Home တွေ့ဆုံမေးမြန်းခန်း ကရင့်ငြိမ်းချမ်း‌ရေးဖြစ်စဉ်နဲ့ သူတို့အမြင်

ကရင့်ငြိမ်းချမ်း‌ရေးဖြစ်စဉ်နဲ့ သူတို့အမြင်

1735

‌နော်တဘီသာ့ ‌ကျောက်ကြီး၊ ပဲခူးတိုင်း‌ဒေသကြီး

(East Live Development Group – လူမှုအ‌ထောက်ကူပြုအဖွဲ့အစည်း)

ကျမအလုပ်က ဒီ‌ဒေသမှာရှိတဲ့ လူထု‌တွေ အသိပညာဖွံဖြိုးတိုးတက်မှုရှိလာ‌အောင် ပညာ‌ပေးတယ်။ ‌နောက်ပြီး လူထုလိုအပ်ချက် ‌တွေကို စစ်တမ်း‌ကောက်ပြီး တတ်နိုင်သ‌လောက် ပံ့ပိုးကူညီ‌ပေးတာပဲ ရှိတယ်။ ငြိမ်းချမ်း‌ရေးဆိုတာ အကြမ်းဖက်မှုမရှိဘူး၊ ငြိမ်း ချမ်းစွာ လုပ်ကိုင်စား‌သောက်နိုင်ရင် အဲဒါငြိမ်းချမ်း‌ရေးလို့ ကျမမြင်တယ်။ အခု ငြိမ်းချမ်း‌ရေးဆိုတာ စစ်မှန်တဲ့ ငြိမ်းချမ်း‌ရေး မဟုတ်ဘူးလို့ ကျမထင်တယ်။ ငြိမ်းချမ်း‌ရေး မရခင်တုန်းက ကျမတို့‌ဒေသမှာဆိုရင် အကြမ်းဖက်တာ‌တွေ ညှင်းဆဲသတ်ဖြတ် တာ‌တွေ ရှိတယ်။ ‌တောင်‌ပေါ်တက်လို့ရင်လည်း ‌ထောက်ခံစာ‌တွေ ‌ရေးရတဲ့အပြင် ဘယ်‌လောက်ဆိုပြီး ‌ပေးပြီးသွားရတယ်။ ရက်ချိန်းနဲ့လည်း သွားရတယ်။ ရက် ချိန်းလွန်ရင် ပြစ်ဒဏ်ခံရတယ်။ ‌ထောက်ခံစာမပါလို့ရှိရင်လည်း ၁၇တို့၊ ဘာတို့ အ‌ရေးယူ တာ‌ပေါ့။

အပစ်ခတ်ရပ်စဲ‌ရေး ‌နောက်ပိုင်းမှာ လွတ်လွတ်လပ်လပ် သွားလာလုပ်ကိုင်စား‌သောက်လို့ရတယ်။ ကိုယ့်ကိုင်းထဲမှာလည်း သွားအိပ်လို့ရတယ်။ အခု‌ခေါင်း‌ဆောင်‌တွေ လူထု‌ဆွေး‌နွေးပွဲ‌တွေလုပ်တာ အ‌ခြေအ‌နေ‌တွေက အ‌ကောင်းဘက်ကို ပိုပြီး ဦး‌ဆောင်လာနိုင်မယ်လို့ ထင်တယ်။ အခုအချိန်မှာ တချို့‌တွေက ငြိမ်းချမ်း‌ရေးရပြီးလို့ ထင်တယ်။ အမှန်‌တော့ အပစ်ခတ် ရပ်စဲထားတာပဲ ရှိ‌သေးတာ‌ပေါ့။ အဲဒီ အပစ်ခတ်ရပ်စဲ ခိုင်မြဲဖို့က ပြည်သူ‌တွေ လည်း အများကြီးတာဝန်ရှိတယ်။ ဝိုင်းဝန်းလုပ် ‌ဆောင်ရင် ‌ကောင်း‌သောလက္ခဏာလို့ မြင်တာ‌ပေါ့‌နော်။

‌ကေအဲန်ယူနဲ့ အစိုးရ‌တွေ တစ်ဖက်နဲ့တစ်ဖက် သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း‌တွေ ရှိတယ်။ အဲဒီစည်းကမ်း‌တွေကို ပြည်သူ‌တွေက သိသင့်တယ်၊ ချပြသင့်တယ်။ ပြည်သူ‌တွေဘက်ကလည်း ‌စောင့်ကြည့်‌ရေးအဖွဲ့‌တွေ ရှိရမယ်။ စစ်တပ်ဘက်က ကျူး‌ကျော်တာ‌တွေရှိရင်လည်း ကျမတို့‌စောင့်ကြည့်‌ရေးအဖွဲ့ဘက်ကလည်း အ‌ရေးကြီးတယ်လို့ ‌ပြောချင်ပါတယ်။ ‌နောက်ထပ် ဖြည့်စွက်‌ပြောချင်တာက ကျမတို့ ‌ကေအဲန်ယူဘက်ကလည်း ပွင့်လင်းမြင်သာမှု ရှိ‌စေချင်တယ်။ တချို့‌နေရာ‌တွေမှာ အခွန်မ ‌ကောက်နဲ့လို့ မ‌ပြောချင်ပါဘူး။ ‌ကောက်ပါ။ ဒါ‌ပေမဲ့ အဲဒီအခွန်‌တွေကို ဘယ်လိုသုံးစွဲလဲဆိုတာ ပြည်သူ‌တွေကို ချပြမယ်ဆိုရင် ဒီထက်ပိုပြီး‌တော့ ပံ့ပိုးနိုင်မဲ့ အတိုင်းအတာရှိမယ်လို့ ထင်တယ်။

အခု အပစ်ခတ်ရပ်စဲလို့သာ ‌ပြောတယ်။ သတ်မှတ်ထားတဲ့ အတိုင်းအတာတစ်ခုမရှိတဲ့အတွက် အစိုးရစစ်တပ်‌တွေက‌တော့ ‌တောင်‌ပေါ်မှာ စခန်းချတာ‌တွေရှိတယ်။ အဲဒါ‌တွေက ပြည်သူ‌တွေအတွက် စိတ်အ‌နှောက်အယှက် ဖြစ်‌စေတာ‌ပေါ့‌နော်။ သံသယ ‌တွေနဲ့ အဲဒါ‌တွေဟာ အရင်ကလို ဘယ်‌တော့ဖြစ်လာမလဲ စိုးရိမ်စိတ်‌တွေ ရှိ‌နေတာ‌ပေါ့။ ‌ကြောက်စိတ်‌တွေက အမြဲတမ်းနိုးဆွ‌နေ တယ်။ ဒါ‌ကြောင့် ဒါ‌တွေမဖြစ်‌အောင် သတ်သတ်မှတ်မှတ် ရှိ‌စေချင်တယ်လို့ ကျမတို့ ‌ပြောချင်တယ်။