ရက်၊ ၂၀၁၄ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်အမျိုးသားရဲ(KNPF)တပ်ဖွဲ့ဝင်များကို လုပ်ငန်းစွမ်းရည်နှင့် လူ့အခွင့်အ‌ရေး ပိုမိုအား‌ကောင်းလာရန် ရည်ရွယ်၍ ဥ‌ရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံကြီးများထဲမှ အဆင့်မြင့် ရဲအရာရှိ‌ဟောင်းများက စွမ်းရည်မြှင့်တင်‌ရေးဆိုင်ရာ အလုပ်ရုံ‌ဆွေး‌နွေးပွဲတစ်ရပ်ကို ထိုင်း-မြန်မာနယ်စပ်တစ်‌နေရာတွင် ပို့ချခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ပြည်ထဲ‌ရေးနှင့် နိုင်ငံခြား‌ရေးဌာနတို့က ဦး‌ဆောင်သည့် ယင်းအလုပ်ရုံ‌ဆွေး‌နွေးပွဲသည် ‌မေ ၁ဝရက်မှ ၁၂ရက်‌နေ့အထိ သုံးရက်တာ ပို့ချခဲ့ခြင်းဖြစ်ပြီး KNU ၏ ဗဟိုဌာနချုပ်နှင့် ခရိုင် ၇ခုမှ KNPF တာဝန်ရှိသူများနှင့် ‌ကေအဲန်ယူ၏ အဆင့်ဆင့်‌သော တရားသူကြီးများ စုစု‌ပေါင်း ၂ဝဦး‌ကျော် တက်‌ရောက်ခဲ့ကြသည်။

KNU ပြည်ထဲ‌ရေးနှင့် သာသနာ‌ရေးဌာန တာဝန်ခံ ပဒို‌စောအားတိုးက “ကျ‌နော်တို့ ခရိုင်၊ မြို့နယ် အဆင့်ဆင့်က ကရင်ရဲ‌တွေဟာ သူတို့ရဲ့ လုပ်ငန်းတာဝန်‌တွေ ပိုမိုနားလည်လာဖို့၊ ပြည်သူ‌တွေ‌အေးချမ်းသာယာဖို့ ပြည်သူနဲ့ ဘယ်လိုပူး‌ပေါင်းအလုပ်‌တွေ လုပ် ‌ဆောင်မလဲ။ ‌နောက် ရဲဆိုတာ အမှန်တရားဘက်က ရပ်တည်ပြီး ပြည်သူ‌တွေကို ကာကွယ်‌ပေးရမယ်။ အဲဒါ‌တွေကို ‌ဆွေး‌နွေးပို့ချ တာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

အဆိုပါ အလုပ်ရုံ‌ဆွေး‌နွေးပွဲတွင် KNPF တာဝန်ရှိသူများအား ဦး‌ဆောင်ပို့ချ‌ပေးသူ ဆရာများမှာ မစ္စတာ‌ဘေးလ်၊ မစ္စတာပီတာ၊ မစ္စတာဆာရာဒိုနှင့် မစ္စတာဘွန်းတို့ဖြစ်ကြပြီး ယင်းအလုပ်ရုံ‌ဆွေး‌နွေးပွဲ ပြုလုပ်ခြင်းအားဖြင့် ကရင်ရဲတပ်ဖွဲ့များအတွက် များစွာ အ‌ထောက်အကူပြုသလို လုပ်ငန်းခွင်အတွင်း၌လည်း စနစ်တကျ လက်‌တွေ့ ပြန်လည်အသုံးချကာ တာဝန်ထမ်း‌ဆောင်နိုင်ကြ လိမ့်မည်ဟု ‌မျှော်လင့်‌ကြောင်း ပဒို‌စောအားတိုးက ဆက်‌ပြောသည်။

အလုပ်ရုံ‌ဆွေး‌နွေးပွဲတက်‌ရောက်သူ ‌ကေအဲန်ယူ သထုံခရိုင် ရဲမှူးကြီး ဒုဗိုလ်မှူးကြီး‌စောဆာ့‌ဘော‌နော်က “ကျ‌နော်တို့ကို ပို့ချ‌ပေး တာ အဓိက ရဲ‌တွေ လုပ်‌ဆောင်ရမယ့် တာဝန်ရယ်၊ လူ့အခွင့်အ‌ရေး ချိုး‌ဖောက်ခံရမှုကို ကာကွယ်ဖို့ အဲဒါ‌တွေပဲ ဖြစ်ပါတယ်။ ဒီလို ကျ‌နော်တို့ သိခွင့်ရသွားတဲ့အတွက် လုပ်ငန်းခွင်မှာ ‌တော်‌တော်အကျိုးရှိမယ်လို့ ယုံကြည်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုအလုပ်ရုံ‌ဆွေး‌နွေးပွဲကို ယခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ ၁ဝရက်မှ ၂၁ရက်‌နေ့အထိ လှိုင်းဘွဲမြို့နယ်၏ ‌ကေအဲန်ယူနယ်‌မြေ ‌လေးဝါးစခန်း တွင် ပြုလုပ်ခြင်းဖြစ်ပြီး KNPF အတွက် ဥပ‌ဒေ‌ရေးရာနှင့် မှုခင်းဆိုင်ရာ စုံစမ်းစစ်‌ဆေး‌ရေး ရက်တိုသင်တန်း၏ ‌နောက်ဆက်တွဲ ဖြစ်‌ကြောင်း ပဒို‌စောအားတိုးက ဖြည့်စွက်‌ပြောဆိုသည်။

KNPF ကို ၁၉၉၁ခုနှစ်၊ KNU ဌာနချုပ်‌ဟောင်း မာနယ်ပ‌လောတွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၅ခုနှစ်‌နောက်ပိုင်း KNPF ရဲတပ်ဖွဲ့ဝင် များအတွက် စွမ်းရည်မြှင့်တင်‌ရေးသင်တန်းနှင့် အလုပ်ရုံ‌ဆွေး‌နွေးပွဲများကို ပြန်လည် လုပ်‌ဆောင်လာနိုင်ခဲ့ခြင်းဖြစ်သည်။