Home သတင်း သမီးက‌လေးရွာဒုက္ခသည်များကို DKBA နယ်‌မြေအတွင်း အ‌ခြေချရန် ကရင်ပြည်နယ်အစိုးရ ခွင့်မပြု

သမီးက‌လေးရွာဒုက္ခသည်များကို DKBA နယ်‌မြေအတွင်း အ‌ခြေချရန် ကရင်ပြည်နယ်အစိုးရ ခွင့်မပြု

1480

ဧပြီ ၃ ရက်၊ ၂၀၁၄ ခုနှစ်။ စဖန်း‌ရှောင်း

‌နေထိုုင်စရာမရှိ ဖြစ်‌နေသည့် လှည်းကူးမြို့နယ် သမီး‌လေး‌ကျေးရွာမှ ဖယ်ရှားခံဒုုက္ခသည်များကိုု ဒီမိုက‌ရေစီ အကျိုးပြုကရင့်တပ်မ‌တော်(DKBA)က ‌နေရာချထား‌ပေးရန် ‌ခေါ်‌ဆောင်သွားရာတွင် ကရင်ပြည်နယ် အစိုုးရ က DKBA နယ်‌မြေထဲသို့ သွား‌ရောက်ခွင့်မပြုဘဲ ဘုရားဖူးအ‌နေဖြင့်သာ ပြည်နယ်အတွင်း ဖြတ်သန်းခွင့်ပြု မည်ဟု ကရင်ပြည်နယ် ဝန်ကြီးချုပ်က ‌ပြောဆိုလိုက်‌ကြောင်း သိရသည်။

ယမန်‌နေ့ည‌နေ ၆ နာရီဝန်းကျင်က ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦး‌ဇော်မင်းနှင့် DKBA ကလို့ထူး‌ဘော ဗျူဟာ မှူး ဗိုလ်မှူးကြီး ‌စောဆန်း‌အောင်တို့ ဖုန်းဖြင့် ဆက်သွယ်‌ပြောဆိုမှုအပြီး ယခုလို ရလဒ်ထွက်‌ပေါ်လာခြင်းဖြစ် ‌ကြောင်း ဗိုလ်မှူးကြီး ‌စောဆန်း‌အောင်နှင့်အတူ လိုက်ပါသွားသည့် DKBA မှ ဗိုလ်မှူး‌စောဇာနည်စိုးက ‌ပြောသည်။

“ပြည်နယ်ဝန်ကြီးချုပ်က ဘုရားဖူးသွားရင်သွားပါတဲ့၊ ၂ ရက် ၃ ရက်‌လောက်‌ပေါ့။ လိုအပ်တာရှိရင်လည်း ကူညီမယ်တဲ့။ ဆိုလိုတာက ဘုရားဖူးသွားရင် ခွင့်ပြုမယ်။ ကျ‌နော်တို့ဆီမှာ လိုက်‌နေဖို့ဆိုရင် ကရင်ပြည်နယ် အစိုးရအ‌နေနဲ့ ခွင့်မပြုဘူးလို့ ‌ပြောပါတယ်”ဟု ဗိုလ်မှူး‌စောဇာနည်စိုးက ‌ပြောသည်။

DKBA ‌နေရာချထား‌ပေးမည့်‌နေရာသို့ လိုက်ပါသွားသည့် သမီးက‌လေး‌ကျေးရွာအပါအဝင် ‌ဒေါ်ကာလီ ‌ကျေးရွာ၊ အင်းမတီး‌ကျေးရွာမှ လူဦး‌ရေ ၂၀၁ ‌ယောက်အားဆယ်ဘီးကား ၄ စီးနှင့် ပို့‌ဆောင်သည့် ကားငယ် ၅စီး စုစု‌ပေါင်းကား ၉ စီးဖြင့် ယ‌နေ့ နံနက်‌စော‌စောပိုုင်းက လှည်းကူးမြို့နယ်မှ ထွက်ခွာခဲ့ ပြီး‌နောက် မွန်ပြည်နယ်-ကရင်ပြည်နယ် အစပ် ဒုံသမိတံတားအ‌ရောက်တွင် ထိုသို့ အတားဆီးခံရခြင်းဖြစ်သည်။

ထို‌နေ့ ‌နေ့လည် ၁၂နာရီ‌ကျော်မှ တားဆီးခံထားရပြီး‌နောက် မွန်းလွဲ၄ နာရီအချိန်တွင် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ‌အောင်လွင်က ဗိုလ်မှူးကြီး‌စောဆန်း‌အောင်ထံသို့ ဖုန်းဆက်ကာ ‌ရှေ့ဆက်မသွားရန် ဖုန်းဖြင့် ဆက်သွယ်‌ပြောဆိုခဲ့ပြီး ရဲနှင့် တပ်အင်အား ၈ဝ ခန့်မှ သံဆူးကြိုး အတားအဆီးများချကာ‌ရှေ့မဆက်နိုင်ရန် ထပ်မံတားမြစ်ခဲ့သည်။

ဗိုလ်မှူးကြီး‌စောဆန်း‌အောင်က “ဘာ‌ကြောင့်ပိတ်လဲ ကရင်ပြည်နယ် အုပ်ချုပ်‌ရေးမှုးက ဒုက္ခသည်‌တွေ လာတာကို ကရင်ပြည်နယ်ကို အ‌ကြောင်းကြားခြင်းမရှိတဲ့အတွက်‌ကြောင့် တားဆီးတာလို့ သိရတယ်။ ကျ‌နော်တို့လည်း ဆန္ဒပြတာမှ မဟုတ်ပဲဗျ”ဟု ‌ပြောသည်။

၆ နာရီဝန်း‌ကျော်ကြာ တားဆီးမှုဖြစ်ပွားခဲ့ပြီး‌နောက် ည‌နေ ၆ နာရီ၁၅ မိနစ် အချိန်ခန့်တွင် ဒုံသမိတံတားကို ဖြတ်သန်းခွင့်ပြုလိုက်ပြီး ကရင်ပြည်နယ်ထဲသို့ ဖြတ်သန်းခွင့် လုံးဝခွင့်မပြု‌ကြောင်းနှင့် မွန်ပြည်နယ် အတွင်းဖြတ်သွားမည်ဆိုပါက နယ်လုံဝန်ကြီးက ဖြတ်သွားခွင့်ပြု‌ကြောင်း လိုက်ပါသွားသူတစ်ဦးက ယခုလို‌ပြောသည်။

“ဒုံသမိ‌ကျေးရွာက‌နေပြီး‌တော့ ဖြတ်ခွင့်‌ပေးလိုက်တယ်။ ဒါ‌ပေမယ့် ကရင်ပြည်နယ်ထဲကို‌တော့ ‌ပေးမဝင်ဘူး။ တံတားကို ဖြတ်သွား‌ပေမယ့် ကရင်ပြည်နယ်ထဲကို လုံးဝ‌ပေးမဝင်ဘဲ ‌မော်လမြိုင် ကျိုက်က္ခမီဘက်ကို သွားခိုင်းတယ်။ မွန်ပြည်နယ်၊ နယ်လုံက ဝင်ခွင့်‌ပေးတယ်”ဟု ‌ပြောသည်။

‌ရွှေ့‌ပြောင်းအ‌ခြေချသူတဦးဖြစ်သည့် ‌ဒေါ်ကာလီ‌ကျေးရွာမှ အသက် ၆၅ နှစ်အရွယ် ဦးဝင်းရှိန်က “ရန်ကုန် တိုင်းထဲမှာ အဖျက်ခံရတယ်။ အဲဒီက‌နေ တစ်‌နေရာနှင်ထုတ်တယ်။ ‌နောက်ထပ်တစ်‌နေရာ‌ပြောင်းပြန်‌တော့ ‌နောက်ထပ် နှင်ထုတ်တယ်။ ကျ‌နော်တို့မှာ ‌နေစရာမရှိတဲ့အတွက် DKBA က‌နေပြီး‌တော့ ကူညီပါ့မယ်ဆိုလို့ ကူညီ‌ပေးမယ့် ‌နောက်ကိုလိုက်ရတာပါ။ ဖျက်ဆီးတဲ့ အချိန်က‌နေစပြီး ၂ လပြည့်တဲ့အချိန်အထိ နိုင်ငံ‌တော်က ကူညီပံ့ပိုးတာဘာမှ မရှိပါဘူး”ဟု ‌ပြောသည်။

တာဆီးခံ‌နေရ‌သော‌ကျေးရွာသားများထဲတွင် သက်ကြီးရွယ်အိုများ၊ က‌လေးငယ်များ၊ ကိုယ်ဝန်‌ဆောင်များ ပါဝင်ပြီး ထမင်းမစားရ‌သေးပဲ‌နေပူဒဏ်‌ကြောင့် မူး‌ဝေ‌အော့အန်မှုများလည်း ခံစား‌နေရပြီး အနီးအနား ‌ကျေးရွာမှ အချိုရည်ဗူး၊ ‌ရေသန့်ဗူးနှင့် ‌ဆေးဝါးများယူလာ‌ပေး‌ကြောင်း ယာယီဖွဲ့စည်းထားသည့် သမီးက‌လေး‌ကျေးရွာကူညီကယ်‌ရေးအဖွဲ့ (မြန်မာ့လူမှုဘဝ တိုးတက်မြင့်မား‌ရေးအသင်း)မှ ဦး‌ဇော်ဝင်းက ‌ပြောသည်။

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှ သမီးက‌လေးရွာသားများဆုံးပါဝင်သည့် DKBA နှင့်အတူ လိုက်ပါလာ ‌သော ဒုက္ခသည်ရွာသားများသည် ပြီးခဲ့တဲ့ ‌ဖေ‌ဖော်ဝါရီလဆန်းပိုင်းက ၎င်းတို့အ‌ခြေချ‌နေထိုင်ရာ‌နေရာရှိ အိမ်များကို အစိုးရ တာဝန်ရှိသူများက သွား‌ရောက်ပြိုဖျက်ခဲ့ခြင်းဖြစ်သည်။