Home လူငယ့်အသံ လူငယ့်အမြင် လူငယ်များစကားလက်‌ဆောင်

လူငယ်များစကားလက်‌ဆောင်

1357

‌စောလားဖိုး ၂၁နှစ်

ဝါသနာ ပန်းချီ
ပညာအရည်အချင်း ၁၂တန်း

ကျ‌နော်ရဲ့ဇာတိက‌တော့ ကရင်ပြည်နယ်လို့ပဲ ‌ပြောရမယ်။ ဘာဖြစ်လို့လဲဆို‌တော့ ကျ‌နော် မ‌မွေးခင်ကတည်းက အ‌ဖေနဲ့အ‌မေက စစ်‌ပြေးဒုက္ခသည်ဘဝနဲ့ ‌ရောက်‌နေပြီ။ ကျ‌နော်လည်း စစ်ပွဲကြားမှာပဲ ‌မွေးလာတယ်။ ကျ‌နော် ‌မွေးချင်း‌မောင်နှမ သုံး‌ယောက်ရှိ တယ်။ ကျ‌နော်က ဒုတိယ‌မြောက်သားပါ။ မိဘ‌တွေက‌တော့ ရှိပါတယ်။ အခုလက်ရှိ အုန်းဖျန်ဒုက္ခသည်စခန်းမှာပဲ ‌နေကြပါတယ်။

ကျ‌နော့်မိဘ‌တွေ ၁၉၉၉ခုနှစ်မှာ ဒုက္ခသည်စခန်းကို ‌ရောက်လာရတဲ့အ‌ကြောင်းက‌တော့ အ‌ဖေနဲ့အ‌မေ ပြန်‌ပြောတာက‌တော့ ရွာ မှာ စစ်ပွဲ‌တွေဖြစ်တဲ့အတွက်‌ကြောင့် ‌နေမရဲ‌တော့လို့ ဒုက္ခသည်ကို ‌ရောက်လာရတာပါ။ ကျ‌နော်တို့မိသားစု အုန်းဖျန်ဒုက္ခသည် စခန်းကိုမ‌ရောက်ခင် ‌ဝှေးခလုတ်ဒုက္ခသည်မှာ ‌နေခဲ့ရ‌သေးတယ်။ အုန်းဖျန်ကို‌ရောက်‌တော့ ကျ‌နော်ငယ်ငယ်ပဲ ရှိပါ‌သေးတယ်။ ‌ရောက်တဲ့နှစ်မှာပဲ အုန်းဖျန်ဒုက္ခသည်စခန်းမှာရှိတဲ့ အထက(၁)‌ကျောင်းမှာ ‌ကျောင်းစ ‌နေတယ်။ ၉တန်း‌အောင်‌တော့ အုန်းဖျန် စခန်းမှာရှိတဲ့ ‌ကော့မူးရာအထက်တန်း‌ကျောင်းကို ‌ပြောင်းတယ်။ ၂၀၁၃-၂၀၁၄ စာသင်နှစ်မှာ ၁၂တန်းအထိ ‌ကျောင်းတက်ခဲ့ တယ်။ ဒါ‌ပေမယ့် မ‌အောင်ခဲ့ဘူး။ အုန်းဖျန်ဒုက္ခသည်စခန်းမှာ သူငယ်တန်းက‌နေ ဆယ်တန်းအထိ‌တော့ ‌ကျောင်းတက်ရတာ အကုန် အဆင်‌ပြေပါတယ်။ ဒီ ၁၁နဲ့ ၁၂တန်းမှာပဲ ‌ကျောင်းကုန်ကျစရိတ် ‌ပေးရတာရှိတယ်။ ဒါ‌ကြောင့် အခု ‌ကျောင်းဆက်မတက် ‌တော့ဘူး။

တကယ်ဆိုရင် အခု ‌ကျောင်းဆက်တက်ဖို့ ဆန္ဒရှိ‌သေးတယ်။ ဒါ‌ပေမယ့် ၁၁တန်းနဲ့ ၁၂တန်းတက်တာက ပညာ‌ရေးကုန်ကျစရိတ် ‌တွေ ရှိတယ်။ ကျ‌နော့်မိဘ‌တွေက ဒုက္ခသည်စခန်းထဲမှာပဲဆို‌တော့ ဝင်‌ငွေ‌တွေ ‌ထွေ‌ထွေထူးထူး မရှိဘူး‌လေ။ သူတို့ကို ကျ‌နော် သနားတယ်။ ဒါ‌ကြောင့် ‌ကျောင်းဆက်မ‌နေ‌တော့ဘဲ ‌ကျောင်းထွက်ပြီး ကရင်‌ကျောင်းသားများကွန်ရက်အဖွဲ့(KSNG)မှာ အလုပ် ဝင်လုပ်တာ ဒီ ၂၀၁၄ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလကပဲ။ ကျ‌နော်က ပန်းချီဝါသနာပါ‌တော့ KSNG မှာ ကျ‌နော်က ပန်းချီဆွဲပါတယ်။
ကျ‌နော်တို့ အခု‌ခေတ်လူငယ်‌တွေဟာ ဆိုးတဲ့သူ‌တွေရှိသလို ‌ကောင်းတဲ့သူ‌တွေ အများကြီးရှိကြပါတယ်။ သူတို့‌တွေကို ကျ‌နော် ‌ပြောချင်တာက‌တော့ အသိဉာဏ် ဗဟုသုတ‌တွေ များများရှိလာ‌အောင် ‌လေ့လာသင်ယူကြပါလို့ တိုက်တွန်းချင်တယ်။ သင်ယူပြီး သွားရင်လည်း တ‌ထောင့်တ‌နေရာက‌နေ ကိုယ်လူမျိုးအတွက် ပြန်ပြီးအကျိုးပြုနိုင်‌အောင် လုပ်ကြပါလို့ ‌ပြောချင်ပါတယ်။