Home တွေ့ဆုံမေးမြန်းခန်း ကရင့်ငြိမ်းချမ်း‌ရေးဖြစ်စဉ်နဲ့ သူတို့အမြင်

ကရင့်ငြိမ်းချမ်း‌ရေးဖြစ်စဉ်နဲ့ သူတို့အမြင်

1834

‌နော်အယ်ဝါး ပိန်းဇလုပ်ရွာမ (ပိန်းဇလုပ်မြို့နယ်၊ ပဲခူးတိုင်း)

ကျမက‌တော့ ငြိမ်းချမ်း‌ရေးကို သ‌ဘောကျတယ်။ တိုက်ပွဲ‌တွေဖြစ်ရင်‌တော့ မငြိမ်းချမ်းဘူး‌ပေါ့။ သ‌ဘော‌ပြောပြရရင် တို့ပြည်သူ ‌တွေကလည်း ဟို‌ပြေးရဒီ‌ပြေးရဆို‌တော့ မ‌ကောင်းဘူး‌ပေါ့။ ဟိုသွား‌နေ ဒီသွား‌နေတာထက် ငြိမ်းချမ်းသွားရင်‌တော့ ပို‌ကောင်းသွား တာ‌ပေါ့။ ‌ကေအဲန်ယူ‌ခေါင်း‌ဆောင်‌တွေ လူထု‌တွေ့ဆုံပွဲမှာ လာရှင်းပြသွားတာကို ဝမ်းသာတယ်။ ‌ကျေးဇူးတင်တယ်။ အ‌တွေ့အ ကြုံ‌တွေကို လာ‌ပြောပြသွားတာ ‌ကောင်းပါတယ်။ ‌ထောက်လည်း ‌ထောက်ခံပါတယ်။
အပစ်ခတ်ရပ်တာ ခိုင်မြဲဖို့ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်‌တွေကို ‌ဖြောင့်ဖြူးဖို့ကို အစိုးရနဲ့ ‌ကေအဲန်ယူ နှစ်ဦးနှစ်ဖက် သင့်သင့်မြတ်မြတ် ရှိရင်‌တော့ ဝမ်းသာတာ‌ပေါ့။ ပြီး‌တော့ လူထု‌တွေဘက်ကလည်း ဒုက္ခမ‌ရောက်‌တော့ဘူး‌ပေါ့။ ‌နောက်‌တော့ ကိုယ်ပိုင်ဆိုင်တာကို ပြန်ပြီး လုပ်ကိုင်စား‌သောက်လို့ ရတာ‌ပေါ့လို့ လူထုတစ်‌ယောက်အ‌နေနဲ့ အဲလို ‌ပြောချင်ပါတယ်။

‌စော‌ဇော်လင်း ဖားအံမြို့ (ကရင်ပြည်နယ်)
Karen Development Network (ကရင်ဖွံ့ဖြိုးတိုးတက်မှုကွန်ယက်)
Saw ZawLin
ငြိမ်းချမ်း‌ရေးဆိုတာ အင်မတန်အ‌ရေးကြီးတဲ့ ကိစ္စတစ်ခုပါ။ ကျ‌နော်တို့တိုင်းရင်းသား‌တွေ လက်ရှိခံစား‌နေရတဲ့ အ‌နေအထားနဲ့ ဆိုရင် အပစ်ခတ်ရပ်ပြီး‌တော့ ကိုယ့်အသက်‌မွေးဝမ်း‌ကြောင်းမှု၊ ကိုယ့်ဘဝရပ်တည်မှု ‌နောက်ပြီး‌တော့ ‌အေး‌အေးချမ်းချမ်း၊ လုံလုံ ခြုံခြုံနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အ‌ရေး‌တွေကို‌တော့ ငြိမ်းချမ်း‌ရေးလို့ မြင်မိပါတယ်။ အပစ်အခတ်ရပ်စဲ‌ရေး မတိုင်ခင်မှာ‌တော့ အား လုံးသိတဲ့အတိုင်းပဲ ကျ‌နော်တို့ ကရင်‌တွေရဲ ့‌နေရာ‌ဒေသက အများအားဖြင့် စစ်ပွဲဖြစ်တဲ့အချိန်မှာ ကြားက‌နေ ပြည်သူ‌တွေ၊ အထူး သဖြင့် အမျိုးသမီး‌တွေ က‌လေး‌တွေ ဒုက္ခ‌တွေ အများကြီးခံစားရတယ်။ ကျ‌နော်တို့ ကရင်‌တွေ တခြားတိုင်းပြည်မှာ ဒုက္ခသည်အ ဖြစ်နဲ့ ‌ရောက်ရှိ‌နေတာ အများကြီးပဲ။ သူတို့‌တွေဟာ ‌နေ‌နေကျ‌နေရာ‌တွေကို ပြန်လာဖို့ ခက်ခဲ‌နေအုံးမှာပဲ။ အပစ်ခတ်ရပ်စဲမှု ‌နောက်ပိုင်း သိသာမှုတစ်ခုက‌တော့ အရင်လို ပစ်တာခတ်တာ အများကြီး ‌လျော့နည်းပါတယ်။ ‌နောက်တစ်ခုက‌တော့ ခရီးသွား လာတဲ့အပိုင်းမှာ အများကြီး လွတ်လွတ်လပ်လပ် သွားလာလို့ ရလာတယ်။ အရင်ကလို မှတ်ပုံတင်စစ်တာ‌တွေ အများကြီး မ‌တွေ့ရ‌တော့ ဒါ အများကြီး ‌ကောင်းမွန်လာတာပါ။

၂၀၁၂ခုနှစ်၊ ဇန်နဝါရီလက‌နေ စပြီး‌တော့ ‌ကေအဲန်ယူနဲ့ အစိုးရနဲ့ ပဏာမအပစ်ခတ်ရပ်‌ရေးလုပ်ပြီးနဲ့ ‌နောက်ပိုင်းမှာ တိုးတက်မှု ‌တွေ ရှိလာသလို ပြဿနာ‌တွေက‌တော့ ‌မြေယာကိစ္စ၊ သဘာဝ သယံဇာတ‌တွေ ထုတ်ယူတာ‌တွေ‌ကြောင့် ကျ‌နော်တို့ ပြည်သူ ‌တွေ အများကြီး ရုန်းကန်‌နေရတုန်းပဲ။ ဒါက‌တော့ ငြိမ်းချမ်း‌ရေးယူစဉ်ကာလမှာ အခက်အခဲစိန်‌ခေါ်မှု‌တွေ ‌ရော‌နေတဲ့သ‌ဘောပါပဲ။ တချို့ကိစ္စ‌တွေက ပြည်သူ‌တွေ မသိရှိနားမလည်တာ‌တွေရှိတယ်။ ‌ကေအဲန်ယူ‌ခေါင်း‌ဆောင်‌တွေက ဒီလိုငြိမ်းချမ်း‌ရေးဖြစ်စဉ်ကို ရှင်းပြတာ‌တွေက‌တော့ အင်မတန်‌ကောင်းမွန်တဲ့ အစီအစဉ် ဖြစ်ပါတယ်။ အင်မတန်လည်း လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆို ‌တော့ ငြိမ်းချမ်း‌ရေး ညှိနှိုင်း‌ဆွေး‌နွေးတဲ့အခါမှာ ဒီ‌ကေအဲန်ယူ အဖွဲ့အစည်းနဲ့ နိုင်ငံ‌တော် အစိုးရကိုယ်စားလှယ်‌တွေ စကား‌ပြောကြ တာကို ‌အောက်‌ခြေလူထု‌တွေက ပွင့်ပွင့်လင်းလင်း‌ပြောရရင် ဘာမှ မသိပါဘူး။ သိတဲ့ပြည်သူ‌တွေက‌တော့ မီဒီယာသမား‌တွေနဲ့ ထိ‌တွေ့မှု အားနည်းတာ၊ သိရှိမှုအားနည်းတာဆို‌တော့ ငြိမ်းချမ်း‌ရေးလုပ်‌နေတာကလွဲပြီး ဘာ‌တွေလုပ်‌နေလဲဆိုတာ‌တွေ မသိပါ ဘူး။ အခုလို ပြည်သူ‌တွေကို ရှင်းပြတယ်။ ပြည်သူ‌တွေ‌မေးတဲ့အခါ ပြန်‌ဖြေတယ်။ ဒါ ငြိမ်းချမ်း‌ရေးဖြစ်စဉ်ကို အင်မတန်မှ အ‌ထောက်အကူပြုပါတယ်။

နှစ်‌ပေါင်း ၆၀‌ကျော်ကြာတဲ့ ပဋိပက္ခမှာ အပစ်ခတ်ရပ်စဲ‌ရေး ခိုင်မြဲဖို့နဲ့ ငြိမ်းချမ်း‌ရေးတည်တံ့ဖို့ ကျ‌နော်တို့နိုင်ငံထဲက တိုင်းရင်းသား ညီအစ်ကို‌မောင်နှမအားလုံး အတူယှဉ်တွဲ‌နေထိုင်ဖို့ တစ်‌ယောက်နဲ့တစ်‌ယောက် အပြန်အလှန် ယုံကြည်မှု ရှိ‌စေချင်တယ်။ ယုံကြည်မှုသာ ခိုင်ခိုင်မာမာ မတည်‌ဆောက်နိုင်ဘူးဆိုရင်‌တော့ ကျ‌နော်တို့ လက်ရှိ တည်‌ဆောက်တဲ့ အပစ်ခတ်ရပ်စဲ‌ရေးဟာ အခက်အခဲ‌တွေ များ‌နေအုံးမယ်လို့ မြင်တယ်။ အဲဒါ‌ကြောင့် နိုင်ငံ‌တော်အစိုးရအ‌နေနဲ့လည်း ကျ‌နော်တို့ တိုင်းရင်းသား‌တွေအ‌ပေါ် နှစ်‌ပေါင်းများစွာထားတဲ့ သံသယ‌တွေကို အတိုင်းအတာတစ်ခုထိ ‌ဖြေ‌လျော့ပြီး ငြိမ်းချမ်း‌ရေးဖြစ်စဉ်ကို သံဓိဌာန်ချပြီး လုပ်သွား မယ်ဆိုရင် ငြိမ်းချမ်း‌ရေးဖြစ်စဉ် ခိုင်မာလိမ့်မယ်လို့ ယူဆတယ်။ ဒါ‌ကြောင့် နိုင်ငံ‌တော်အစိုးရနဲ့ ‌ကေအဲန်ယူနှစ်ဖက်ကလည်း ပြည်သူ့အသံ‌တွေကို များများနား‌ထောင်‌ပေး၊ ထိ‌တွေ့‌ပေးပြီး ပြည်သူ‌တွေမျက်နှာကို ကြည့်ပြီး‌တော့ ငြိမ်းချမ်း‌ရေးကို‌ရောက် ‌အောင် တည်‌ဆောက်‌ပေးပါ။ အထူးသဖြင့် အရပ်ဖက်အဖွဲ့အစည်း ပါဝင်မှုကိုလည်း နှစ်ဖက်စလုံး အား‌ပေးပါလို့ ကျ‌နော်အ‌နေနဲ့ ‌ပြောချင်ပါတယ်။