Home တွေ့ဆုံမေးမြန်းခန်း ကရင့်ငြိမ်းချမ်း‌ရေးဖြစ်စဉ်နဲ့ သူတို့အမြင်

ကရင့်ငြိမ်းချမ်း‌ရေးဖြစ်စဉ်နဲ့ သူတို့အမြင်

1942

မန်း‌အေဘီယံ နတ်သံကွင်းရွာ၊ ‌ကျောက်ကြီးမြို ့နယ် (ပဲခူးတိုင်း‌ဒေသကြီး)

အတီးက အရင်က‌တော့ ကရင်နှစ်သစ်ကူးဖြစ်‌မြောက်‌ရေး‌ကော်မတီ။ အခု ပဲခူးတိုင်း စာ‌ပေယဉ်‌ကျေးမှုမှာ လက်ရှိ တာဝန်ထမ်း ‌ဆောင်တယ်။ အခုလုပ်တဲ့ ငြိမ်းချမ်း‌ရေးဆိုတာက မှုန်မှုန်မှိုင်းမှိုင်း‌လေး မြင်‌နေရတယ်။ ပွင့်ပွင့်လင်းလင်း‌ပြောမယ်ဆိုရင် နှစ်ဖက် လက်နက်ကိုင်ကပဲ နှစ်ဦးနှစ်ဖက်လုပ်တာ၊ ပြည်သူ‌တွေ မပါဝင်နိုင်‌သေးဘူး။ ပြည်သူ‌တွေ ပါဝင်နိုင်ဖို့ အ‌ရေးကြီးတယ်။ ဒီငြိမ်းချမ်း ‌ရေး‌ဖော်‌ဆောင်ရာမှာ ပြည်သူ မပါဝင်ရင်‌တော့ မရဘူး။ ဘာဖြစ်လို့လဲဆို‌တော့ တပ်မ‌တော်ဘက်မှာလည်း အင်အားကြီးတယ်။ ဒီတိုင်းရင်းသားဘက်က အင်အားနည်းတဲ့အခါမှာ ဒီလက်နက်ကိုင်နှစ်ဖက်ရဲ့ လုပ်ချင်းလုပ်ရပ်‌ကြောင့် အင်အားကြီးတဲ့သူက အင် အားနည်းတဲ့သူကို အနိုင်ယူမှာပဲ။ ချိန်ခွင်လျှာက မညီဘူး။ ညီဖို့အတွက် အရပ်သား လူထုအင်အားလိုတယ်။ အခုချိန်က အပစ် ခတ်ရပ်စဲရချိန်ပဲ ရှိ‌သေးတယ်။ တချို့‌နေရာက ပစ်‌နေတာပဲ။ တချို့က ရပ်‌နေတာပဲ။ ‌ကေအဲန်ယူဘက်ကလည်း သူ့အတိုင်းအတာ နဲ့ ‌ချောကိန်း(အခွန်)က သူ့အတိုင်းအတာနဲ့ ‌တောင်း‌နေတာပဲ။ စစ်အစိုးရဘက်က‌တော့ ‌ချောကိန်း မ‌ကောက်‌တော့ဘူးဆိုတာက လစာရတယ်။ အတီးတို့ ကရင်တိုင်းရင်းသား‌တွေက ဒီမှာ‌နေတာ ကရင်လည်း ခံစားရတယ်။ ဗမာလည်း ခံစားရတယ်။ စစ်ဆို တာ မလိုချင်‌တော့ဘူး။ ငြိမ်းချမ်းတာကိုပဲ လိုချင်တယ်။

ငြိမ်းချမ်း‌ရေးဖြစ်စဉ်မှာ (‌မောနင်းထရီး) ‌စောင့်ကြည့်‌လေ့လာ‌ရေးအဖွဲ့ လိုတယ်။ ‌စောင့်ကြည့်‌လေ့လာခြင်း မရှိရင် ဒီအင်အားကြီး က အင်အား‌သေး‌တွေကို ဖြစ်သလိုလုပ်‌နေမှာပဲ။ အပစ်ခတ်ရပ်စဲ‌ရေးမတိုင်ခင်က ကျ‌နော်တို့ အ‌တော်ဒုက္ခ‌ရောက်တယ်။ စစ်တပ် ‌တွေက ခဏခဏ‌ရောက်တယ်။ ကျ‌နော်တို့ရွာ‌တွေမှာ (ရွာ)လူကြီးမလုပ်ရဲ‌တော့ဘူး။ တလတခါ ရွာလူကြီး‌ပြောင်းရတယ်။ ပြဿ နာဖြစ်ရင် စစ်တပ်က သတ်တာပဲ။ သ‌ဘောက ‌ကေအဲန်ယူလာတယ်။ ‌ကေအဲန်ယူတို့၊ စစ်တပ်တို့က တို့ကရင်ပြည်သူလူထုအ ရပ်သားကို မသိဘူး‌လေ။ သူတို့က လက်နက်ကိုင်နှစ်ဖက်ကိုး။ သူလာလည်း ‌ကြောက်ရတယ်။ ဟိုလာလည်း ‌ကြောက်ရတယ်။

‌ကေအဲန်ယူ‌ခေါင်း‌ဆောင်‌တွေ အခုလို လာ‌တွေ့ဆုံပွဲလုပ်တာ အင်မတန်‌ကောင်းပါတယ်။ ကျ‌နော်တို့က ‌ခေါင်း‌ဆောင်‌တွေကို ‌တွေ့ ချင်တာကြာပြီ။ ဖလှယ်ပြီး ‌ပြောချင်တယ်။ သို့‌သော် တကယ်လို့များသွား‌ပြောမိရင် ဗမာ‌တွေဘက်က တမျိုးမြင်မယ်။ ဗမာနဲ့ ကရင်‌တွေကို ‌သွေးခွဲတာ မဟုတ်ဘူး။ ဗမာလည်း မဆိုးဘူး။ ကရင်လည်း မဆိုးဘူး။ အခုလို မကြာမကြာလာ‌တွေ့ရင် အ‌ကောင်း ဆုံးပဲ။ လက်နက်ကိုင်အချင်းချင်းကလည်း စိတ်ရှည်ရှည်နဲ့ လုပ်ကြပါ။ ပြည်သူက ‌မျှော်လင့်တာပဲ။ ဥပမာ‌ပြောရရင် မိဘက ပူညံ ပူညံလုပ်ရင် သားသမီး‌တွေကလည်း ဆူပူသလို စစ်တပ်နှစ်ဘက်လည်း ကျ‌နော်တို့ပြည်သူ‌တွေကို မျက်နှာ‌ထောက်ပါ။ တိုက်ကြ တာ နှစ်‌ပေါင်း ၅၀‌ကျော်ပြီ။ တိုင်းပြည်ဟာလည်း ဆင်းရဲဒုက္ခ‌ရောက်တဲ့ အချိန်‌ရောက်လာပြီ။ ကျ‌နော်တို့ ပြည်သူမျက်နှာ‌တွေ ‌ထောက်ပြီး‌တော့ လက်နက်ကိုင်‌တွေက ‌သေနတ်ကိုင်က‌နေ ‌ဘောလ်ပင်(‌ဖောင်တိန်) ကိုင်ကြပါလို့ ‌ပြောချင်ပါတယ်။