Home သတင်း ဇွန်လအတွင်း အိမ်ရာအလုံး ၁၀ဝ ပြီးစီး‌အောင်‌ဆောက်မည်ဟု ‌ကေအဲန်ယူ‌ပြောဆို

ဇွန်လအတွင်း အိမ်ရာအလုံး ၁၀ဝ ပြီးစီး‌အောင်‌ဆောက်မည်ဟု ‌ကေအဲန်ယူ‌ပြောဆို

1509

‌မေ ၂၇ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) တပ်မဟာ(၇)က ဦးစီးပြီး ၎င်းတို့၏ ထိန်းချုပ်နယ်‌မြေဖြစ်သည့် လှိုင်းဘွဲမြို့နယ်ရှိ ‌မော်ဖိုး‌ကေနှင့် မဲ့သရိ‌ဒေသများတွင် ‌ဆောက်လုပ်လျက်ရှိ‌သော တန်ဖိုးနည်း အိမ်အလုံး ၁၀ဝကို လာမည့်ဇွန်လအတွင်း အပြီးသတ် ‌ဆောက်လုပ်‌ပေးသွားမည်ဟု ‌ကေအဲန်ယူဘက်က ‌ပြောသည်။

ဧပြီ ၁ရက်‌နေ့မှစ၍ ‌ကေအဲန်ယူတပ်ဖွဲ့ဝင်များ အပါအဝင် လက်သမား ၈ဝဦးဖြင့် အဆိုပါအိမ်ရာများကို စတင် ‌ဆောက်လုပ် ခဲ့ကြပြီး ‌မေလအကုန်၌ ပြီးစီးမည်ဟု မှန်းဆထားခဲ့‌သော်လည်း အခက်အခဲအချို့‌ကြောင့် ဇွန်လအတွင်းမှသာ အပြီး‌ဆောက် လုပ်နိုင်မည်ဖြစ်‌ကြောင်း ‌ကေအဲန်ယူ တပ်မဟာ(၇)၏ စီးပွား‌ရေးတာဝန်ခံ ‌စောမိုးဇက်က ‌ပြောသည်။

“ကျ‌နော်တို့အရင်က ‌မေလကုန်‌လောက် အပြီး‌ဆောက်ဖို့မှန်းထားတာပါ။ အိမ်‌ဆောက်ပစ္စည်း‌တွေ၊ သစ်‌တွေကို ထိုင်းက‌နေ မှာယူ‌ဆောက်လုပ်‌နေရ‌တော့ မိုးလည်းကျ‌ရော ဒီမှာက လမ်းပမ်းဆက်သွယ်‌ရေး အခက်အခဲ‌တွေ‌ကြောင့် ကြန့်ကြာသွားတာ ပါ။ ဇွန်လ ဒုတိယပတ်မှာမှ အပြီးသတ်နိုင်မယ်လို့ ယူဆထားတယ်”ဟု ‌စောမိုးဇက်က ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ အိမ်ရာများအတွက် နိုင်ငံ‌တော်က ကျပ်သိန်း ၅ ‌ထောင်ချထား‌ပေးပြီး အိမ်ယာ‌ဆောက်လုပ်‌ရေးအတွက် ‌ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းထားကာ ‌ကေအဲန်ယူ တပ်မဟာ(၇)၏ စီးပွား‌ရေးလုပ်ငန်းများကို အဓိကတာဝန်ယူ လုပ်ကိုင်‌နေ‌သော မိုးကိုစံကုမ္ပဏီက တာဝန်ယူ ‌ဆောက်လုပ်‌နေခြင်းဖြစ်‌ကြောင်း သိရသည်။

အိမ်ရာ‌ဆောက်လုပ်ပြီးပါက ‌နေရာချထား‌ရေး အစီအစဉ်များနှင့် ပတ်သက်ပြီး ‌ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ‌စော‌ဖောဒိုက “‌နေရာချထားဖို့‌တော့ ‌လော‌လောဆယ် စီစဉ်လုပ်‌ဆောင်ထားတာ မရှိ‌သေး‌ပေမယ့် အိမ်ရာ‌ဆောက်ပြီးရင် ‌ကော်မတီက‌နေ အစည်းအ‌ဝေးထိုင်ပြီး ‌နေရာချထား‌ပေးဖို့ကို စီစဉ်ရပါမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ အိမ်ရာများအတွက် ‌နေရာချထား‌ပေးရာတွင် အမှန်တကယ် အတိဒုက္ခ‌ရောက်‌နေသူ အိမ်ရာမဲ့ ပြည်တွင်း ‌ရွှေ့‌ပြောင်း ဒုက္ခသည်များနှင့် ‌ကေအဲန်ယူတပ်ဖွဲ့ဝင် ကိုယ်လက်အဂင်္ါချို့ယွင်းသူ မိသားစုဝင်များကိုသာ ‌ရွေးချယ်စိစစ်ပြီး ‌နေရာချထား ‌ပေးသွားမည်ဖြစ်သည်ဟု ဗိုလ်မှူးကြီး‌စော‌ဖောဒိုက ဆက်‌ပြောသည်။

မဲ့သရိနှင့် ‌မော်ဖိုး‌ကေ‌ဒေသများတွင် ၎င်းအိမ်များကို အလုံး ၅ဝစီ ‌ဆောက်လုပ်‌ပေးမည်ဖြစ်ပြီး ‌ပေ ၂၀ဝ x ၁၀ဝ အကျယ်အ ဝန်းရှိ ‌မြေကွက်များတွင် သွပ်မိုးပျဉ်‌ထောင် အမျိုးအစားရှိ လူ‌နေအိမ်များကို ဆက်လက် ‌ဆောက်လုပ်‌နေဆဲဖြစ်ကာ လတ် တ‌လောတွင် ၇ဝရာခိုင်နှုန်း ပြီးစီး‌နေပြီဖြစ်‌ကြောင်း ‌ကေအဲန်ယူ တပ်မဟာ(၇)မှ တာဝန်ရှိသူများက ‌ပြောဆိုသည်။