Home သတင်း ဖွဲ့စည်းပုံကို မ‌ထောက်ခံသလို ပါတီ‌ထောင်ပြီး ‌ရွေး‌ကောက်ပွဲဝင်ရန် အစီအစဉ်မရှိဟု KNU ‌ပြောဆို

ဖွဲ့စည်းပုံကို မ‌ထောက်ခံသလို ပါတီ‌ထောင်ပြီး ‌ရွေး‌ကောက်ပွဲဝင်ရန် အစီအစဉ်မရှိဟု KNU ‌ပြောဆို

1348

‌မေ ၇ရက်၊ ၂၀၁၄ ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)အ‌နေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို မ‌ထောက်ခံသလို လာမည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ပါတီ‌ထောင်ပြီး ‌ရွေး‌ကောက်ပွဲဝင်မည် မဟုတ်‌ကြောင်း ရန်ကုန်မြို့သို့ ‌ရောက်ရှိ‌နေသည့် KNU ဒုဥက္ကဌ ပဒို‌နော်စီဖိုးရာစိန်က ‌ပြောဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ‌မေ ၆ ရက်‌နေ့၊ နံနက် ၁ဝနာရီတွင် ရန်ကုန်မြို ့၊ မရမ်းကုန်းမြို့နယ်၊ ၉ မိုင် ‌စော်ဘွားလမ်းရှိ ရှမ်းတိုင်းရင်းသားများဒီမိုက‌ရေစီအဖွဲ့ချုပ်( SNLD)ရုံး၌ ယင်းပါတီ ဥက္ကဌ ဦးခွန်ထွန်းဦးတို့နှင့် ‌တွေ့ဆုံစဉ် ထိုသို့ ‌ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျမတို့ အဖွဲ့အစည်းအ‌နေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို လက်မခံသလို လာမယ့် ၂၀၁၅ ခုနှစ် ‌ရွှေး‌ကောက်ပွဲမှာလည်း ပါတီဖွဲ့‌ရွေး‌ကောက်ပွဲ ဝင်မှာ မဟုတ်ပါဘူး။ အခုခရီးစဉ်ကလည်း ငြိမ်းချမ်း‌ရေးနဲ့ ပတ်သက်ပြီး လူထု‌တွေကို ‌တွေ့ဆုံရှင်းပြ ဝိုင်းဝန်းလုပ်‌ဆောင်ဖို့ အကြံအဉာဏ်‌တွေယူသွားမှာ ဖြစ်ပါတယ်” ဟု ပဒို‌နော်စီဖိုးရာစိန်က ‌ပြောသည်။

‌ကေအဲန်ယူနှင့် SNLD တို့ ၂နာရီကြာ ‌တွေ့ဆုံခဲ့သည့် ၎င်း‌တွေ့ဆုံမှုတွင် လက်ရှိဖြစ်‌ပေါ်‌နေသည့် မြန်မာ့ နိုင်ငံ‌ရေးအခင်းအကျင်း၊ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေဆိုင်ရာ အကျပ်အတည်းများ၊ ငြိမ်းချမ်း‌ရေးဖြစ်စဉ်များ၊ တိုင်းရင်းသားအ‌ရေးကိစ္စများကိုလည်း ရင်းနှီးပွင့်လင်းစွာ ‌ဆွေး‌နွေး၍ နှစ်ဖက်အမြင်ချင်း ဖလှယ်ခဲ့ကြသည်။

ထို့အပြင် ယခုကဲ့သို့ ‌ကေအဲန်ယူ ဒုဥက္ကဌနှင့်အဖွဲ့ လာ‌ရောက်‌တွေ့ဆုံပြီး ငြိမ်းချမ်း‌ရေးဖြစ်စဉ် ရပ်တည်ချက် များကို ‌ပြောကြားသည့်အတွက် ဝမ်း‌မြောက်‌ကြောင်းနှင့် ဖွဲ့စည်းပုံပြင်ဆင်နိုင်‌ရေးအတွက် မိမိတို့အ‌နေဖြင့် NLD ပါတီ၊ ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ပါ ပူး‌ပေါင်းလုပ်‌ဆောင်လျှက်ရှိ‌ကြောင်း SNLD ဥက္ကဌ ဦးခွန်ထွန်း ဦးက‌ပြောဆိုခဲ့သည်။

ဦးခွန်ထွန်းဦးက “ကျ‌နော်တို့အ‌နေနဲ့ တိုင်းရင်းသား‌တွေ လိုလားတဲ့ တန်းတူ‌ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ ့ ဖက်ဒရယ်အ‌ရေးကိစ္စ‌တွေကိုလည်း ကြိုးပမ်းလုပ်‌ဆောင်‌နေပါတယ်”ဟု ‌ပြောဆိုသည်။

ယင်း‌တွေ့ဆုံမှုတွင် ‌ကေအဲန်ယူက SNLD ၏ နိုင်ငံ‌ရေး ရပ်တည်ချက်များကို ‌ထောက်ခံ‌ကြောင်း၊ အလားတူ ‌ကေအဲန်ယူ၏ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များ၊ အပစ်ရပ်စဲ‌ရေးလုပ်ငန်းစဉ်တွင်လည်း ဝိုင်းဝန်းလက်တွဲကာ ရပ်တည်‌ပေးသွားရန် ပဒို‌နော်စီဖိုးရာစိန်က တိုက်တွန်း‌ပြောဆိုသွားခဲ့သည်။

‌ကေအဲန်ယူ ဒုဥက္ကဋ္ဌ ပဒို‌နော်စီဖိုးရာစိန်သည် SNLD ဥက္ကဌ ဦးခွန်ထွန်းဦးနှင့် ယခု‌တွေ့ဆုံမှုမှာ ပထမဆုံး အကြိမ်ဖြစ်ပြီး ‌တွေ့ဆုံမှုတွင် ‌ကေအဲန်ယူဘက်မှ ကရင်ဘာသာဖြင့် ညီညွတ်ခြင်းဟု ‌ရေးထိုးထား‌သော ကရင်ရိုးရာ ‌အောင်မြင်ခြင်းအထိမ်းအမှတ် ကျွဲချိုကို အမှတ်တရလက်‌ဆောင်အဖြစ် ဦးခွန်ထွန်းဦးအား ‌ပေးအပ်ခဲ့သည်။