Home သတင်း ကရင်အမျိုးသားပါတီတည်‌ထောင်ရန် ဦး‌ဆောင်သူ ၁၅ဦး ‌ရွေးချယ်

ကရင်အမျိုးသားပါတီတည်‌ထောင်ရန် ဦး‌ဆောင်သူ ၁၅ဦး ‌ရွေးချယ်

1692

ဧပြီ ၂၉ရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း

‘ကရင်အမျိုးသားပါတီ’အမည်ရှိ ပါတီတစ်ခုကို တည်‌ထောင်ရန် ဦး‌ဆောင်သူ ၁၅ဦးကို ဧပြီ ၂၇ရက်‌နေ့က ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ်၊ ‌ပေ‌တော‌ကျေးရွာ၌ ပြုလုပ်သည့် ပါတီတည်‌ထောင်‌ရေးလူထု‌တွေ့ဆုံပွဲတွင် ‌ရွေးချယ်လိုက်ပြီဖြစ်‌ကြောင်း ပါတီဖြစ်‌မြောက်‌ရေးအတွက် ဦး‌ဆောင်လုပ်ကိုင်‌နေသူများက ‌ပြောသည်။

ယင်းသို့ ‌ရွေးချယ်လိုက်သည့် ၁၅ဦးမှာ ရန်ကုန်တိုင်း‌ဒေသကြီးမှ မန်းသိန်း‌ရွှေ၊ မန်း‌ကျော်ငြိမ်း၊ မန်းမင်းရဲ‌ထွေး၊ နန့်ရှူ‌အေးခလိန်၊ ဧရာဝတီတိုင်း‌ဒေသကြီး ပန်းတ‌နော်မြို့နယ်မှ ဆရာ‌စောဂျိုးဇက်၊ မန်းထိန်ဝင်း‌မောင်၊ မန်းထိန်ဝင်းစိန်၊ ‌ကျောင်းကုန်းမြို့နယ်မှ မန်းဝင်း‌ဌေး၊ မန်းအုန်း‌မောင်၊ အိမ်မဲမြို့နယ်မှ မန်း‌အောင်မြင့်၊ မန်း‌အောင်ဖုန်းဟန်၊ ဝါးခယ်မမြို့နယ်မှ မန်း‌အေးခိုင်၊ မန်း‌ကျော် ‌အေး၊ ပဲခူးမြို့နယ်မှ ‌စောက‌ပေါ်မူးနှင့် တွံ‌တေးမြို့နယ်မှ နန့်ခွာညိုတို့ဖြစ်‌ကြောင်း သိရသည်။

“‌ရွေး‌ကောက်ပွဲ‌ကော်မရှင်မှာ ပါတီတည်‌ထောင်ခွင့်‌လျှောက်ထားဖို ့လိုအပ်တဲ့ တည်‌ထောင်လိုသူ ၁၅ဦးကို ‌ရွေးလိုက်တာပါ။ တည်‌ထောင်ခွင့်ရရင် ဆက်လက်ပြီး‌တော့ ပါတီ ဥက္ကဌတို့၊ ဗဟို အလုပ်မှု‌ဆောင်ဖွဲ့တာ‌တွေ၊ ပါတီဝင်အင်အား စု‌ဆောင်းတာ‌တွေ ဆက်လုပ်သွားမှာပါ”ဟု ပါတီဖြစ်‌မြောက်‌ရေး ဦ‌ဆောင်သူတစ်ဦးဖြစ်သည့် မန်း‌ကျော်ငြိမ်းက ‌ကေအိုင်စီသို ့‌ပြောသည်။

ပါတီထူ‌ထောင်‌ရေးအတွက် စိတ်ဝင်စားသူ ၂၀၀‌ကျော် တက်‌ရောက်သည့် ပါတီတည်‌ထောင်‌ရေး လူထု‌တွေ့ဆုံပွဲ၌ အသစ်‌ရွေး ချယ်လိုက်‌သော ပါတီကို ဦး‌ဆောင်မည့် ‌ခေါင်း‌ဆောင်များအ‌နေဖြင့် လာမည့် ‌မေလတွင် ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ ‌ကော်မရှင် သို့ ပါတီတည်‌ထောင်ခွင့် သွား‌ရောက်‌လျှောက်ထားမည်ဖြစ်သသို အဆိုပါ‌တွေ့ဆုံပွဲတွင် ပါတီအလံ၊ ပါတီအမှတ်တံဆိပ်တို့ကို လည်း သတ်မှတ် အတည်ပြုနိုင်ခဲ့သည်ဟု သိရသည်။

ယခု ထူ‌ထောင်မည့်ပါတီသည် ကရင်အမျိုးသားတန်းတူ‌ရေး၊ ကိုယ်ပိုင်ပြဠာန်းခွင့်ရ‌ရေး၊ အခြားတိုင်းရင်းသားများနှင့် လက်တွဲ ကာ စစ်မှန်သည့် ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်‌ထောင်စု ‌ပေါ်ထွန်း‌ရေး၊ ကရင်လူထုနစ်နာ ဆုံးရှုံးမှုများကို ကာကွယ်‌ပေးပြီး မိမိ ရပိုင်ခွင့်များ ‌တောင်းဆို‌ရေး စသည့်ရည်ရွယ်ချက်များဖြင့် တည်‌ထောင်ရခြင်းဖြစ်‌ကြောင်း ဦး‌ဆောင်သူ မန်းမင်းရဲ‌ထွေးက ‌ကေ အိုင်စီသို့ ‌ပြောဆိုသည်။

ကရင်အမျိုးသားပါတီ(Karen National Party-KNP) တည်‌ထောင်ရန်အတွက် ယခုနှစ်ဆန်းပိုင်းမှ လက်ရှိအချိန်ထိ ရန်ကုန်၊ ပန်းတ‌နော်၊ ‌ကျောင်းကုန်း၊ အိမ်မဲနှင့် ဝါးခယ်မမြို့နယ်များတွင် ပါတီဖြစ်‌မြောက်‌ရေး‌ကော်မတီ အစည်းအ‌ဝေးနှင့် လူထု‌တွေ့ဆုံပွဲ များ ကျင်းပခဲ့ပြီးဖြစ်‌ကြောင်း သိရသည်။