Home သတင်း မိကရင်ဘိလပ်‌မြေစက်ရုံကိစ္စ ‌ဒေသခံဆန္ဒအဓိကဟု ‌ကေအဲန်ယူခရိုင်အဆင့် ‌ပြောဆို

မိကရင်ဘိလပ်‌မြေစက်ရုံကိစ္စ ‌ဒေသခံဆန္ဒအဓိကဟု ‌ကေအဲန်ယူခရိုင်အဆင့် ‌ပြောဆို

1455

ဧပြီ ၃ဝရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း၊ နန်း‌ချောင်‌ဖော့

ကရင်ပြည်နယ်၊ ဖားအံမြို့နယ် မိကရင်‌ကျေးရွာအနီး၌ရှိ‌သော ‌ကော့ဖျန်‌တောင်ကို Myanmar Ji Dong Cement ကုမ္ပဏီ လီမိ တက်မှ ဘိလပ်‌မြေစက်ရုံ တည်‌ဆောက်ရန်မှာ ‌ဒေသခံများ၏ ဆန္ဒသာ အဓိကဖြစ်‌ကြောင်း ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ) သထုံခရိုင်က ဧပြီ ၂၈ရက်‌နေ့တွင် ‌ဒေသခံများနှင့် ‌တွေ့ဆုံပွဲ၌ ‌ပြောကြားခဲ့သည်။

‌ကေအဲန်ယူ သထုံခရိုင် ဆက်ဆံ‌ရေးရုံးတာဝန်ခံ ပဒို‌စော‌ကျော်မြင့်က “ကိုယ့်အမျိုးသား‌ရေးအတွက် တကယ်မှန်မှန်ကန်ကန် အကျိုးရှိမယ်ဆိုရင်‌တော့ ကျ‌နော်တို့က‌တော့ ခွင့်ပြုသင့်ရင်ခွင့်ပြုမယ်။ အဲဒါက‌တော့ ကျ‌နော်တို့ရဲ့သ‌ဘောထားဖြစ်တယ်။ ဒါ ‌ကြောင့် ဒီ‌နေ့ ကျ‌နော်တို့ဟာ ‌ဒေသခံ‌တွေနဲ့ လာ‌ရောက်‌တွေ့ဆုံတာဖြစ်တယ်။ ပြည်သူ့သ‌ဘောထားကို တင်ပြကြပါ” ဟု ‌ကေ အိုင်စီသို့ ‌ပြောသည်။

မိကရင်ဘုန်း‌တော်ကြီး‌ကျောင်းဓမ္မာရုံ၌ ပြုလုပ်ခဲ့သည့် ယင်း‌တွေ့ဆုံပွဲတွင် ကရင်ပြည်နယ်ရှိ လမ်းပန်းနှင့်ဆက်သွယ်‌ရေးဝန်ကြီး ‌စောခင်‌မောင်မြင့်၊ သတ္တုနှင့် သစ်‌တောဝန်ကြီး ‌စောဆာ‌လော်လား၊ စက်မှုနှင့် လျှပ်စစ်ဝန်ကြီး ‌စောကြည်လင်း၊ ‌ကေအဲန်ယူ တပ် မဟာ(၁)မှ သထုံခရိုင် ဆက်ဆံ‌ရေးရုံးတာဝန်ခံ ပဒို‌စော‌ကျော်မြင့်၊ ခရိုင်စည်းရုံး‌ရေးတာဝန်ခံ ဗိုလ်မှူး‌စောအိသာ့၊ ဖားအံမြို့နယ် ဥက္ကဌ ပဒို‌စောနုယဉ်၊ Myanmar Ji Dong Cement ကုမ္ပဏီ လီမိတက်မှ မန်း‌နေဂျင်း ဒါရိုက်တာ ဦးစိုင်းမျိုးဝင်းနှင့် ‌ဒေသခံများ စုစု‌ပေါင်း ၁,၀၀ဝ ‌ကျော် တက်‌ရောက်ကြသည်။
DSC00718 mikayin meeting
‌ဆွေး‌နွေးပွဲ တက်‌ရောက်သူ ‌ဒေသခံနန်းမူးမူးက “ကျမတို့ရွာက ဓမ္မာရုံဟာဆိုရင် ကျမတို့ဟာ ကျမတို့ကပဲ ‌ဆောက်လုပ်လှူဒါန်း တယ်။ ဘယ်ကုမ္ပဏီ လာ‌ဆောက်‌ပေးတာမဟုတ်ဘူး။ လမ်း‌တွေလည်း ကျမတို့ ‌ဖောက်တယ်။ အခုဒီ‌တောင်ဟာ ကျမတို့ ဘိုးဘွားလက်ထက်ကတည်းက ရှိခဲ့တဲ့အတွက် ထိမ်းသိန်း ဖို့ ကရင်လူမျိုးအားလုံးရဲ့ တာဝန်ပါ။ သစ်ပင်ကို ခုတ်မယ်ဆိုရင် အသစ်ပြန် စိုက်လို့ရတယ်။ အဲဒီ‌တောင်ကို ဖြိုမယ်ဆိုလို့ရှိရင် ပြန်မ‌ပေါက်လာနိုင်‌တော့ဘူး။ ဒါ‌ကြောင့် ကန့်ကွက်တာ ဖြစ်တယ်”ဟု ‌ပြောသည်။

ထို့အပြင် ၎င်းရှင်းလင်းပွဲတွင် မန်း‌နေဂျင်း ဒါရိုက်တာ ဦးစိုင်းမျိုးဝင်းက ၎င်းတို့ကုမ္ပဏီက ‌နောက်ဆုံး‌ပေါ် နည်းပညာနှင့် သဘာဝ ပတ်ဝန်းကျင် မထိခိုက်‌အောင် လုပ်‌ဆောင်‌နေသည့် ဓါတ်ပုံများကို Projector ဖြင့် ပြသခဲ့‌သော်လည်း တက်‌ရောက်လာသည့် ‌ဒေသခံအများစုက အယုံအကြည်မရှိ‌ကြောင်း ကန့်ကွက် ‌ထောက်ပြ‌ပြောဆိုခဲ့ကြ‌ကြောင်း သိရသည်။

မိကရင်စက်ရုံတည်‌ဆောက်မည့်ကိစ္စနှင့် ပတ်သက်၍ ကရင်ပြည်နယ်အစိုးရဝန်ကြီးများက တက်‌ရောက်ရာ တွင် ၎င်းတို့အ‌နေနှင့် ‌ဒေသခံပြည်သူများ၏ ဆန္ဒကို ‌မေးမြန်းစုံစမ်းလာ‌ရောက်ခြင်းဖြစ်ပြီး ‌ဒေသခံများ၏ ဆန္ဒမပါဘဲ ပြည်သူမကြိုက်သည့် လုပ်ငန်းများ ကို မလုပ်‌ကြောင်း လမ်းပန်းနှင့် ဆက်သွယ်ဝန်ကြီး ‌စောခင်‌မောင်မြင့်က ‌ဆွေး‌နွေးပွဲတွင် ‌ပြောကြားခဲ့သည်။

မြန်မာပြည်တွင်းအ‌ခြေစိုက် Myanmar Ji Dong Cement ကုမ္ပဏီသည် မိကရင်‌ကျေးရွာအနီးတွင် ဘိလပ်‌မြေစက်ရုံသစ် တည် ‌ဆောက်ရန် ‌ကေအဲန်ယူ တပ်မဟာ(၁)နှင့် ပြီးခဲ့သည့် ဇန်နဝါရီလက အကြိုပဏာမ သ‌ဘောတူညီမှု ရရှိပြီး‌နောက် ယခုလို ‌ဒေသ ခံများအား လာ‌ရောက်‌တွေ့ဆုံခဲ့ခြင်းဖြစ်သည်။