Home သတင်း သိမ်းယူခံထားရသည့် ‌မြေကို ပြန်လည်လုပ်ကိုင်သူ မူလ‌မြေပိုင်ရှင် တရားစွဲခံရ

သိမ်းယူခံထားရသည့် ‌မြေကို ပြန်လည်လုပ်ကိုင်သူ မူလ‌မြေပိုင်ရှင် တရားစွဲခံရ

1455

ဧပြီ ၁ဝရက်၊ ၂၀၁၄ ခုနှစ်။ ‌စောထွန်းလင်း

ကရင်ပြည်နယ်၊ သံ‌တောင်ကြီးမြို ့နယ်၊ ရွာကြီး‌ကျေးရွာအုပ်စု၊ ကွင်း‌ကျောင်းရွာတွင် သက်ဆိုင်ရာအာဏာပိုင်က ကိုကိုးပင် စိုက်ခင်း စီမံကိန်းအတွက် သိမ်းယူထားသည့် ‌မြေယာများကို လက်ရှိ လုပ်ငန်းလုပ်‌ဆောင်ခြင်း မရှိသဖြင့် မူလ‌မြေပိုင်ရှင်များက ပြန်လည်လုပ်ကိုင်ရာတွင် တရားစွဲဆိုခြင်းခံရ‌ကြောင်း မူလ‌မြေပိုင်ရှင် တစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌မြေဧက‌ပေါင်း ၄၄ ဧကရှိသည့် ၎င်း‌မြေယာသည် လွန်ခဲ့သည့် ၁၃နှစ်ခန့်က သက်ဆိုင်ရာ အာဏာပိုင်များမှ ‌မြေလွတ်‌မြေရိုင်းများဟုဆိုကာ သိမ်းယူခဲ့ပြီး ကိုကိုးပင် စိုက်ခင်း စီမံကိန်းအတွက် အနန္ဒာ ကုမ္ပဏီသို့ လုပ်ပိုင်ခွင့်ပြုထားခြင်းဖြစ်သည်။ သို့‌သော်လည်း အဆိုပါ‌မြေများသည် ဦးစံသိန်း၊ ဦးတင်လှိုင်၊ ဦး‌ဝေလာ၊ ‌စောတင်‌ငွေ၊ ‌စောအယ်ခူးနှင့် ‌စော‌နေဝင်း တို့၏ ဘိုးဘွားပိုင်‌မြေများဖြစ်ပြီး ယခင်က ‌တောင်ယာနှင့် ခြံစိုက်လုပ်ငန်းများ လုပ်ကိုင်ခဲ့သည့် အ‌ထောက်အထား‌ပြေစာများရှိသည်ဟု မူလ‌မြေပိုင်ရှင် ‌စောတင်‌ငွေက ‌ပြောသည်။

“လာသိမ်းတုံးက ‌လျော်‌ကြေးမ‌ပြောနဲ့ အသိ‌တောင် မ‌ပေးဘူး။ သူတို့ လာစိုက်တာ ဖြစ်လည်းမဖြစ်ဘူး။ ကိုကိုး မ‌ပြောနဲ့ အပင်‌တောင် မရှိဘူး။ ကျ‌နော့် ‌မြေလည်းဖြစ် ဘယ်သူမှလည်း မလုပ်‌တော့ ကျ‌နော်က ရာဘာပင်စိုက်ဖို့ ‌တောင်ယာခုတ် လိုက်‌ရော။ သူတို့က ကျ‌နော့်ကို လာတားတာ‌ပေါ့‌နော်။ အခု‌တော့ ပိုင်နက်ကျူးလွန်မှုနဲ ့တရားစွဲခံရတယ်။ အခုလ ၁၁ရက်‌နေ့မှာ ရုံးချိန်းရှိတယ်။ ကိုုယ့်‌မြေနဲ ့ကိုယ် ပြန်တရားဆွဲခံရသလိုဖြစ်‌နေတယ်” ဟု တရားစွဲခံထားရသည့် မူလ‌မြေပိုင်ရှင် ‌စောတင်‌ငွေက ဆိုသည်။

ယခင် စစ်အစိုးရလက်ထက်တွင် အာဏာပိုင်များနှင့် ကုမ္ပဏီများပူး‌ပေါင်းကာ စီမံကိန်းအ‌ကြောင်းပြပြီး သိမ်းယူခဲ့သည့် အဆိုပါ ‌မြေ‌နေရာများသည် ရွာသားများပိုင်ဆိုင်သည့် တရားဝင် အ‌ထောက်အထားများရှိ သည်ကို ‌တွေ့ရသည့်အတွက် ယခုပွင့်လင်းလာသည့် ကာလတွင် မူလပိုင်ရှင်များသို့ ပြန်လုပ်ခွင့် ‌ပေးရမည်ဖြစ်‌ကြောင်း ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ) ‌တောင်ငူခရိုင် ဥက္ကဌ ပဒို‌စောအယ်ဝါးက ‌ပြောသည်။

၎င်းက “ ရွာသား‌တွေက မရှိမဲ့ရှိမဲ့ ဖြစ်‌နေတဲ့ ကာလမှာ ဒီ‌မြေ‌လေးပြန်လုပ်စားဖို့က အခက်အခဲဖြစ်‌နေတယ်။ တရားစွဲ ခံရ၊ အာဏာပိုင်‌တွေရဲ ့ချိန်း‌ခြောက်ခံရ ဖြစ်‌နေ‌တော့ အမှန်တရား‌ဖော်ထုတ်‌ပေးဖို့ တတ်နိုင်သ‌လောက် လုပ်‌ပေးဖို့ တာဝန်ရှိတယ်” ဟု ‌ပြောဆိုသည်။
ယခုဖြစ်စဉ်တွင် ကုမ္ပဏီဘက်ကလည်း လုပ်ပိုင်ခွင့်ရပြီး‌နောက်ပိုင်း ပိုင်ဆိုင်မှုအ‌ထောက်အထားများကို အာဏာပိုင်များနှင့် ပူ‌ပေါင်းကာ ပြုလုပ်ထားသည်ဟု ကြားသိရပြီး လက်ရှိအချိန်တွင် တရားစွဲခံရသည့် ‌မြေပိုင်ရှင်အတွက် ‌ရှေ့‌နေလိုက်‌ပေးရန် စီစဉ်‌နေ‌ကြောင်း သံ‌တောင်ကြီးမြို ့နယ်၊ အမျိုးသားဒီမိုက‌ရေ စီအဖွဲ ့ချုပ် ဥက္ကဌ ‌နော်ခရစ္စထွန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အနန္ဒာ ကုမ္ပဏီသို့ ‌ကေအိုင်စီက ဆက်သွယ်‌မေးမြန်ရန် ကြိုးစားခဲ့‌သော်လည်း အဆက်အသွယ်မရရှိခဲ့‌ပေ။
အဆိုပါ‌မြေ‌နေရာများကို အစိုးရက လွန်ခဲ့သည့် ၂၀၀၁ ခုနှစ်ကတည်းက ကိုကိုးပင်စိုက်ခင်းစီမံကိန်းအတွက် သိမ်းယူစဉ် ‌မြေလွတ်‌မြေရိုင်းများအပါအဝင် တရားဝင်အ‌ထောက်အထား ‌မြေခွန်‌ပြေစာရှိ ပိုင်ရှင်ရှိ ‌မြေများလည်း ပါဝင်သည်ဟု ‌ဒေသခံများထံမှ သိရသည်။