Home သတင်း ကရင်လူမှုအဖွဲ့အစည်းများ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် ‌လေ့လာသုံးသပ်

ကရင်လူမှုအဖွဲ့အစည်းများ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် ‌လေ့လာသုံးသပ်

1323

‌မေ ၂၃ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်အတွင်းရှိ လက်ရှိ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ‌လေ့လာသုံးသပ်ရန် ကရင်လူမှုအဖွဲ့အစည်း‌ပေါင်း ၂ဝ ဖွဲ့က ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ မဲ‌ဆောက်မြို့တွင် ‌မေ ၁၉ရက်မှ ၂၁ရက်‌နေ့အထိ ၃ရက်တာ အလုပ်ရုံ‌ဆွေး‌နွေးပွဲတစ်ရပ်ကို လုပ်‌ဆောင်သွားခဲ့ကြသည်။

“‌ဒေသဆိုင်ရာ လူမှုအဖွဲ့အစည်းများ ငြိမ်းချမ်း‌ရေးဆိုင်ရာ စွမ်း‌ဆောင်ရည် မြှင့်တင်ရန် ဆန်းစစ်ခြင်း”‌ခေါင်းစဉ်ဖြင့် ပြုလုပ်သွား သည့် ၎င်းအလုပ်ရုံ‌ဆွေး‌နွေးပွဲကို (Karen Community Based Peace Support Network- KCBPSN)မှ ဦး‌ဆောင်ပြီး ဖြစ် ‌မြောက်‌ရေးအတွက် ကရင်သဘာဝပတ်ဝန်းကျင် လူမှု‌ရေးဆိုင်ရာ လှုပ်ရှားမှုကွန်ရက်(KESAN)၊ Karen Affair Community (KAC )တို့က စီစဉ်ခဲ့ခြင်းဖြစ်‌ကြောင်း ဦး‌ဆောင်ပါဝင်ခဲ့သူဖြစ်သည့် ‌စော‌ကျော်စွာက ‌ပြောသည်။

“ငြိမ်းချမ်း‌ရေးဆိုတာ ပြည်သူ‌တွေက ဘယ်လိုရှုမြင်သလဲဆိုတာ ကျ‌နော်တို့ သုံးသပ်ကြတယ်။ ပြီး‌တော့ ကရင်ပြည်နယ်မှာ အ ပြည်ပြည်ဆိုင်ရာ လူမှုအဖွဲ့အစည်း‌တွေ၊ ဘယ်အဲန်ဂျီအို‌တွေက လာလုပ်လုပ်တာ ဘာ‌ကြောင့် လာလုပ်တာလဲ။ ပြည်သူ‌တွေအ တွက် သိမြင်တဲ့ ငြိမ်းချမ်း‌ရေး လိုလားချက်‌တွေနဲ့ ကိုက်ညီမှုရှိ၊ မရှိ။ အဲဒါ‌တွေ သုံးသပ်တယ်”ဟု ‌စော‌ကျော်စွာက ‌ပြောဆိုသည်။

ထို့အပြင် ကရင်လူမှုအဖွဲ့အစည်းများ ‌လေ့လာသုံးသပ်၍ ရလာသည့် ရလဒ်များကို စုစည်းကာ သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အ စည်းများကို ‌ပြောဆို‌ဆွေး‌နွေးသွားရန်ရှိ‌ကြောင်းနှင့် ယခုလို အလုပ်ရုံ‌ဆွေး‌နွေးပွဲ လုပ်ခြင်းအားဖြင့် ငြိမ်းချမ်း‌ရေးတည်‌ဆောက် ‌ရေးအတွက် အ‌ထောက်အကူပြုလိမ့်မည်ဟု ယုံကြည်‌ကြောင်း ‌စော‌ကျော်စွာက ဆက်‌ပြောသည်။

အဆိုပါ အလုပ်ရုံ‌ဆွေး‌နွေးပွဲတွင် မြန်မာပြည်တွင်းနှင့် နယ်စပ်ရှိ ကရင်လူမှုအဖွဲ့အစည်းများဖြစ်ကြသည့် (KESAN, KAC)တို့အ ပြင် ကရင်အမျိုးသမီးအစည်းအရုံး(KWO)၊ ကရင်‌ကျောင်းသားများကွန်ရက်အဖွဲ့(KSNG)၊ ကရင်လူငယ်အစည်းအရုံး(KYO)၊ ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့(KEWG) အပါအဝင် အခြားကရင်လူမှုအဖွဲ့အစည်းတို့မှ ကိုယ်စားလှယ်စုစု‌ပေါင်း ၃ဝဦး တက်‌ရောက်ခဲ့ကြသည်။

အလုပ်ရုံ‌ဆွေး‌နွေးပွဲ တက်‌ရောက်သူ ဦးဇင်းအဂ္ဂဝံသက “ဦးဇင်းတို့က ဒီ‌ဆွေး‌နွေးချက်က‌နေ သိရတာ‌တွေ ကရင်ပြည်သူ‌တွေကို ပြန်ရှင်းပြလို့ တက်လာ‌ပေါ့။ ‌နောက်ပြီး အခုလို တက်‌ရောက်လာခြင်းအားဖြင့် ကရင်ပြည်နယ်မှာ ‌ကေအဲန်ယူနဲ့ အစိုးရတို့ ပြု လုပ်တဲ့ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်ချက်‌တွေကိုလည်း သိလာတယ်။ ပြီး‌တော့ ကရင်ပြည်နယ်မှာ ဝင်လာတဲ့ အဖွဲ့အစည်း စီမံကိန်း ‌တွေကိုလည်း သိရတယ်”ဟု ‌ကေအိုင်စီသို့ မြွက်ကြားသည်။

လာမည့်ကာလများ၌လည်း အလားတူ အလုပ်ရုံ‌ဆွေး‌နွေးပွဲကို အလျင်းသင့်သလို ဆက်လက် လုပ်‌ဆောင်သွားရန်ရှိသည်ဟု ယင်းအလုပ်ရုံ‌ဆွေး‌နွေးပွဲ ဦး‌ဆောင်သူများ၏ ‌ပြောပြချက်အရ သိရသည်။