Home သတင်း NCCT က တနိုင်ငံလုံး အပစ်ရပ်ရန် မူကြမ်း‌ရေးဆွဲ‌ရေး‌ကော်မတီ ဖွဲ့စည်း

NCCT က တနိုင်ငံလုံး အပစ်ရပ်ရန် မူကြမ်း‌ရေးဆွဲ‌ရေး‌ကော်မတီ ဖွဲ့စည်း

1899

မတ်လ ၂၁ရက်၊ ၂၀၁၄ခုနှစ်။ ‌ကေအိုင်စီ

တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့များ၏ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာ ညှိနှိုင်း‌ရေးအဖွဲ့(NCCT)တို့က အဖွဲ့ဝင်ကိုယ်စားလှယ်‌ခေါင်း‌ဆောင် ၉ဦး ပါဝင်သည့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေး လက်မှတ်ထိုး‌ရေးစာချုပ် မူကြမ်း‌ရေးဆွဲ ‌ရေး‌ကော်မတီတစ်ခုကို ‌ရွေးချယ်တာဝန်‌ပေးအပ်လိုက်သည်။

မတ်လ ၁၉ရက်မှ ၂ဝရက်‌နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်‌သော NCCT အဖွဲ့ဝင် ၁၆ဖွဲ့မှ ကိုယ်စားလှယ် ၁ဝဦး‌ကျော် တက်‌ရောက်ခဲ့ကြသည့် ‌ဆွေး‌နွေးပွဲတွင် ယင်းမူကြမ်း‌ရေးဆွဲ‌ရေး‌ကော်မတီကို ဖွဲ့စည်းခဲ့ပြီး အဖွဲ့‌ခေါင်း‌ဆောင်အဖြစ် ကရင်အမျိုး သားအစည်းအရုံး(KNU) အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်းအား ‌ရွေးချယ်ခဲ့သည်။

မူကြမ်း‌ရေးဆွဲ‌ရေး အဖွဲ့‌ခေါင်း‌ဆောင်အဖြစ် ‌ရွေးချယ်ခံရသူ ပဒို‌စောကွယ်ထူးဝင်းက “ဒီ‌ဆွေး‌နွေးပွဲမှာ ကျ‌နော်တို့‌တွေ တစ်ပြည် လုံး အပစ်ခတ်ရပ်စဲ‌ရေး သ‌ဘောတူညီချက် မူကြမ်း‌ရေးဖို့ ‌ဆွေး‌နွေးကြတဲ့အခါ ကြီးကြပ်မယ့် ‌ခေါင်း‌ဆောင်‌တွေကို ‌ရွေးချယ် တယ်။ ကျ‌နော်တို့ ‌ရေးဆွဲသွားမယ့် မူကြမ်းဟာ အစိုးရနဲ့ တစ်ပြည်လုံး အပစ်ရပ်‌ရေးလက်မှတ်ထိုးဖို့ ကြိုတင်ပြင်ဆင်တဲ့အ‌နေနဲ့ ပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မူကြမ်း‌ရေးဆွဲ‌ရေး‌ကော်မတီတွင် NCCT အဖွဲ့ဝင်ထဲမှ ပဒို‌စောကွယ်ထူးဝင်း၊ မွန်ပြည်သစ်ပါတီ(NMSP) ဒုဥက္ကဌ နိုင်ဟံသာ၊ ကချင်လွတ်‌မြောက်‌ရေးတပ်မ‌တော်(KIA)မှ ဗိုလ်ချုပ်ဂွမ်‌မော်၊ ပအိုဝ်းအမျိုးသားလွတ်‌မြောက်‌ရေးအဖွဲ့ (PNLO)နာယက ဗိုလ်မှူး ကြီးခွန်ဥက္ကာ၊ ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ(KNPP) အတွင်း‌ရေးမှူး(၂) ‌ရွှေမျိုးသန့်၊ ချင်းအမျိုးသားတပ်ဦး (CNF)မှ ‌ဒေါက်တာလျန်မှုန်းဆာ‌ခေါင် အပါအဝင် စုစု‌ပေါင်း ‌ခေါင်း‌ဆောင် ၉ဦးပါဝင်‌ကြောင်း သိရသည်။

“အခုကျ‌နော်တို့ မူကြမ်း‌ရေးဆွဲ‌ရေးအဖွဲ့က အရင်ကလို မဟုတ်ဘဲ အဖွဲ့‌ခေါင်း‌ဆောင်တစ်‌ယောက်ပဲ ထား‌တော့တယ်။ ဘာဖြစ်လဲ ဆိုရင် အလုပ်ဖြစ်ဖို့ပဲ အ‌ရေးကြီးတယ်‌လေ။ ကိုယ်စားပြုမှု‌တော့ အား‌ကောင်းရမှာ‌ပေါ့”ဟု မူကြမ်း‌ရေးဆွဲ‌ရေး‌ကော်မတီဝင်တစ်ဦး ဖြစ်သူ ခွန်ဥက္ကာက ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

NCCT နှင့် အစိုးရ၏ မြန်မာငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးအဖွဲ့တို့သည် မတ်လ ၉ရက်‌နေ့က ရန်ကုန်မြို့တွင် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးစာချုပ် လက်မှတ်‌ရေးထိုးနိုင်‌ရေးအတွက် ရည်ရွယ်၍ တစ်ဖက်လျှင် ကိုယ်စားလှယ် ၉ဦးစီ ပါဝင်သည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်‌ရေးစာချုပ် ပူးတွဲ‌ရေးဆွဲ‌ရေး‌ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့သည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်‌ရေးစာချုပ် ပူးတွဲ‌ရေးဆွဲ‌ရေး‌ကော်မတီသည် NCCT နှင့် မြန်မာငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးအဖွဲ့တို့ က အပစ်ရပ်‌ရေးဆိုင်ရာ စာချုပ်မူကြမ်းကို ကိုယ်စီ ‌ရေးဆွဲပြီး‌မြောက်သည့်အခါ ‌ဆွေး‌နွေးညှိနှိုင်းမှုများပြုပြီး နှစ်ဖက် လက်ခံနိုင် သည့်အချက်များကို အ‌ချောအဖြစ် ပူးတွဲ‌ရေးဆွဲသွားမည်ဖြစ်‌ကြောင်း NCCT က ဆိုသည်။

NCCT ၏ မူကြမ်း‌ရေးဆွဲ‌ရေး‌ကော်မတီသည် ယခုနှစ် ဇန်နဝါရီလကုန်ပိုင်းက ‌ကေအဲန်ယူနယ်‌မြေတွင် ကျင်းပခဲ့‌သော ‌လော်ခီး လာကွန်ဖရင့်က သ‌ဘောတူထားသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာ စာချုပ်ပါ အချက်အလက်များကို အ‌ခြေခံ၍ ‌ရေးဆွဲမည်ဖြစ်‌ကြောင်း သိရသည်။