Home သတင်း စစ်မှန်‌သော အပစ်ရပ်‌ရေးအတွက် သမ္မတထံသို့ ‌တောင်းဆိုရန် WON အဖွဲ့အား KWO တိုက်တွန်း

စစ်မှန်‌သော အပစ်ရပ်‌ရေးအတွက် သမ္မတထံသို့ ‌တောင်းဆိုရန် WON အဖွဲ့အား KWO တိုက်တွန်း

1630

(WON အဖွဲ့ဝင်အမျိုးသမီး‌ခေါင်း‌ဆောင်အချုုူိ ့)

‌မေ ၉ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

လက်ရှိ ‌ဖော်‌ဆောင်‌နေသည့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်တွင် စစ်မှန်‌သော တပြည်လုံးအပစ်အခတ်ရပ်စဲ‌ရေး ရရှိ‌ရေးအတွက် သမ္မတဦးသိန်းစိန်ထံသို့ ‌တောင်းဆိုရန် မြန်မာပြည်တွင်းအ‌ခြေစိုက် ကွန်ယက်တစ်ခုဖြစ်သည့် အမျိုးသမီးများကွန်ယက် (WON) အား ကရင်အမျိုးသမီးအစည်းအရုံး(KWO)က တိုက်တွန်းလိုက်သည်။

ရန်ကုန်မြို့သို့ ‌ကေအဲန်ယူ ဒုဥက္ကဌ ပဒို‌နော်စီဖိုးရာစိန်နှင့်အတူ လိုက်ပါသွားခဲ့သည့် ကရင်အမျိုးသမီးအစည်းအရုံး(KWO) ဗဟို အမြဲတမ်း‌ကော်မတီဝင် ‌နော်ဘလူမင်းနိုက်ဇန်က ‌မေလ ၈ရက်‌နေ့၊ ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်၊ စံရိပ်ငြိမ် ၂လမ်းရှိ WON ရုံး၌ ပြုလုပ်သည့် ‌တွေ့ဆုံပွဲတွင် ထိုသို့ တိုက်တွန်း‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကျမတို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ‌တောင်းဆိုတာက တစ်ပြည်လုံး အပစ်အခတ်ရပ်စဲ‌ရေးပါ။ တစ်ပြည်လုံး အပစ် အခတ်ရပ်စဲ‌ရေးကို လိုချင်ပါတယ်။ ကချင်ပြည်နယ်က ‌သေနတ်သံကိုလည်း ရပ်‌ပေးပါ။ အဲဒါ သမ္မတကြီးကို ‌တောင်းဆိုကြပါ”ဟု ‌နော်ဘလူးမင်းနိုက်ဇန်က ‌ပြောကြားခဲ့သည်။

တစ်နာရီ ကြာမြင့်ခဲ့သည့် ၎င်း‌တွေ့ဆုံပွဲတွင် ‌ကေအဲန်ယူ ဒုဥက္ကဌ ပဒို‌နော်စီဖိုးရာစိန်ကလည်း လက်ရှိ ‌ဖော်‌ဆောင်‌နေသည့် ငြိမ်း ချမ်း‌ရေးကို ရှင်းပြပြီး ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် အမျိုးသမီးများ ပါဝင်လာရန် လိုအပ်‌ကြောင်း ‌ပြောဆိုသွားခဲ့သည်။

ယင်း‌တွေ့ဆုံပွဲတွင် ပဒို‌နော်စီဖိုးရာစိန်၊ ‌နော်ဘလူးမင်းနိုက်ဇန် အပါအဝင် WON ကွန်ယက်အဖွဲ့များထဲမှ အမျိုးသမီး‌ခေါင်း‌ဆောင် အချို့နှင့် အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ(WLB)မှ အမျိုးသမီး‌ခေါင်း‌ဆောင်အချို့ အပါအဝင် ၂ဝဦး‌ကျော် တက်‌ရောက်ခဲ့ကြ သည်။

‌တွေ့ဆုံပွဲ တက်‌ရောက်ခဲ့သူ WON အစီအစဉ်ညှိနှိုင်း‌ရေးမှူး ‌နော်မာမာချိုက “ကျမတို့ အခု ငြိမ်းချမ်း‌ရေးအတွက် ‌တောင်းဆိုမယ်။ ‌တောင်းဆိုတဲ့အခါမှာ ကျမတို့တစ်ဖွဲ့တည်း မ‌တောင်းဆိုဘူး။ အမျိုးသမီးအဖွဲ့‌တွေ‌ပေါင်းပြီး ‌တောင်းဆိုမယ်။ စစ်ပွဲရပ်ဖို့လည်း ‌တောင်းဆိုသွားမယ်။ သမ္မတနဲ့ ‌တွေ့မယ်။ အဲဒါ‌တွေ ကျမတို့ ဆက်လုပ်သွားမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အမျိုးသမီးများကွန်ယက် (Women Organization Network of Myanmar-WON)သည် ပြည်တွင်းအမျိုးသမီးအဖွဲ့‌ပေါင်း ၃၄ဖွဲ့ ဖြင့် ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံအတွင်းရှိ ငြိမ်းချမ်းမှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုရရှိ‌စေရန် လုပ်‌ဆောင်သည့် ကွန်ယက်အဖွဲ့ ဖြစ်သည်။