Home သတင်း ၂၉ နှစ်‌မြောက် KWO ‌နေ့တွင် ကရင်ရိုးရာဝတ်စုံပြိုင်ပွဲ ကျင်းပ

၂၉ နှစ်‌မြောက် KWO ‌နေ့တွင် ကရင်ရိုးရာဝတ်စုံပြိုင်ပွဲ ကျင်းပ

2513

ဧပြီ ၅ရက်၊ ၂၀၁၄ခုနှစ်။ ‌စောခါးစူးညား

ယ‌နေ့(ဧပြီ၅ ရက်‌နေ့)ကျ‌ရောက်‌သော ကရင်အမျိုးသားအစည်းအရုံး(KWO)၏ (၂၉)နှစ်‌မြောက်အခမ်း အနားကို ဗဟိုအဆင့်အဖြစ် ထိုင်း-မြန်မာနယ်စပ်တစ်‌နေရာ၌ နံနက် ၉နာရီမှ ‌နေ့လည် ၁နာရီအထိ ပြုလုပ် ပြီး အခမ်းအနားတွင် ကရင်မျိုးနွယ်စုများ၏ ရိုးရာဝတ်စုံ ပြိုင်ပွဲတစ်ရပ် ကျင်းပခဲ့သည်။

လက်ရှိကရင်ဝတ်စုံများကို ‌ခေတ်‌ပေါ်ဝတ်စုံအဖြစ် ပုံစံဒီဇိုင်းအမျိုးမျိုးတီထွင်ကာ ချုပ်လုပ်ဝတ်ဆင်ကြ‌သော် လည်း ယခင်မူလပုံစံကို မ‌မေ့မ‌ပျောက်ကြဘဲ ပြန်လည်ထိန်းသိမ်းကြရန် ရည်ရွယ်၍ ယခုအခမ်းအနားတွင် ကရင့်ရိုးရာဝတ်စုံပြိုင်ပွဲ ကျင်းပရခြင်းဖြစ်သည်ဟု KWO ဥက္ကဌ နန်းဒါးအဲ့ကလယ်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“‌ရှေးယခင်က လက်နဲ့ ယက်လုပ်ပြီး ဝတ်ဆင်ကြတဲ့ ကရင်ရိုးရာဝတ်စုံ‌တွေ ‌ပျောက်ကွယ်မသွား‌အောင်နဲ့ ကရင်ဝတ်စုံတိုင်းမှာ အဓိပ္ပါယ်‌ဖော်‌ဆောင်မှု အသီးသီးရှိတယ်ဆိုတာ ‌ဖော်ပြချင်လို့ ဒီအခမ်းအနားမှာ အခုလို ပြိုင်ပွဲလုပ်ရတာ ဖြစ်ပါတယ်”ဟု နန်းဒါးအဲ့ကလယ်က ‌ပြောဆိုသည်။

KWO ထိပ်ပိုင်း‌ခေါင်း‌ဆောင်နှင့် အဖွဲ့အဝင်များအပါအဝင် အခြားကရင်လူမှုအဖွဲ့အစည်းများ၊ ထိုင်းနိုင်ငံ အ‌ခြေစိုက် ကရင်လူမျိုးများ စုစု‌ပေါင်း လူဦး‌ရေ ၁၅ဝ ‌ကျော် တက်‌ရောက်ခဲ့သည့် ၎င်းအခမ်းအနားတွင် ကရင့်ရိုးရာဝတ်စုံ ဝတ်ဆင်ကာ ဝင်‌ရောက်ယှဉ်ပြိုင်သည့် ဝတ်စုံအမျိုးအစား ၁၂ မျိုးရှိပြီး ယှဉ်ပြိုင်သူများ အ‌နေဖြင့် ဝတ်စုံ၏ အနက်အဓိပ္ပါယ်၊ ဝတ်ဆင်ရသည့်အ‌ကြောင်းအရင်းနှင့်တကွ ရှင်းလင်း‌ပြောဆို၍ ယှဉ်ပြိုင်ရသည်ဟု သိရသည်။

ထို့အပြင် ပြိုင်ပွဲတွင် တစ်ဦးအဖြစ် ‌သော်လည်း‌ကောင်း၊ စုံတွဲအဖြစ် ‌သော်လည်း‌ကောင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြ ပြီး ဝင်‌ရောက်ယှဉ်ပြိုင်သူများကို ပထမ၊ ဒုတိယ၊ တတိယ စသည့် ဆုသုံးခု ‌ရွေးချယ်ကာ ဆုရရှိသူများအား ထိုင်းဘတ်‌ငွေအနည်းငယ်ဖြင့် ဆုချီးမြှင့်ခဲ့ကြ‌ကြောင်း KWO က ဆိုသည်။

စုံတွဲအဖြစ် ဝင်‌ရောက်ယှဉ်ပြိုင်ပြီး ဒုတိယဆု ရရှိခဲ့သည့် ‌စောကွယ်ကလုထူးက “ကျ‌နော်တို့ နှစ်‌ယောက် ဝင်ပြိုင်တာက ‌ခေါင်း‌ဖောင်း၊ ချင်းဖားကွာ(အမျိုးသားဝတ် အကျင်္ီအရှည်)နဲ့ ချင်းမိုဝါး(အမျိုးသမီးဝတ် အကျင်္ီ အဖြူအရှည်)တို့ ဖြစ်ပါတယ်။ ချင်းဖားကွာဆိုတာ ငယ်စဉ်က‌နေ အသက်ကြီးတဲ့အထိ အရွယ်အစားအလိုက် ဝတ်လို့ ရတယ်။ ချင်းမိုဝါးဆိုတာက‌တော့ ဖြူစင်တဲ့ အဓိပ္ပါယ်‌ဆောင်ပြီး အမျိုးသမီး‌တွေ ဝတ်ပါတယ်။ ငယ်စဉ်က‌နေ အပျိုစင်အထိသာ ဝတ်ကြပါတယ်”ဟု ‌ပြောသည်။

ယ‌နေ့ကျ‌ရောက်သည့် ၂၉ နှစ်‌မြောက် KWO ‌နေ့ကို ဗဟိုအပြင် ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်‌မြေရှိ ခရိုင်များနှင့် ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လ၊ မယ်လအူး၊ မယ်ရာမို၊ နိုးဖိုး၊ အုန်းဖျန်းနှင့် အခြား ဒုက္ခသည်စခန်းများတွင် အသီးသီးကျင်းပခဲ့ကြ‌ကြောင်း သိရသည်။

“KWO ‌နေ့မှာ KWO အဖွဲ့ဝင်‌တွေရှိတဲ့ ခရိုင်နဲ့ ဒုက္ခသည်စခန်းတိုင်းမှာ အခမ်းအနားလုပ်ကြပါတယ်။ ‌နောက်ပြီး ပြုလုပ်တဲ့ အခမ်းအနားတိုင်းမှာ မူလက ကရင်‌တွေ ဝတ်ဆင်ခဲ့ကြတဲ့ ကရင်ရိုးရာဝတ်စုံနဲ့ ပတ်သက်ပြီး ‌ဖော်ထုတ်ပြသကြဖို့ ကျမတို့ ညွှန်းကြားထားပါတယ်”ဟု KWO ဥက္ကဌ နန်းအဲ့ကလယ် က ဖြည့်စွက်‌ပြောဆိုသည်။

ယ‌နေ့အခမ်းအနား၌ KWO က တရားစီရင်‌ရေးတွင် အမျိုးသမီးများ ခုခံကာကွယ်ခွင့်ရရှိရန်နှင့် အမျိုးသမီး များ၏ အသံကို ‌လေးစားလိုက်နာရန်၊ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးများ ပိုမိုပူး‌ပေါင်းပါဝင်ခွင့် ရရှိရန် စသည်တို့ကို ‌တောင်းဆိုခဲ့ပြီး အမျိုးသမီးများ၏ အကြမ်းဖက်ခံရမှုဆိုင်ရာ အစီရင်ခံစာတစ်အုပ်ကို လည်း ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

ကရင်အမျိုးသမီးများအတွက် စွမ်းရည်မြှင့်တင်‌ရေးလုပ်ငန်းများ၊ အမျိုးသမီးနှင့် က‌လေးသူငယ် အခွင့်အ‌ရေး ချိုး‌ဖောက်ခံရမှုများ ပ‌ပျောက်‌စေရန်အတွက် လုပ်‌ဆောင်‌ပေး‌နေသည့် ကရင်အမျိုးသမီးအစည်းအရုံး(KWO) ကို ဖားအံခရိုင်အတွင်းရှိ KNU ဌာနချုပ်‌ဟောင်း မာနယ်ပ‌လောတွင် ၁၉၈၅ခုနှစ်က ဖွဲ့စည်းခဲ့သည်။