Home သတင်း မျိုးဆက်သစ်လူငယ်များကို လက်တွဲ‌ခေါ်မည်ဟု ဘာသာ‌ပေါင်းစုံ ချစ်ကြည်ညီညွတ်‌ရေးအဖွဲ့က ‌ပြောဆို

မျိုးဆက်သစ်လူငယ်များကို လက်တွဲ‌ခေါ်မည်ဟု ဘာသာ‌ပေါင်းစုံ ချစ်ကြည်ညီညွတ်‌ရေးအဖွဲ့က ‌ပြောဆို

1390

ဧပြီ ၄ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း

ကရင်ပြည်နယ် ဘာသာ‌ပေါင်းစုံ ချစ်ကြည်ညီညွတ်‌ရေးအဖွဲ့က ၎င်းတို့အဖွဲ့ထဲတွင် ဘာသာစုံမှ မျိုးဆက်သစ် လူငယ်များ ပါဝင်လာနိုင်‌ရေးအတွက် လုပ်‌ဆောင်သွားမည်ဟု ဧပြီ ၁ရက်‌နေ့က ကရင်ပြည်နယ် ဖားအံမြို့၊ သု‌မေဓာရာမ ကြား‌တောရ‌ကျောင်း၌ ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးတွင် ‌ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံရှိ မတူညီသည့် ဘာသာဝင်များအချင်းချင်း အပြန်အလှန်‌လေးစားမှုရရှိမှသာ တည်ငြိမ်‌အေးချမ်း သည့် နိုင်ငံဖြစ်လာမည်ဖြစ်သည့်အတွက် ကရင်ပြည်နယ်ဘာသာ‌ပေါင်းစုံ ချစ်ကြည်ညီညွတ်‌ရေးအဖွဲ့တွင် လူငယ်များကို လက်တွဲ‌ခေါ်‌ဆောင်ရန် လိုအပ်သည်ဟု ယင်းအဖွဲ့၏ နာယက ဆရာ‌တော်တစ်ပါးဖြစ်သူ သု‌မေဓာရာမကြား‌တောရ ဆရာ‌တော် ဦးစန္ဒာဝရက ‌ကေအိုင်စီသို့ မြွက်ကြားသည်။

“ဦးဇင်းတို့ ဘာသာ‌ပေါင်းစုံ ချစ်ကြည်ညီညွတ်‌ရေးအဖွဲ့မှာ လူငယ်‌တွေ လိုက်မပါလာ‌သေးတာ ‌တွေ့ရတယ်။ လူကြီး‌တွေပဲ ညီညွတ်ရုံနဲ့ မပြီး‌သေးဘူး။ မျိုးဆက်သစ်လူငယ်‌တွေ ဘာသာအလိုက် ပါဝင်လာဖို့ အ‌ရေးကြီး တယ်”ဟု ဦးစန္ဒာဝရက မြွက်ကြားသည်။

၎င်းလုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးတွင် ကရင်ပြည်နယ် ဘာသာ‌ပေါင်းစုံ ချစ်ကြည်ညီညွတ်‌ရေးအဖွဲ့တွင် ဦး‌ဆောင်ပါသည့် သု‌မေဓာရာမ ကြား‌တောရ ဆရာ‌တော် ဦးစန္ဒာဝရ၊ ခရစ်ယာန် အသင်းအုပ်ဆရာ ‌စောလှ ကြည်၊ အစ္စလာမ်ဘာသာ‌ရေး‌ခေါင်း‌ဆောင် ဟာဂျီ ဦး‌အေးမြ တို့အပါအဝင် ဘာသာ‌ပေါင်းစုံကိုယ်စားလှယ် ၃၄ ဦးတက်‌ရောက်ခဲ့ကြ‌ကြောင်း သိရသည်။

အစည်းအ‌ဝေးတက်‌ရောက်ခဲ့သည့် ကရင်ပြည်နယ်ဘာသာ‌ပေါင်းစုံချစ်ကြည်ညီညွတ်‌ရေး နာယကလည်းဖြစ် အသင်းအုပ်ဆရာလည်းဖြစ်သည့် ‌စောလှကြည်က မိမိဘာသာဝင် အချင်းချင်းစည်းလုံးညီညွတ်ပြီး အခြား ဘာသာများကိုလည်း အပြန်အလှန် ‌လေးစားမှု၊ ‌မေတ္တာများထားရှိပါက ငြိမ်းချမ်း‌ရေး ရရှိမည်ဖြစ်သကဲ့သို့ လူငယ်နှင့် လူကြီး‌ပေါင်းစည်းလိုက်ခြင်းအားဖြင့် ‌အောင်မြင်မှု ရလဒ်တစ်ခုခု ‌ဖော်‌ဆောင်နိုင်လိမ့်ဟု ယုံကြည်‌ကြောင်း ယခုလို ‌ပြောဆိုသည်။

‌စောလှကြည်က “အခု‌ခေတ်လူ‌တွေဟာ ခွန်အားဉာဏ်အား‌တွေရှိပြီး အမြင်အကြားအာရုံ‌တွေက အမြဲ ရှင်သန်‌နေတယ်‌လေ။ လူကြီးဆိုတာက အ‌တွေ့အကြုံရှိတယ်။ ကြားဖူးနာဝရှိတယ်။ ကျ‌နော်တို့ လူငယ်‌တွေကို လက်တွဲ‌ခေါ်‌ဆောင်နိုင်ရင် လိုချင်တဲ့ ရလဒ်‌ကောင်း ရနိုင်မယ်လို့ ယူဆတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ၎င်းလုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးတွင် ဘာသာ‌ပေါင်းစုံလူငယ်ဖွဲ့ပြီး သက်ဆိုင်ရာ ဘာသာ‌ရေး အ‌ဆောက်အဦးတို့သို့ အလှည့်ကျ သန့်ရှင်း‌ရေးပြုလုပ်ခြင်း၊ ပိုမိုချစ်ကြည်ရင်းနှီးမှုရရှိရန် အချင်းချင်း အမြင်ဖလှယ်ကြခြင်းနှင့် အဖွဲ့၏ ရန်ပုံ‌ငွေ ထားရှိရန် အကြုံပြုတင်ပြခြင်း စသည်တို့ ‌ဆွေး‌နွေးခဲ့ကြသည်ဟု ကရင်ပြည်နယ်ဘာသာ‌ပေါင်းစုံညီညွတ်‌ရေးအဖွဲ့၏ ပြည်နယ်အတွင်း‌ရေးမှူး ဟာဂျီ ဦး‌အေးမြက ‌ပြောသည်။

တဆက်တည်းမှာပင် လက်ရှိ မြန်မာ့နိုင်ငံ‌ရေးအ‌ခြေ‌နေများ၊ သန်း‌ခေါင်းစာရင်း ‌ကောက်ခံသည့် ကိစ္စရပ်များနှင့် လူမှု‌ရေးအ‌ခြေအ‌နေများကိုလည်း ထိုအစည်းအ‌ဝေးတွင် ‌ဆွေး‌နွေးတိုင်ပင်ခဲ့ကြသည်ဟု သိရသည်။

ကရင်ပြည်နယ်ဘာသာ‌ပေါင်းစုံညီညွတ်‌ရေးအဖွဲ့ကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်‌နေ့၌ ဖားအံမြို့တွင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာနှင့် အစ္စလာန်ဘာသာ စသည့် ဘာသာဝင်များပါဝင်‌သော ‌ကော်မတီဝင် ၃၁ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး လက်ရှိ အဖွဲ့၏ ဥက္ကဌမှာ ဦး‌ကျော်ကြီးဖြစ်သည်။ ၎င်းတို့အဖွဲ့သည် တစ်လလျှင် တစ်ကြိမ် ပုံမှန်အစည်းအ‌ဝေး ပြုလုပ်လျှက်ရှိ‌ကြောင်း သိရသည်။