Home သတင်း မတူကွဲပြားမှုကို အ‌ခြေခံတန်ဖိုးအဖြစ် ညီညွတ်မှုတည်‌ဆောက်ရန် ‌ကေအဲန်ယူ ဥက္ကဌ တိုက်တွန်း

မတူကွဲပြားမှုကို အ‌ခြေခံတန်ဖိုးအဖြစ် ညီညွတ်မှုတည်‌ဆောက်ရန် ‌ကေအဲန်ယူ ဥက္ကဌ တိုက်တွန်း

1566

‌မေ ၂၉ ရက်၊ ၂၀၁၄ ခုနှစ်။ ‌စောထွန်းလင်း

ကရင်အမျိုသား စည်းလုံးညီညွတ်‌ရေးကို တည်‌ဆောက်ရာတွင် မတူကွဲပြားမှုကို အ‌ခြေခံတန်ဖိုးအဖြစ် အ‌လေးထား လုပ်‌ဆောင်ကြရန်လို‌ကြောင်း ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုးက တိုက်တွန်း‌ပြောဆိုလိုက်သည်။

‌ကေအဲန်ယူ၊ ဖားအံခရိုင် ‌လော်ခီးလာ(‌လေးဝါးစခန်း)တွင် ‌မေ ၂၈ရက်‌နေ့က စတင်ကျင်းပသည့် (၁၀)ကြိမ်‌မြောက် ကရင်အမျိုးသားစည်းလုံးညီညွတ်‌ရေးနှီး‌နှောဖလှယ်ပွဲ၌ ‌ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုးက တက်‌ရောက် အမှာစကား‌ပြောဆိုရာတွင် ထိုသို ့တိုက်တွန်း‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကျ‌နော်တို့ ကရင်လူမျိုး‌တွေဟာ ဘာသာ‌ရေးအရ ‌သော်လည်း‌ကောင်း၊ နိုင်ငံ‌ရေးခံယူချက်အားဖြင့် ‌သော်လည်း‌ကောင်း၊ စကားအရ ‌သော်လည်း‌ကောင်း၊ ‌မြေပြန့် ကုန်းမြင့်‌ဒေသ ‌နေထိုင်ရာအရပ်ကို အ‌ခြေခံပြီး၊ ကွဲပြားမှု‌တွေရှိကြသလို လက်နက်ကိုင်များလည်း ကွဲပြားမှုများရှိ‌နေပါတယ်။ ဒါ‌ကြောင့် ကရင်အမျိုးသားညီညွတ်‌ရေးကို တည်‌ဆောက်ရာမှာ မတူကွဲပြားမှုအားကို အ‌ခြေခံတန်ဖိုး တရပ်အဖြစ် အ‌လေးထားကြပါ”ဟု ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုးက ‌ပြောသည်။

ထို့အပြင် သ‌ဘောထားကွဲလွဲခြင်းသည် သဘာဝသာဖြစ်သလို မိမိတို့သ‌ဘောထားကို လွတ်လပ်စွာ ထုက်‌ဖော်နိုင်ပြီး သတိပြု‌စေလိုသည်မှာ ပြဿနာ‌ဖြေရှင်းမှုကို အ‌ထောက်ကူပြုသည့် အကြံပြုတိုက်တွန်းမှု မျိုးဖြစ်မှသာ ညီညွတ်မှုကို ‌ဆောင်ကျဉ်းနိုင်မည်ဖြစ်သည့်အတွက် ညှိနှိုင်း‌ဆွေး‌နွေးမှုဖြင့် ပြဿနာ‌ဖြေရှင်း‌ရေး ကို တစိုက်မက်မက် အသုံးချရန်လည်း ‌ကေအဲန်ယူ ဥက္ကဌက ‌ပြောဆိုခဲ့သည်။

ယခု ‌မေ ၂၈ မှ ၃၁ ရက်‌နေ့ထိ ကျင်းပသွားမည့် ယင်းနှီး‌နှောဖလှယ်ပွဲတွင် ပြည်တွင်း ပြည်ပရှိ ကရင်လူမှု အဖွဲ့အစည်းများ၊ ကရင်နိုင်ငံ‌ရေးပါတီများ၊ ကရင်လက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ အပါအဝင် ‌လေ့လာသူ‌ပေါင်း ၂၀ဝ နီးပါး တက်‌ရောက်‌ဆွေး‌နွေးခဲ့ကြသည်ဟု သိရသည်။

မြန်မာပြည်တွင်းမှ အခမ်းအနားတက်‌ရောက်လာသူ ‌စောထီးမူးက “ဒီနှီး‌နှော ဖလှယ်ပွဲက အဓိက‌တော့ လက်နက်ကိုင်‌တွေ ညီညွတ်စည်းလုံးဖို့ လိုလာလို ့ လမ်းစရှာတယ်။ ‌မျှော်လင့်ထားသ‌လောက် မ‌ရောက် ‌သေး‌ပေမယ့် အတိုင်းအတာတခုထိ‌တော့ အ‌ပေါင်းလက္ခဏာ‌ဆောင်တာ ‌တွေ့ရတယ်။ ဒီထက်အားစိုက်ပြီး အားလုံးပူး‌ပေါင်း ပါဝင်ဆက်လုပ်သွားဖို့‌တော့ လိုတာ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တဆက်တည်းမှာပင် ယခုနှီး‌နှောဖလှယ်ပွဲသို့ လာ‌ရောက်တက်‌ရောက်ခဲ့ကြသည့် ကိုယ်စားလှယ်များထဲတွင် မြန်မာပြည်တွင်းမှ လာ‌ရောက်သည့် လူမူအဖွဲ့အစည်းအချို့ကို သက်ဆိုင်ရာ အစိုးရအာဏာပိုင်များ၏ စုံစမ်း‌မေးမြန်းခံရမှုများရှိခဲ့‌ကြောင်း ပြည်တွင်းကရင်လူမူအဖွဲ့အစည်း ကိုယ်စားလှယ်များက ဆိုသည်။

ကရင်အမျိုးသားစည်းလုံးညီညွတ်‌ရေး နှီး‌နှောဖလှယ်ပွဲကို နယ်ပယ်စုံ ကရင်အမျိုးသားများ စည်းလုံးညီညွတ် စွာဖြင့် အနာဂါတ် ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ ၁၉၉၉ ခုနှစ်တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ပြီးခဲ့သည့် ၉ ကြိမ်‌မြောက် ကရင်အမျိုးသားစည်းလုံးညီညွတ်‌ရေး နှီး‌နှောဖလှယ်ပွဲကို ‌ကေအဲန်ယူ၊ ဖားအံခရိုင် ‌လော်ခီးလာ၌ပင် ကျင်းပခဲ့သည်။