Home သတင်း လယ်ယာ၊ သစ်‌တောနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကွင်းဆင်း‌ဆွေး‌နွေးမှု ‌ကေအဲန်ယူ‌ဆောင်ရွက်

လယ်ယာ၊ သစ်‌တောနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကွင်းဆင်း‌ဆွေး‌နွေးမှု ‌ကေအဲန်ယူ‌ဆောင်ရွက်

1474

‌မေ ၂၂ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း

လယ်ယာ‌မြေ၊ သစ်‌တောနှင့် သဘာဝပတ်ဝန်းကျင်ပြဿနာကို ‌ဖြေရှင်းနိုင်ရန် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)က ကရင်ပြည်နယ်ရှိ ‌ဒေသခံများသို့ ကွင်းဆင်းရာတွင် လှိုင်းဘွဲမြို့နယ်၊ ဝိုင်း‌ထော်ရွာတွင် ‌မေ ၂၁ရက်‌နေ့က စတင် ‌ဆွေး‌နွေးခဲ့ပြီး ဖြစ်သည်။

‌ကေအဲန်ယူ၏ လယ်ယာ၊ သစ်‌တော‌ပေါ်လစီနှင့် ၎င်းဌာနတို့လုပ်ငန်းများကို ‌ဒေသခံများ ပိုမိုသိရှိ‌စေရန် သစ်‌တော၊ လယ်ယာ‌မြေ များနှင့်ပတ်သက်၍ လူထုကြုံ‌တွေ့‌နေရသည့် ပြဿနာများ ‌ဖြေရှင်း‌ပေးနိုင်ရန်၊ သစ်‌တောပြန်လည်ဖွံ့ဖြိုး‌ရေးလုပ်ငန်းတွင် လူထု နှင့် ပူး‌ပေါင်း‌ဆောင်ရွက်မှု ပိုမိုရရှိလာ‌စေရန်နှင့် လက်ရှိနိုင်ငံ၏ ပြုပြင်‌ပြောင်းလဲ‌ရေးအတွင်း သဘာဝပတ်ဝန်းကျင် ထိခိုက်လာ နိုင်မှုကို သတိပြုလာမိ‌စေ‌ရေးဖြစ်သည်ဟု ဦး‌ဆောင်သူ ‌ကေအဲန်ယူ ဗဟိုသစ်‌တောဌာန တာဝန်ခံ ပဒိုမန်းဘထွန်းက ‌ပြောသည်။

“‌ဒေသခံပိုင် ဘုံသစ်‌တောလည်း မရှိဘူး။ ကရင်ပြည်နယ်မှာ‌နေတဲ့ လူထု‌တွေ‌ပြောတာက အရင်တုန်းကဆိုရင် ဆန်မရှိလို့ အခု က ဆန်‌တော့ ရှိတယ်။ ထမင်းချက်ဖို့ ထင်းမရှိဖြစ်‌နေတယ်။ ဒါ‌ကြောင့် ‌ကေအဲန်ယူရဲ့ ‌ပေါ်လစီ‌တွေကို လူထုသိ‌အောင် အခုလို လာ‌ရောက်‌ဆွေး‌နွေးရခြင်း ဖြစ်ပါတယ်”ဟု ပဒိုမန်းဘထွန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ဝိုင်း‌ထော်ရွာ‌ဆွေး‌နွေးပွဲတွင် ဝိုင်း‌ထော်၊ ကွင်း‌လေး၊ ကွမ်း‌တော စသည့်ရွာများမှ ‌ဒေသခံ စုစု‌ပေါင်း ၆ဝဦး‌ကျော် တက် ‌ရောက်‌ဆွေး‌နွေးခဲ့ပြီး ‌မေ ၂၂ရက်‌နေ့တွင် မဲဆမိတ်ရွာသို့သွား‌ရောက်ကာ လူထုနှင့် ထပ်မံ‌တွေ့ဆုံ ‌ဆွေး‌နွေးသွားမည်ဟု ‌ကေအဲန် ယူအဖွဲ့၏ ‌ပြောပြချက်အရ သိရသည်။

‌ဆွေး‌နွေးပွဲတက်‌ရောက်ခဲ့သူ ဝိုင်း‌ထော်ရွာသား ‌စောမြင့်စိုးက “ကျ‌နော်တို့‌ဒေသမှာ သစ်‌တွေ မရှိ‌တော့ဘူး။ ‌ကျေးရွာပိုင်သစ်‌တော လည်း မရှိ‌တော့ဘူး။ အိမ်‌ဆောက်ဖို့‌နေ‌နေသာသာ သုံးဖို့ထင်း‌တွေ‌တောင် မရှိဘူး။ လယ်‌မြေ‌တွေလည်း ဘယ်က အဖွဲ့မှန်းလည်း မသိ အခွန်လာ‌ကောက်တာ ‌ပေးရတာပဲ။ ‌ပြေစာလည်း မရဘူး။ ဒါ‌ကြောင့် ဒီပြဿနာ‌တွေကို ‌ကေအဲန်ယူအ‌နေနဲ့ ဘယ်လိုလုပ် ‌ဆောင်‌ပေးနိုင်မလဲ‌ပေါ့။ အခုလို လာ‌ရောက်‌ဆွေး‌နွေးတာ ‌ကောင်းတယ်”ဟု ဆိုသည်။

ဝိုင်း‌ထော်ရွာ၌ ပြုလုပ်သည့် ‌ဆွေး‌နွေးပွဲတွင် ‌ကေအဲန်ယူက လူထုများ သိသင့်သိထိုက်သည့် အ‌ကြောင်းအရာများကို Porjector ဖြင့် ပြသရှင်းလင်းပြီး‌နောက် ‌ဒေသခံလူထုများနှင့် အပြန်အလှန် တိုင်ပင်‌မေးမြန်း ‌ဆွေး‌နွေးခဲ့ကြသည်ဟု သိရသည်။

‌ကေအဲန်ယူ ဗဟိုသစ်‌တောဌာနအဖွဲ့၏ ကွင်းဆင်း လူထု‌ဆွေး‌နွေးပွဲတွင် ကရင်သဘာဝပတ်ဝန်းကျင်အဖွဲ့တစ်ခုဖြစ်သည့် Karen Environmental and Social Action Network (SESAN) အဖွဲ့ဝင်များလည်း လိုက်ပါသွားခြင်းဖြစ်ပြီး လှိုင်းဘွဲမြို့နယ်အပြင် ဖားအံနှင့် ‌ကော့ကရိတ်မြို့နယ်များသို့ သွား‌ရောက်ကာ ကွင်းဆင်း‌ဆွေး‌နွေးပွဲများ ‌မေလကုန်အထိ ဆက်လက် ပြုလုပ်သွားမည် ဟု လျာထား‌ကြောင်း ‌ကေအဲန်ယူဘက်က ‌ပြောဆိုသည်။

ယခုကဲ့သို့ ကွင်းဆင်း‌နေချိန်အတွင်း ‌ကေအဲန်ယူ ဗဟိုလယ်ယာ‌မြေနှင့် သစ်‌တောဌာနများက ဦးစီးပြီး သစ်‌တော‌မြေယာများ အတိအကျ တိုင်းထွာနိုင်ရန် ကွန်ပျူတာနှင့် ‌မြေပုံ‌ရေးဆွဲနည်းသင်တန်းတစ်ရပ်ကို ဧပြီ ၂၁ရက်‌နေ့မှ ‌မေလကုန်အထိ ပြုလုပ် လျှက်ရှိသည်။