Home သတင်း ထိုင်းစစ်တပ်အာဏာသိမ်းမှု‌ကြောင့် ‌ရွှေ့‌ပြောင်းမြန်မာအလုပ်သမားများ သွားလာ‌ရေး အခက်ကြုံ

ထိုင်းစစ်တပ်အာဏာသိမ်းမှု‌ကြောင့် ‌ရွှေ့‌ပြောင်းမြန်မာအလုပ်သမားများ သွားလာ‌ရေး အခက်ကြုံ

1788

‌မေ ၂၆ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

ထိုင်းနိုင်ငံတွင် ‌မေလ ၂၂ရက်‌နေ့က စစ်တပ်အာဏာသိမ်းမှု‌ကြောင့် ‌ရွှေ့‌ပြောင်းမြန်မာအလုပ်သမားများသည် ၎င်းတို့‌နေ့စဉ် အလုပ်လုပ်ရန် သွားလာ‌ရေးအတွက် အခက်အခဲအချို့နှင့် ကြုံ‌တွေ့‌နေရ‌ကြောင်း ‌ရွှေ့‌ပြောင်းမြန်မာအလုပ်သမားများက ‌ပြောဆို ‌နေကြသည်။

“ဒီစစ်တပ်အာဏာသိမ်း‌နောက်ပိုင်း အလုပ်က ပုံမှန်ပဲ လည်ပတ်‌ပေမယ့် သွားလာ‌ရေး‌တော့ အရင်ထက် ပိုကြပ်လာတယ်။ ည‌နေ ဆိုုရင် အလုပ်သိမ်းတာနဲ့ သူလုပြန်၊ ကိုယ်လုပြန်ဆို‌တော့ ကားကြပ်တာ‌ပေါ့။ ပုံမှန် ည ၁၁နာရီမှ ပိတ်တဲ့ ‌မြေ‌အောက်ရထားက လည်း ည ၈နာရီဆို ပိတ်‌တော့ အဆင်သိပ်မ‌ပြေဘူး” ဟု ဘန်‌ကောက်မြို့၌ အလုပ်လုပ်ကိုင်‌နေသူ ‌စောရဲထွန်း‌ဇော်က ‌ကေအိုင်စီ သို့ ‌ပြောသည်။

ထိုင်းစစ်တပ်က ညမထွက်ရ(ကာဖျူး)အမိန့်နှင့် လူငါးဦးထက် ပိုမစုရ(မာရှယ်‌လော)အမိန့် ထုတ်ပြန်ထားပြီး‌နောက် ည ၁ဝနာရီမှ မနက် ၅နာရီအထိ အပြင်ထွက်၍ မရ‌သော‌ကြောင့် အလုပ်သမားများမှာ ညဘက်တွင် အချိန်ပိုဆင်းမရဘဲ အခက်အခဲ ကြုံ‌တွေ့ ‌နေရသည်ဟုလည်း ‌စောရဲထွန်း‌ဇော်က ဆက်‌ပြောသည်။

အလားတူ ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ပြည်နယ် မြဝတီမြို့မှ ‌သောင်ရင်းမြစ်ကူး၍ ထိုင်းဘက်ခြမ်း မဲ‌ဆောက်မြို့သို့ ‌နေ့ချင်းပြန် သွား‌ရောက်အလုပ်လုပ်ကိုင်သူများနှင့် သွား‌ရောက်‌ဈေး‌ရောင်းသူများသည် ‌သောင်ရင်းမြစ်တံတား‌အောက်ရှိ နားလည်မှုဖြင့် ဖွင့် ထားသည့် ဂိတ်များကို ‌လှေကူးဖြတ်ခွင့် မပြု‌တော့သည့်အတွက် အခက်အခဲ ကြုံ‌တွေ့‌နေရ‌ကြောင်း မြဝတီမြို့ခံများက‌ပြောသည်။

မြဝတီမြို့ခံတစ်ဦးဖြစ်သူ မသီတာက “ထိုင်းစစ်တပ်က နိုင်ငံကို အာဏာသိမ်းပြီး‌နောက်ပိုင်း ပြီးခဲ့တဲ့ တစ်ရက်၊ နှစ်ရက်က ည‌နေ ငါးနာရီ အလုပ်ဆင်းချိန် မဲ‌ဆောက်အထည်စက်ရုံက‌နေ ပြန်လာတဲ့ အလုပ်သမားတစ်စုဟာ ‌လှေဖြတ်ကူးခွင့်မရလို့ လူနဲ့ပဲ‌ရေကူး လာကြတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုင်း-မြန်မာ ချစ်ကြည်‌ရေးတံတားကိုဖြတ်၍ မြဝတီမြို့မှ မဲ‌ဆောက်မြို့သို့ သွား‌ရောက်အလုပ်လုပ်သူ ‌ရွှေ့‌ပြောင်းမြန်မာအလုပ် သမားများမှာ မှတ်ပုံတင်ပြကာ တံတားဖြတ်ကူးခွင့်အတွက် ထိုင်းနှင့် မြန်မာနှစ်ဘက်စလုံး လူဝင်မှုကြီးကြပ်‌ရေးဌာနအား အခ ‌ကြေး‌ငွေ ‌ပေး‌ဆောင်ရသလို တန်းစီ ‌စောင့်ဆိုင်းရပြီး အချိန်ပိုကုန်‌သော‌ကြောင့် အဆင်မ‌ပြေ‌ကြောင်း ကိုယ်တိုင်သွားလာ‌နေရ သည့် ‌ရွှေ့‌ပြောင်းမြန်မာအလုပ်သမားများက ဆိုသည်။

‌ရွှေ့‌ပြောင်းမြန်မာအလုပ်သမားအ‌ရေး လိုက်လံ‌ဆောင်ရွက်‌ပေး‌နေသည့် မြန်မာပြည်သားများ ပူးတွဲလှုပ်ရှား‌ရေး‌ကော်မတီ (JAC BA) ဥက္ကဌ ဦးမိုးကြိုးက “ဒီနယ်စပ်မှာ အလုပ်သမား‌တွေဟာ လုပ်အားခ‌ငွေ‌တွေ ပို့‌ဆောင်ရင် တံတား‌ပေါ်က မဖြတ်ဘဲ ‌သောင် ရင်းမြစ်ကိုဖြတ်တဲ့ ‌အောက်ဂိတ်ကပဲ ဖြတ်ကြတာများတယ်။ ဒီလို‌အောက်ဂိတ်‌တွေ ‌လှေကူးဖြတ်ခွင့် အကြာကြီး ပိတ်ထားရင် အဆင်မ‌ပြေမှု‌တွေ ပိုများလာနိုင်တယ်”ဟု ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တ‌လျှောက်တွင် ‌သောင်ရင်းမြစ်ကိုဖြတ်ကာ တရားမဝင် ကူးသန်းသွားလာသည့် ဂိတ်‌ပေါင်း ၃၀‌ကျော်ရှိပြီး လက်ရှိအချိန်တွင် မြဝတီမှ မဲ‌ဆောက်သို့ ‌ဈေး‌ရောင်း‌ဈေးဝယ် သွားလာ‌နေသူများမှာ ယခင်က ‌မှောင်ခိုပစ္စည်းများကို ‌လှေဂိတ် များဖြင့် ညဘက် သယ်ယူခွင့်ရ‌သော်လည်း ယခုအချိန်၌ ဖြတ်သန်းသွားလာခွင့်ကို ထိုင်းစစ်တပ်မှ ပိတ်ပင်ထားသည်။

ထိုင်းနိုင်ငံတွင် ‌မေ ၂ဝရက်‌နေ့က မာရှယ်‌လောထုတ်ပြန်အပြီး ‌မေလ ၂၂ရက်‌နေ့၊ ည‌နေ ၄နာရီခွဲ၌ စစ်တပ်က အာဏာသိမ်း ‌ကြောင်း ‌ကြေငြာအပြီး ည ၁ဝနာရီမှ မနက် ၅နာရီအတွင်း ညမထွက်ရအမိန့်ကိုလည်း အာဏာသိမ်းစစ်‌ကောင်စီဖြစ်သည့် အမျိုး သားငြိမ်းချမ်း‌ရေးနှင့် တရားဥပ‌ဒေ စိုးမိုး‌ရေး‌ကောင်စီ (National Peace and Order Maintaining Council-NPOMC) မှ ရက်အ ကန့်အသတ်မရှိ ထုတ်ပြန်ခဲ့သည်။
ထိုင်းနိုင်ငံတွင် ၁၉၄၆ခုနှစ်မှ ယခုအချိန်အထိ စစ်တပ်မှ အာဏာသိမ်းသည့် အကြိမ်‌ပေါင်း ၁၈ကြိမ်ရှိပြီဖြစ်သည်။